အမှန်တကယ် နေစရာမရှိသော ကျူးကျော်များကို နေစရာ စီစဉ်ပေးရန် ရှိသော်လည်း အချိန်ကာလ အတိအကျ မပြောနိုင်သေးဟု ရန်ကုန်တိုင်း နယ်လုံ ဝန်ကြီး ပြောကြား

အမှန်တကယ် နေစရာမရှိသော ကျူးကျော်များကို နေစရာ စီစဉ်ပေးရန် ရှိသော်လည်း အချိန်ကာလ အတိအကျ မပြောနိုင်သေးဟု ရန်ကုန်တိုင်း နယ်လုံ ဝန်ကြီး ပြောကြား - Property News in Myanmar from iMyanmarHouse.com
6 Apr 2017 1:05 pm တွင် တင်ခဲ့သည်
1852 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်တိုင်းရှိ အမှန်တကယ်နေစရာမရှိသည့် ကျူးကျော်များကို ရသင့်ရ ထိုက်သည့် အခွင့်အရေးနှင့်အညီ နေထိုင်စရာများ စီစဉ်ဆောင်ရွက်ပေး မည်ဖြစ် သော်လည်း အချိန်အတိအကျကို ဖြေကြား၍ မရကြောင်း ရန်ကုန်တိုင်းလုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီး တင်အောင် ထွန်းက ပြောကြားသည်။

ဧပြီ ၅ ရက်တွင် ပြုလုပ်သည့်ရန်ကုန်တိုင်းဒေသကြီး လွှတ် တော် စတုတ္ထ ပုံမှန် အစည်းအဝေး ၌ ကိုကိုးကျွန်းမြို့နယ်၊ မဲဆန္ဒ နယ်အမှတ်(၁) လွှတ်ေ တာ် ကိုယ်စားလှယ် ဦးတင်ဝင်းက ရန်ကုန် တိုင်းဒေသကြီးရှိ ကျူးကျော်များ ကို နေရာချထားရေးနှင့်ပတ်သက် ၍ မေးမြန်းရာ ဗိုလ်မှူးကြီးတင်အောင် ထွန်းက အထက်ပါအတိုင်း ပြောကြားသည်။

‘‘စီးပွားဖြစ် ကျူးကျော်သူ တွေကိုတော့ ဥပဒေနဲ့အညီ အရေးယူဆောင်ရွက် သွားမှာဖြစ်ပြီး အမှန်တကယ်နေစရာမလိုတဲ့ ကျူးကျော်တွေကိုတော့ စီစဉ်ေ ဆာင် ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ရသင့်ရထိုက်တဲ့ အခွင့်အရေးကို စီမံေ ဆာင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကျူးကျော်စာရင်းကို မည်သည့်အချိန်မှာ နေ ရာချထားပေးမ လဲဆိုတော့ ဒါနဲ့ပတ်သက်ပြီး ကောက်ပြီးတဲ့အချိန်မှာ စိစစ် ပြီးတဲ့ အချိန်မှာ မူတည်တဲ့အတွက် ကြောင့် အချိန်အတိအကျဖြေ ကြားလို့ မရသေးပါဘူး’’ဟု ဗိုလ် မှူးကြီး တင်အောင်ထွန်းက ပြော သည်။

ရန်ကုန်တိုင်းရှိ ခရိုင်လေးခု တွင် ခန့်မှန်းခြေအားဖြင့် ကျူး ကျော်နေထိုင်သူ အိမ်ခြေပေါင်း ၁၁၇,၇၀၉ အိမ်၊ ကျူးကျော် အိမ်ထောင်စုစာရင်း ၁၁၆,၉၀၅ စုနှင့် ကျူးကျော်နေထိုင်သူ လူဦးရေ ပေါင်း ၄၄၁,၆၄၆ ဦး ရှိနေကြောင်း ဦးတင်ဝင်းက ပြောသည်။

