ကမ္ဘောဒီးယားတွင် ဆောက်လုပ်ရန် စီစဉ်လျက်ရှိသည့် အာရှအမြင့်ဆုံး မိုးမျှော်အမြွာအဆောက်အအုံကို ဒီဇိုင်းပြန်လည်ရေးဆွဲရဖွယ်ရှိ

ကမ္ဘောဒီးယားတွင် ဆောက်လုပ်ရန် စီစဉ်လျက်ရှိသည့် အာရှအမြင့်ဆုံး မိုးမျှော်အမြွာအဆောက်အအုံကို ဒီဇိုင်းပြန်လည်ရေးဆွဲရဖွယ်ရှိ - Property News in Myanmar from iMyanmarHouse.com
11 Apr 2017 10:57 am တွင် တင်ခဲ့သည်
2659 ကြိမ် ကြည့်ရှု့ပြီး
ကမ္ဘောဒီးယားတွင် ဆောက်လုပ်ရန် စီစဉ်လျက်ရှိသည့် အာရှအမြင့်ဆုံး မိုးမျှော်အမြွာအဆောက်အအုံ Thai Boon Roong ကို ဒီဇိုင်းပြန်လည်ရေးဆွဲရဖွယ်ရှိကြောင်း ဖနွမ်းပင်အခြေစိုက်သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

မီတာ ၅၀၀ ခန့်အမြင့်ရှိကာ အထပ်ပေါင်း ၁၃၃ ထပ်ပါဝင်မည့် အဆိုပါမိုးမျှော်အမြွှာအဆောက်အအုံဆောက်လုပ်ရန် ပြီးခဲ့သည့်
၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလအတွင်း ထုတ်ဖော်ကြေညာခဲ့ခြင်းဖြစ်သည်။

ယင်းအဆောက်အအုံကို ယခင်က ကစားကွင်းဟောင်းတစ်ခုဖြစ်ခဲ့သော Dreamland တည်ရှိသည့် ၄ ဒသမ ၉၇ ဟက်တာ ကျယ်ဝန်းသည့် နေရာတွင် တည်ဆောက်ရန် ရည်ရွယ်ထားခြင်းဖြစ်ပြီး ဆောက်လုပ်မှုများကို
၂၀၁၇ ခုနှစ် နှစ်လယ်ပိုင်းတွင် စတင်မည်ဟု ဆိုသည်။

မူလက ၂၀၁၆ ခုနှစ်အတွင်း တည်ဆောက်ရန်
ရည်မှန်းခဲ့ခြင်းဖြစ်သော်
လည်း နောက်ပိုင်းတွင် ၂၀၁၇ ခုနှစ်သို့ ရွှေ့ဆိုင်းခဲ့သည်။
(၂၀၁၆ ခုနှစ်အတွင်း တည်ဆောက်မည်ဟူသောသတင်းကို iMyanmarHouse.com တွင် ရေးသားဖော်ပြခဲ့ပြီးဖြစ်ရာ http://www.imyanmarhouse.com/news/read/515720 အင်တာနက်လင့်ခ်တွင် ပြန်လည်ဖတ်ရှုနိုင်ပါသည်။)

အမြွှာမျှော်စင်ဒီဇိုင်း ရေးဆွဲရာတွင် ပါဝင်ခဲ့သော ဗိသုကာပညာရှင်
တစ်ဦးဖြစ်ပြီး ကမ္ဘောဒီးယား ဗိသုကာပညာရှင်များဘုတ်အဖွဲ့၏ လက်ထောက်အထွေထွေအတွင်းရေးမှူးလည်းဖြစ်သူ တိုဆာပိုအမ်က ပြောကြားရာတွင် စီမံကိန်း၏ လက်ရှိအခြေအနေမှာ ဒီဇိုင်းနှင့် ဖွဲ့စည်းပုံကို ပြန်လည်ရေးဆွဲရန် ဖြစ်နေကြောင်း လက်ရှိအခြေအနေကို ထုတ်ဖော်ပြောကြားသည်။

ကမ္ဘောဒီးယား မြေယာစီမံခန့်ခွဲရေး၊ မြို့ပြစီမံကိန်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန (MLMUPC) ဝန်ကြီး ချီယာ ဆိုဖရာက အမြွှာမိုးမျှော်တိုက်အား အန္တရာယ်ကင်းဘေးရှင်းစေရေးအတွက် အလေးထားဆောက်လုပ်ရန် ညွှန်ကြားခဲ့ပြီးနောက် ယခုကဲ့သို့ ဒီဇိုင်းပြန်လည်ရေးဆွဲရန် ဆုံးဖြတ်လိုက်ကြခြင်းလည်း ဖြစ်သည်။

