ပြီးခဲ့သည့်လက ရှန်ဟိုင်းကြိုပွိုင့်အိမ်ဈေးကွက် တစ်စုံတစ်ရာမြင့်တက်ခဲ့

ပြီးခဲ့သည့်လက ရှန်ဟိုင်းကြိုပွိုင့်အိမ်ဈေးကွက် တစ်စုံတစ်ရာမြင့်တက်ခဲ့ - Property News in Myanmar from iMyanmarHouse.com
12 Apr 2017 10:28 am တွင် တင်ခဲ့သည်
1198 ကြိမ် ကြည့်ရှု့ပြီး
တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် ပြီးခဲ့သည့်လ (မတ်) က ကြိုပွိုင့် အိမ်ရောင်းအားသည် နှစ်ဆကျော်မြင့်တက်ခဲ့သည်။ ရောင်းအားနည်းနေကျ ရာသီကုန်ဆုံးပြီးနောက် ကြိုပွိုင့်အိမ်ဈေးကွက် တစ်စုံတစ်ရာပြန်လည်မြင့်တက်လာခြင်းဖြစ်သည်။

မြို့တစ်ဝန်း ယခုနှစ်မတ်လအတွင်း ကြိုပွိုင့်အိမ်ခန်း ၁၉၄၀၀ ရောင်းချခဲ့ရကြောင်း၊ ၉၄၀၀ရောင်းချခဲ့ရသည့် ဖေဖော်ဝါရီလကထက် နှစ်ဆကျော်မြင့် တက်လာခြင်းဖြစ်ကြောင်း
ရှန်ဟိုင်းအိမ်ခြံမြေ အကျိုးဆောင်ကုမ္ပဏီ Shanghai Homelink Real Estate AgencyCo. က တမြန်နေ့ (ဧပြီ ၁၀) တွင် ထုတ်ပြန်ခဲ့သည်။ သို့သော်လည်း ယခင်နှစ်မတ်လနှင့်ယှဉ်လျှင် ၆၁ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ဒီလိုပြန်လည်မြင့်တက်တာဟာ အဓိကကတော့ နိုင်ငံရဲ့အကြီးဆုံးနှစ်ကူးပွဲတော်ကာလကြီး ကုန်ဆုံးသွားတာမို့ပါ။ ဒါပေမဲ့လည်း တင်းကျပ်တဲ့စည်းမျဉ်းတွေကြောင့် ကြီးကြီးမားမား ပြန်လည်နာလန်ထူလာဖို့ကိုတော့ မျှော်လင့်လို့ မရသေးပါဘူး" ဟု Homelink ကအစီရင်ခံခဲ့သည်။

ပြီးခဲ့သည့်လက ရောင်းချခဲ့ရသည့် ကြိုပွိုင့်အိမ်များ၏ ပျမ်းမျှဈေးနှုန်းသည်လည်းမြင့်တက်သည့် နယ်မြေ ပိုများလာခဲ့သည်။ Homelink က စောင့်ကြည့်လေ့လာခဲ့သည့်
နယ်မြေ ၁၃၀ တွင် ၉၂ နယ်မြေ၌ မြင့်တက်ခဲ့သည်ဖြစ်ရာ ၁၃ နယ်မြေသာမြင့်တက်ခဲ့သည့် ဖေဖော်ဝါရီကထက် များပြားလာခဲ့သည်။ ဈေးနှုန်းများသည် ၁၇ နယ်မြေတွင် ကျ
ဆင်းခဲ့ပြီး ကျန် ၂၁ နယ်မြေတွင် မပြောင်းလဲ၊ တည်ငြိမ်ခဲ့သည်။

အိမ်သစ်ဈေးကွက်တွင်မူ ရှန်ဟိုင်း၌ အစိုးရမတည်သော တန်ဖိုးနည်းအိမ်ရာများမှအပအိမ်သစ်ဧရိယာ စတုရန်းမီတာ ၇၄၂,၄၀၀ ကို မတ်လအတွင်း ရောင်းချခဲ့ရသည်။
ယင်းသည် ဖေဖော်ဝါရီလကထက် ၁၀၄ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်းဖြစ်သော်လည်း ယမန်နှစ် မတ်လအောက် ၆၆ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီးငါးနှစ်တာအတွင်း ယခုနှစ်မတ်လသည် အနိမ့်ဆုံးမတ်လဖြစ်ခဲ့ကြောင်း Homelink ၏အချက်အလက်များအရ သိရသည်။

ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...

ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...

အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service