‘‘ကျူးကျော်ဆိုတာတော့ ခေတ်အဆက်ဆက် အစိုးရအ ဆက်ဆက်ဖြေရှင်း ခဲ့တဲ့ ကိစ္စဖြစ် ပါတယ်။ ဒါလည်းပဲ အစိုးရပေါ် မူတည်ပြီးမှ ဖြေရှင်း နည်း လမ်း ပေါင်းစုံနဲ့ ဖြေရှင်းခဲ့တာ ဖြစ်ပါ တယ်။ ဒီကိစ္စက ပြီးပြတ်သွားတဲ့ ကိစ္စ မဟုတ်ပါဘူး။ ကျွန်တော်တို့ လက်ရှိ အစိုးရလက်ထက်မှာ လည်းပဲ ဒီကျူးေ ကျာ်တွေကို ရှင်း ဖို့အတွက် စီမံဆောင်ရွက်လျက်ရှိ ပါတယ်။ ဘယ်လို စီမံေ ဆာင်ရွက် မယ်ဆိုတာလည်း ဝန်ကြီးချုပ် ကိုယ်တိုင် မေလထဲမှာ သတင်းစာ ရှင်းလင်းပွဲလုပ်ပြီး ပြည်သူကို အား လုံးအသိပေးပြီးဖြစ်ပါတယ်။ စာ ရင်း ဇ ယားတွေကောက်ယူတဲ့အ ချိန်မှာတော့ လွှတ်တော်ကိုယ်စား လှယ်ပြော သ လိုပဲ တစ်သိန်းကျော်ရှိပါတယ်’’ဟု ဗိုလ်မှူးကြီးတင်အောင်ထွန်းက ပြောသည်။

ရန်ကုန်တိုင်းရှိ ကျူးကျော် စာရင်းများကို ၂၀၁၆ စက်တင် ဘာ ၃ ရက်တွင် စတင်ကောက် ယူခဲ့ပြီး မြို့နယ် ၁၃ မြို့နယ်သာ ကောက်ယူပြီးစီးကာ ယင်း ၁၃ မြို့နယ်တွင် ကျူးကျော်အိမ်ထောင်စု ပေါင်းစာရင်း ခုနစ်သောင်းကိုးေ ထာင်ကျော်ရှိကြောင်း ဗိုလ်မှူးကြီးက ဆက်လက် ပြောကြား သည်။

ရန်ကုန်တိုင်းဒေသကြီးရှိ ကျူးကျော်များအား နေထိုင်စရာနှင့် အလုပ်အကိုင် များ ဖန်တီးပေးကာ နောင်တစ်ချိန်၌ ကျူးကျော်ဘဝမှ ပြောင်းလဲပေးသည့် အစိုးရခေတ်တစ်ခေတ် ရှိခဲ့ကြောင်း သမိုင်းတွင် ကျန်ရစ်အောင် ကြိုးပမ်း လုပ်ဆောင်မည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ၂၀၁၆ မေလ ၂၅ ရက်က ကျူးကျော်များ နှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲ ၌ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် မင်းမဲ့စရိုက် ဆန်စွာ မြေကွက်များကို အတင်း ဝင်လု၍ စီး ပွားရှာသည့် အခြေအ နေတစ်ခုဖြစ်ပေါ်နေပြီး ယင်းအ ခြေအနေများကို တည်ဆဲဥပဒေ အရ ထိရောက်စွာ အရေးယူ ဆောင်ရွက် မည်ဖြစ်ကြော င်းနှင့် အမှန်တကယ် မြေယာမဲ့နေသူ များကို မျက်နှာဓာတ်ပုံရိုက်ကူး၍ စစ်ေ ဆးခြင်း၊ လက်ဗွေစနစ်ဖြင့် အထောက်အထား ပြုလုပ်ခြင်း များဆောင် ရွက် ရန်၊ ဘဝရပ်တည်မှုခိုင်မာစေရန် အကောင်အထည် ဖော်မည်ဟု ဝန်ကြီးချုပ် က ဆို သည်။

