အိမ်ခြံမြေ ရောင်းဝယ်ခြင်းနှင့် ကိုယ်စားလှယ်လွှဲစာ သိမှတ်ဖွယ်ရာ

အိမ်ခြံမြေ ရောင်းဝယ်ခြင်းနှင့် ကိုယ်စားလှယ်လွှဲစာ သိမှတ်ဖွယ်ရာ - Property Knowledge in Myanmar from iMyanmarHouse.com
15 Mar 2017 12:37 pm တွင် တင်ခဲ့သည်
4572 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

မိတ်ဆွေ၏ ဆွေးနွေးချက်အရဆိုလျှင် ကိုယ်စားလှယ်လွှဲစာ ရရှိပြီးသူက ထပ်ဆင့်ကိုယ် စားလှယ်လွှဲစာ ပေးခြင်း၊ တစ်နည်းအားဖြင့် General Power of Attorney to General Power of Attorney (G.P to G.P) ? Special Power of Attorney to Special Power of Attorney (S.P to S.P) ပြု လုပ်ပေးခြင်း ဖြစ်သည်ဟု နားလည်သဘောပေါက်ပါသည်။ ထို့ကြောင့် ကိုယ်စားလှယ်လွှဲစာ ဆိုသည်ကို ဦးစွာ သိရှိနားလည်ထားရန် လိုအပ်ပါ သည်။

ကိုယ်စားလှယ်လွှဲစာ

ကိုယ်စားလှယ်လွှဲစာတွင် နှစ်မျိုး ရှိသည်။
(၁) အထွေထွေ ကိုယ်စားလှယ်လွှဲစာ (G.P) နှင့်
(၂) အထူးကိုယ်စား လှယ်လွှဲစာ (S.P) တို့ ဖြစ်သည်။

အထွေထွေ ကိုယ်စား လှယ်လွှဲစာ(G.P) အရ လွှဲအပ်ခြင်း ခံရသူသည် လွှဲအပ်သူ၏ လုပ်ငန်းကိစ္စ အရပ်ရပ်ကို လွှဲအပ်သူ၏ ကိုယ်စား လုပ်ပိုင်ခွင့် ရရှိပေသည်။ အထူးကိုယ်စားလှယ်လွှဲ စာ (S.P) မှာမူ၊ လွှဲအပ်သူက ခွင့် ပြုထားသည့်အကြောင်းအရာ လုပ်ပိုင်ခွင့်ကိုသာ ကိုယ်စားလှယ်စာရ သူက လုပ်ပိုင်ခွင့် ရှိပေသည်။

ဥပမာ- အိမ်ခြံမြေ အရောင်းအဝယ် မှတ်ပုံတင်စာချုပ် ချုပ်ဆိုပိုင်ခွင့်၊ မြို့တော် စည်ပင်သာယာရေး ကော်မတီတွင် မြေပုံရာဇဝင်ကူးယူခွင့်၊မြေကွက်အမည်ပြောင်းခွင့် စသဖြင့် ဖော်ပြထားလျှင်ပင် အကြောင်းအရာ လုပ်ပိုင်ခွင့်ကို သာ ဆောင်ရွက်ပိုင်ခွင့် ရခြင်းဖြစ် သည်။

ကိုယ်စားလှယ်

ပဋိဥာဉ်အက်ဥပဒေပုဒ်မ (၁၈၂) တွင် ကိုယ်စားလှယ် ဆိုသည်မှာ သူတစ်ပါး အတွက် ကိစ္စတစ်ရပ်ရပ်ကို ဆောင်ရွက်ရန် ခန့်ထားခံရသူ သို့မဟုတ် အခြားလူ များနှင့် ဆက်ဆံရာတွင် သူတစ်ပါး အတွက် ကိုယ်စားပြုသူကို ဆို လိုသည်ဟု ဖော်ပြထားပါသည်။