“အရင်က ဖနွမ်းပင်မှာ ၃ ထပ်ကနေ ၈ ထပ်အထိသာ မြင့်မားတဲ့အဆောက်အအုံတွေပဲ ရှိခဲ့တယ်။ ဒါပေမယ့် အခုတော့
အထပ် ၄၀ ကနေ ၅၀ မြင့်မားတဲ့ အဆောက်အအုံတွေ ရှိနေပါပြီ။ နောက်တစ်ဆင့် ခြေလှမ်းကတော့ ဒီမိုးမျှော်တိုက်ကို ဆောက်လုပ်ဖို့ပါပဲ။
ဒါက အရှေ့တောင်အာရှမှာ အမြင့်မားဆုံးဖြစ်လာနိုင်ပါတယ်။ မီတာ ၅၅၀ အထိ မြင့်မားတာကြောင့် မိုးကောင်းကင်ကို ကျွန်တော်တို့အားလုံး ထိတွေ့နိုင်ကြတော့မှာပါ” ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ပြောကြားသည်။

ဖနွမ်းပင်မြို့ကြီးသည် ယခင်က စတုရန်းကီလိုမီတာ ၃၀၀ သာအကျယ်အဝန်းရှိခဲ့ပြီး ယခုအခါ စတုရန်းကီလိုမီတာ ၇၀၀ အထိ အကျယ်အဝန်းရှိလာခြင်းမှာအရေးပါသည့်အပြောင်းအလဲတစ်ရပ်ဖြစ်ကြောင်းလည်း ဝန်ကြီးချုပ်က ပြောကြားသည်။

MLMUPC ၏ ထုတ်ပြန်ချက်အရ ၂၀၁၆ ခုနှစ်ကုန်တွင် ဖနွမ်းပင်၌ ၅ ထပ်မှ
၄၅ ထပ်ကြားအမြင့်ရှိသည့် အဆောက်အအုံပေါင်း ၆၀၀ ခန့်ရှိကြောင်း ထုတ်ပြန်ထားသည်။

ယင်းအမြွှာအဆောက်အအုံကြီးသည် ကမ္ဘောဒီးယားတစ်မျိုးသားလုံး ဂုဏ်ယူရမည့်စီမံကိန်းကြီးဖြစ်ကာ နိုင်ငံ၏ စီးပွားရေးခိုင်မာမှုကို ပြသမှုဖြစ်မည့်အပြင်၊ နိုင်ငံရေးတည်ငြိမ်မှု၊ ရင်းနှီးမြှုပ်နှံသူတို့၏ယုံကြည်မှု
တို့ကို ပြသနေခြင်းလည်းဖြစ်သည့်အပြင် အခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုပြုလုပ်လာရန် ဆွဲဆောင်နိုင်မည့် စီမံကိန်းကြီးဖြစ်ကြောင်း သုံးသပ်ကြသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ကမ္ဘောဒီးယားတွင် ဆောက်လုပ်ရန် စီစဉ်လျက်ရှိသည့် အာရှအမြင့်ဆုံး မိုးမျှော်အမြွာအဆောက်အအုံကို ဒီဇိုင်းပြန်လည်ရေးဆွဲရဖွယ်ရှိ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ...
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ...
ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွမ်းထက်လှကြောင်း တွေ့ရှိ...
ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွမ်းထက်လှကြောင်း တွေ့ရှိ...
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျောက်ဖြစ်နေကြောင်း တွေ့ခဲ့ရသည့် ဆန်းကြယ်သော ဖြစ်ပုံ...
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျောက်ဖြစ်နေကြောင်း တွေ့ခဲ့ရသည့် ဆန်းကြယ်သော ဖြစ်ပုံ...
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင်းကြောင်တောင် ဝင်ရောက်ဓားပြတိုက်...
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင်းကြောင်တောင် ဝင်ရောက်ဓားပြတိုက်...
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ...
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ...
ဆံပင်ဆေးဆိုးခြင်းနှင့် ဆံပင်ဖြောင့်ခြင်းမှာ ရင်သားကင်ဆာဖြစ်နိုင်ချေ မြင့်မားစေကြောင်း အမေရိကန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ဆံပင်ဆေးဆိုးခြင်းနှင့် ဆံပင်ဖြောင့်ခြင်းမှာ ရင်သားကင်ဆာဖြစ်နိုင်ချေ မြင့်မားစေကြောင်း အမေရိကန်သိပ္ပံပညာရှင်များ တွေ့ရှိ...
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ...
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ...
ဂျပန်သိပ္ပံပညာရှင်တို့က အိပ်မက်များကို မှတ်တမ်းတင်ထားကာ အိပ်ယာနိုးလာချိန်တွင် ပြန်လည်ကြည့်ရှုနိုင်သော နားကြပ်တစ်မျိုး တီထွင်...
ဂျပန်သိပ္ပံပညာရှင်တို့က အိပ်မက်များကို မှတ်တမ်းတင်ထားကာ အိပ်ယာနိုးလာချိန်တွင် ပြန်လည်ကြည့်ရှုနိုင်သော နားကြပ်တစ်မျိုး တီထွင်...
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို ချေမှုန်းနိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို ချေမှုန်းနိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service