အမှန်တကယ် နေစရာမရှိ သည့် ကျူးကျော်နေထိုင်သူများက မူ အစိုးရ က ပေးမည်ဆိုသည့်နေ စရာတစ်ခုအပေါ် မျှော်လင့်ချက် များစွာထားပြီး စီးပွားဖြစ်သမား များက ပေးအပ်မည့် နေစရာကို တစ်ဆင့်ခံ ရောင်းချခြင်ြး ဖင့် အကျိုးစီးပွားရယူရန် စိုင်းပြင်းနေကြ သည်ဟု ယင်းလုပ်ငန်းစဉ်အေ ပါ် စောင့်ကြည့်လေ့လာသူများက သုံးသပ်သည်။

ကျူးကျော်နေထိုင်သူအများ စုသည် အလုပ်ကြမ်းဖြင့် လုပ်ငန်း ခွင်များတွင် ဝင်ရောက်လုပ်ကိုင် နေသူများဖြစ်ပြီး ၎င်းတို့၏တစ် ရက်တာဝင်ငွေသည် မိသားစုစား ဝတ်နေရေးအတွက်သာ ဖူလုံမှုရှိ ကာ ပြင်ပ၌ ငှားရမ်းနေထိုင် ရန် မဖြစ်နိုင်ပေ။