ကိုယ်စားလှယ် လွှဲအပ်ခွင့်ရှိသူနှင့် ကိုယ်စားလှယ်ဖြစ်နိုင်သူ

မိမိကိုယ်စား ကိုယ်စား လှယ် လွှဲအပ်သူသည် မိမိနှင့်သက် ဆိုင်သည့် တ ရားဥပဒေအရ အရွယ်ရောက်သူ ဖြစ်ပြီး စိတ်ပေါ့သွပ်သူ မဖြစ်စေရဟု ပဋိ ဥာဉ်အက်ဥပ ဒေပုဒ်မ (၁၈၃) တွင် ပြဋ္ဌာန်းထား ပေသည်။ ထို့တူ ပဋိဥာဉ် အက်ဥပ ဒေပုဒ်မ (၁၈၄) တွင် မည်သူမဆို ကိုယ်စားလှယ် ဖြစ်နိုင်သော် လည်း တရားဥပဒေအရ အရွယ်မရောက်သေးသူနှင့် စိတ်ပေါ့သွပ်သူ မဖြစ်စေရဟု ဖော်ပြထားပေသည်။ ထို့ကြောင့် ကိုယ်စားလှယ် လွှဲအပ်သူနှင့် ကိုယ်စားလှယ်အဖြစ် လက်ခံသူတို့သည် ဥပဒေအရ အရွယ်ရောက်သူ များ ဖြစ်ပြီးစိတ်ပေါ့ သွပ်သူများ မဖြစ်စေရ ကြောင်း သတိပြုဖို့ လိုအပ်ပေ သည်။

ကိုယ်စားလှယ်လွှဲအပ်ခြင်း

ကိုယ်စားလှယ် လွှဲအပ်ရာ၌ နှုတ်ဖြင့် လွှဲအပ်နိုင်သော် လည်း တရားဝင် အငြင်းမပွားနိုင် ရန် စာဖြင့် (G.P) ဖြစ်စေ၊ (S.P) ဖြစ်စေ လွှဲအပ်နိုင်ေ ကြာင်း ပဋိဥာဉ် အက်ဥပဒေ ပုဒ်မ (၁၈၇) တွင် ပြဋ္ဌာန်းထားပေသည်။ ကိုယ် စားလှယ်လွှဲစာ (G.P) နှင့် (S.P) များကို တရားဝင် အတည်ဖြစ်စေရန်၊ စာ ချုပ်စာတမ်း မှတ်ပုံတင်ရုံး၌ စာချုပ်စာတမ်း မှတ်ပုံတင် အက်ဥပဒေပုဒ်မ (၃၃) အရ မှတ်ပုံတင် ပြုလုပ်ရန် လိုအပ် သည်။ ရန်ကုန်မြို့၊ စာချုပ်စာ တမ်း မှတ်ပုံတင်ရုံး၌ လက်ခံကျင့် သုံးနေသည်မှာ (S.P) အထူးကိုယ် စားလှယ် လွှဲစာချုပ် ဆိုရာတွင် ကိုယ်စားလှယ်လွှဲစာ၌ ဖော်ပြထား သော လုပ်ပိုင်ခွင့် များနှင့် ပတ် သက်၍ လွှဲအပ်သူက ပိုင်ဆိုင် သည့် အထောက်အထား သို့မ ဟုတ် လုပ်ပိုင်ခွင့်အထောက်အ ထား စာရွက်စာတမ်းများကို တင်ပြ ရပေ သည်။

Affordable Housing Promotion

ဥပမာ- အိမ်ခြံမြေနှင့် ပတ်သက်သည့် ကိစ္စရပ်များကို လွှဲ အပ်ထားပါက လွှဲ အပ်သူအနေဖြင့် အဆိုပါ အိမ်ခြံမြေနှင့် ပတ်သက် သည့် ပိုင်ဆိုင်မှု အထောက်အထား၊ ဂရန် စသည်တို့ကို တင်ပြရမည် ဖြစ်သည်။ သို့သော် အထွေထွေ ကိုယ်စားလှယ်လွှဲစာ (G.P) ပြုလုပ် ချုပ်ဆိုရာတွင် ကိုယ်စား လှယ်လွှဲ အပ်သူ၏ လုပ်ပိုင်ခွင့်ကိစ္စမှန်သမျှ ကို လွှဲအပ်ခြင်း ဖြစ်သဖြင့် အေ ထာက်အထား စာရွက်စာတမ်း များ တင်ပြရန် မလိုအပ်ပေ။ ထို့ကြောင့် မူ လအထွေထွေ ကိုယ်စားလှယ်လွှဲစာ (G.P) ရရှိထားသူက အခြားနောက် တစ်ဦး ကို အထွေထွေကိုယ်စားလှယ်လွှဲစာ (G.P) ထပ်ဆင့် ပြုလုပ် လွှဲအပ်ြ ခင်း များ ရှိလာပေသည်။

