တေလာဆွစ်က ဘီဗာလီဟေးရှိ နေအိမ်ကြီးကို ရှေးဟောင်းသမိုင်းဝင်အဆောက်အအုံအဖြစ် သတ်မှတ်ရန် လျှောက်ထားရာ မြို့ကောင်စီက လက်ခံအတည်ပြု

တေလာဆွစ်က ဘီဗာလီဟေးရှိ နေအိမ်ကြီးကို ရှေးဟောင်းသမိုင်းဝင်အဆောက်အအုံအဖြစ် သတ်မှတ်ရန် လျှောက်ထားရာ မြို့ကောင်စီက လက်ခံအတည်ပြု - Property News in Myanmar from iMyanmarHouse.com
10 Apr 2017 10:32 am တွင် တင်ခဲ့သည်
3301 ကြိမ် ကြည့်ရှု့ပြီး
ပေါ့ပ်ကြယ်ပွင့် တေလာဆွစ်သည် အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့ ဘီဗာလီဟေးရှိ သူ၏ နေအိမ်ကြီးကို ရှေးဟောင်းသမိုင်းဝင်အဆောက်အအုံအဖြစ် သတ်မှတ်ပေးပါရန် လျှောက်ထားခဲ့ရာ ဘီဗာလီဟေးလ် မြို့ကောင်စီက လက်ခံအတည်ပြုလိုက်ကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

အဆိုပါနေအိမ်ကြီး၏ ယခင်ပိုင်ရှင်မှာ MGM ရုပ်ရှင်ကုမ္ပဏီ
တည်ထောင်သူ ဆယ်မြူရယ် ဂိုးဝင်းဖြစ်သည်။
၁၉၃၄ ခုနှစ်တွင် ဂျော်ဂျီယာရီဗိုက်ဗယ်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။
လော့စ်အိန်ဂျလိ၏ အထိမ်းအမှတ် သမိုင်းဝင်အဆောက်အအုံအဖြစ် သတ်မှတ်ပေးပါရန် တေလာဆွစ်က လျှောက်ထားခဲ့မှုကို အဖွဲ့ဝင်ငါးဦးပါဝင်သော ဘီဗာလီဟေးလ်မြို့ကောင်စီက အတည်ပြုလက်ခံလိုက်ခြင်း ဖြစ်သည်။

ယင်းကောင်စီတွင် မြို့တော်ဝန်နှင့် လက်ထောက်မြို့တော်ဝန်တို့
ပါဝင်ပြီး တေလာဆွစ်၏ လျှောက်ထားမှုကို ဧပြီလ ၄ ရက်၊ ညဘက်တွင် အစည်းအဝေးပြုလုပ်ခဲ့ကာ ကန့်ကွက်သူမရှိ အတည်ပြုခဲ့ခြင်းဖြစ်သည်။

“ဒီအဆောက်အအုံဟာ လူ့အသိုက်အဝန်းအတွက် စစ်မှန်တဲ့ရတနာတစ်ပါးဖြစ်တာကြောင့် ဒါကို မြို့ရဲ့
အထိမ်းအမှတ်တစ်ခု
အဖြစ် ထိန်းသိမ်းခြင်းခံရတာက တကယ်ဝမ်းမြောက်ဖွယ်ပါပဲ” ဟု
မြို့တော်ဝန် လီလီ ဘိုစီက ပြောကြားခဲ့ပြီး နေအိမ်ကို ထိန်းသိမ်းစောင့်ရှောက်ခဲ့သည့် ပိုင်ရှင်ဖြစ်သူ (တေလာဆွစ်) အား ကျေးဇူးတင်ကြောင်းလည်း
မြို့တော်ဝန်က ပြောကြားသည်။

တေလာဆွစ်သည် ယခုအဆောက်အအုံကို ရှေးမူလက်ရာမပျက် ထိန်းသိမ်းပြုပြင်ရန်အတွက် အချိန်နှင့်ငွေ များစွာကုန်ခဲ့သည်။
အိပ်ခန်း ၄ ခန်းပါ အဆိုပါနေအိမ်ကို ဂိုးဝင်းမိသားစုထံမှ ၂၀၁၅ ခုနှစ်တွင် ကန်ဒေါ်လာ ၂၅ သန်းဖြင့် တေလာဆွစ်က ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
နေအိမ်ဝယ်ယူပြီးချင်း ဗိသုကာပညာရှင်များဖြစ်သော ဘာဘရာ လမ်းဖရက်နှင့် ဂျော့ခ်ျတေလာလော်ဒင်တို့ကို ဆက်သွယ်ကာ မွမ်းမံထိန်းသိမ်းမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

နေအိမ်ခြံဝန်းအတွင်းရှိ တင်းနစ်ကွင်း၊ ရေကန်၊ လသာဆောင်အစရှိသည်
တို့ကို ၁၉၃၄ ခုနှစ်ကအတိုင်း ထားရှိထားဆဲ ဖြစ်သည်။
အချို့သူများက သုံးသပ်ရာတွင်မူ တေလာဆွစ်သည် နေအိမ်တန်ဖိုး မြှင့်တင်လိုသည့် ရည်ရွယ်ချက်ဖြင့် သမိုင်းဝင်အဆောက်အအုံအဖြစ် သတ်မှတ်ရန် လျှောက်ထားခဲ့ခြင်းဖြစ်သည်ဟု ယူဆကြသည်။

သို့ရာတွင် သမိုင်းဝင်အဆောက်အအုံအဖြစ် သတ်မှတ်ခံရပြီးနောက် တိုးချဲ့ဆောက်လုပ်ခြင်းများ၊ အကြီးမားပြင်ဆင်ခြင်းများ ပြုလုပ်လိုပါက မြို့ကောင်စီ၏ အတည်ပြုချက်ရယူရမည်ဖြစ်ရာ နေအိမ်ဈေး မြင့်တက်လာမှုထက် ဈေးကျမှုကိုသာ ဖြစ်စေနိုင်ကြောင်းလည်း အချို့က သုံးသပ်ကြသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
တေလာဆွစ်က ဘီဗာလီဟေးရှိ နေအိမ်ကြီးကို ရှေးဟောင်းသမိုင်းဝင်အဆောက်အအုံအဖြစ် သတ်မှတ်ရန် လျှောက်ထားရာ မြို့ကောင်စီက လက်ခံအတည်ပြု - Property News in Myanmar from iMyanmarHouse.com
တေလာဆွစ်က ဘီဗာလီဟေးရှိ နေအိမ်ကြီးကို ရှေးဟောင်းသမိုင်းဝင်အဆောက်အအုံအဖြစ် သတ်မှတ်ရန် လျှောက်ထားရာ မြို့ကောင်စီက လက်ခံအတည်ပြု - Property News in Myanmar from iMyanmarHouse.com
တေလာဆွစ်က ဘီဗာလီဟေးရှိ နေအိမ်ကြီးကို ရှေးဟောင်းသမိုင်းဝင်အဆောက်အအုံအဖြစ် သတ်မှတ်ရန် လျှောက်ထားရာ မြို့ကောင်စီက လက်ခံအတည်ပြု - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး

ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...

ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...

အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service