Credit: 7DayDaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လှိုင်သာယာရှိ စည်ပင်မြေ ၃ ဧကကျော်တွင် အဆောက်အဦးသစ်များတည်ဆောက်ရန် ဖိတ်ခေါ်နေ
လှိုင်သာယာရှိ စည်ပင်မြေ ၃ ဧကကျော်တွင် အဆောက်အဦးသစ်များတည်ဆောက်ရန် ဖိတ်ခေါ်နေ
အမေရိကန်ပြည်၊ ဖလော်ရီဒါရှိ လှပထည်ဝါခမ်းနားလှသော ကမ်းခြေစံအိမ်ကြီးတစ်လုံးကို ဝယ်လက်တစ်ဦးက ကန်ဒေါ်လာ သန်း ၄၀ ဖြင့် စံချိန်တင်ဈေးနှုန်းပေးကာ ဝယ်ယူပြီးနောက် စံအိမ်ကို ဖြိုချရန် စီစဉ်...
အမေရိကန်ပြည်၊ ဖလော်ရီဒါရှိ လှပထည်ဝါခမ်းနားလှသော ကမ်းခြေစံအိမ်ကြီးတစ်လုံးကို ဝယ်လက်တစ်ဦးက ကန်ဒေါ်လာ သန်း ၄၀ ဖြင့် စံချိန်တင်ဈေးနှုန်းပေးကာ ဝယ်ယူပြီးနောက် စံအိမ်ကို ဖြိုချရန် စီစဉ်...
နေထိုင်သူတိုင်း ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရသော လော့စ်အိန်ဂျလိက ကျိန်စာသင့် စံအိမ်ကြီး၊ နေထိုင်ဝံ့သူ မရှိတော့သောကြောင့် နှစ်ပေါင်း (၆၀) ခန့် စွန့်ပစ်ခံထားရ...
နေထိုင်သူတိုင်း ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရသော လော့စ်အိန်ဂျလိက ကျိန်စာသင့် စံအိမ်ကြီး၊ နေထိုင်ဝံ့သူ မရှိတော့သောကြောင့် နှစ်ပေါင်း (၆၀) ခန့် စွန့်ပစ်ခံထားရ...
အဆင့်မြင့်တာမွေဈေး ယခုလအတွင်း ပန္နက်တင် တည်ဆောက်မည်
အဆင့်မြင့်တာမွေဈေး ယခုလအတွင်း ပန္နက်တင် တည်ဆောက်မည်
ရန်ကုန်နှင့် မန္တလေးတွင် မီးပျက်ခြင်းကြောင့် ဘန်ကောက်ရှိကွန်ဒိုခန်းများ အဝယ်များနေ
ရန်ကုန်နှင့် မန္တလေးတွင် မီးပျက်ခြင်းကြောင့် ဘန်ကောက်ရှိကွန်ဒိုခန်းများ အဝယ်များနေ
နေပြည်တော်တွင် သိန်းတစ်ထောင်ဝန်းကျင် အိမ်ခြံမြေ အရောင်းအဝယ်ကောင်းနေ
နေပြည်တော်တွင် သိန်းတစ်ထောင်ဝန်းကျင် အိမ်ခြံမြေ အရောင်းအဝယ်ကောင်းနေ
အွန်လိုင်းမှ ဖိနပ်ရောင်းရသည့်ဘဝမှ အသက် ၁၉ နှစ်အရွယ်တွင် ဝန်ထမ်းပေါင်း ၂၀၀ ကို အလုပ်ခန့်ထားနိုင်သည့် သူဌေးဖြစ်လာသော မလေးရှားနိုင်ငံသား လူငယ်...
အွန်လိုင်းမှ ဖိနပ်ရောင်းရသည့်ဘဝမှ အသက် ၁၉ နှစ်အရွယ်တွင် ဝန်ထမ်းပေါင်း ၂၀၀ ကို အလုပ်ခန့်ထားနိုင်သည့် သူဌေးဖြစ်လာသော မလေးရှားနိုင်ငံသား လူငယ်...
အိန္ဒိယတွင် အမွေခွန် ကောက်ခံရန် စီစဉ်နေပြီး အမှန်တကယ် အကောင်အထည်ဖော်လာပါက အိန္ဒိယ၏ အချမ်းသာဆုံးသူဌေးကြီးများဖြစ်သော မူကက်ရှ် အမ်ဘာနီ၊ အဒါနီနှင့် တာတာတို့ ဒူဘိုင်းသို့ ပြောင်းရွှေ့ နေထိုင်ဖွယ်ရှိ...
အိန္ဒိယတွင် အမွေခွန် ကောက်ခံရန် စီစဉ်နေပြီး အမှန်တကယ် အကောင်အထည်ဖော်လာပါက အိန္ဒိယ၏ အချမ်းသာဆုံးသူဌေးကြီးများဖြစ်သော မူကက်ရှ် အမ်ဘာနီ၊ အဒါနီနှင့် တာတာတို့ ဒူဘိုင်းသို့ ပြောင်းရွှေ့ နေထိုင်ဖွယ်ရှိ...
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှ ယခုနှစ်အတွင်း အခန်းပေါင်း ၁၉၀၀ ကျော် အငှားချပေးမည်
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှ ယခုနှစ်အတွင်း အခန်းပေါင်း ၁၉၀၀ ကျော် အငှားချပေးမည်
ဘီလ်ဂိတ်က နီဘရာစကာပြည်နယ်မှ သူ၏ လယ်များကို အပေါင်ထားကာ ဒေါ်လာ သန်း ၇၀၀ ချေးငွေ ထုတ်ယူ
ဘီလ်ဂိတ်က နီဘရာစကာပြည်နယ်မှ သူ၏ လယ်များကို အပေါင်ထားကာ ဒေါ်လာ သန်း ၇၀၀ ချေးငွေ ထုတ်ယူ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ငွေကြေးဖောင်းပွမှုများကြောင့် အိမ်ရာချေးငွေများ အခက်အခဲဖြစ်နေ
ငွေကြေးဖောင်းပွမှုများကြောင့် အိမ်ရာချေးငွေများ အခက်အခဲဖြစ်နေ
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြ
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
နေပြည်တော်တွင် အိမ်ငှားများလာပြီး အိမ်ငှားခဈေးများတက်နေ
နေပြည်တော်တွင် အိမ်ငှားများလာပြီး အိမ်ငှားခဈေးများတက်နေ
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buff
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buff

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

mya-villa
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service