ထပ်ဆင့် ကိုယ်စားလှယ်လွှဲစာ ပြုလုပ်ပေးခြင်း

ထပ်ဆင့်ကိုယ်စားလှယ် လွှဲစာပြုလုပ်ပေးခြင်း ဆိုသည်မှာ ဥပဒေနှင့်အညီ ကိုယ်စားလှယ် အဖြစ် လွှဲအပ်ခြင်း ခံထားရသူက အခြားသူတစ်ဦးကို မိမိကိုယ်စား ဆောင်ရွက်နိုင်ရန် ထပ်ဆင့်၍ ကိုယ်စားလှယ် လွှဲစာပြုလုပ်ေ ပးခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် G.P to G.P သို့မဟုတ် S.P to S.P ပြုလုပ်ခြင်း ဖြစ်ပေသည်။ ပဋိဥာဉ်အက်ဥပဒေပုဒ်မ (၁၉ဝ) တွင် ‘ဥပေ ဒနှင့် အညီ လွှဲ အပ်ခြင်းခံ ရသော ကိုယ်စားလှယ် တစ်ဦးသည် မိမိအား ကိုယ်စား လှယ် လွှဲထားသည့်ကိစ္စ၌ ထပ်ဆင့် ကိုယ်စားလှယ် ခန့်ထားခွင့် မရှိ’ ဟု ပိတ်ပင်ထားပေသည်။

ဆိုလိုသည်မှာအိမ်ခြံ မြေအရောင်းအဝယ် ပြုလုပ်ကြရာ၌ မြေကွက် ဝယ် သူက အရောင်းအဝယ် မှတ်ပုံတင်စာချုပ် မပြုလုပ် နိုင်သေး သဖြင့်ရောင်း သူ မြေကွက် အမည်ပေါက်ထံမှ အထွေထွေ ကိုယ်စားလှယ်လွှဲ စာ(G.P)ကို ဖြစ် စေ၊ အထူးကိုယ် စားလှယ်လွှဲစာ (S.P) ကို ဖြစ်စေ ပြု လုပ်ရယူထား တတ်ကြသည်။

အဆိုပါ ကိုယ်စားလှယ် လွှဲစာ ရသူက မိမိ ဝယ်ယူထား သော အဆို ပါမြေကွက် ကို ထပ်မံ ရောင်းချရာတွင် ဝယ်ယူသူအား မြေကွက်နှင့် ပတ်သက်သည့် ကိစ္စ အဝဝကို ဆောင်ရွက်နိုင်ရန် ထပ် ဆင့် ကိုယ်စား လှယ်လွှဲစာ ပြုလုပ် ပေးပိုင်ခွင့် မရှိပေ။ ‘မြေကွက်အ မည်ေ ပါက် ဖြစ်သူထံ မှသာ ကိုယ် စားလှယ်လွှဲစာကို တိုက်ရိုက်ရယူ ထားကြရ မည်’ ဖြစ်သည်။

ကိုယ်စားလှယ်လွှဲစာ ပြုလုပ်ပေးခြင်းနှင့် အဖိုးစားနား

ပဋိဥာဉ်အက်ဥပဒေပုဒ်မ (၁၈၅) တွင် ကိုယ်စားလှယ်လွှဲစာပြုလုပ်ပေးရန် သို့မဟုတ် ကိုယ်စားလှယ်ပြုလုပ်ရန် မည်သည့် အဖိုးစား နားမျှ ပေး ရန်မလိုဟု ပြဋ္ဌာန်းထားပေသည်။ သို့သော် ငွေရင်းနှီးမြှုပ်နှံသည့် အိမ်ခြံမြေ ဝယ်ရောင်းများ အနေဖြင့် ဝယ်ခွန်မဆောင်လို သောကြောင့် မှတ်ပုံတင် အရောင်း အဝယ်စာချုပ် ချုပ်ဆိုခြင်း မပြုဘဲမြေကွက်အမည်ပေါက်ထံမှ ကိုယ် စားလှယ်လွှဲစာ ရယူထားလေ့ ရှိကြသည်။

၎င်းတို့က အကျိုးအ မြတ်ရ၍ အဆိုပါမြေကွက်ကို ထပ်မံရောင်းချရာတွင် ဝယ်သူအား ၄င်းတို့အနေဖြင့် ထပ်ဆင့်ကိုယ် စားလှယ်လွှဲ စာပြုလုပ်ပေးခွင့် မရှိ ပေ။ ထပ်ဆင့်ဝယ်ယူသူအား မူလ မြေကွက် အမည်ပေါက်မှ လွှဲအပ် သည့် ကိုယ်စားလှယ်လွှဲစာ အသစ် ကို ပြုလုပ်ပေးကြရသည်။ ဤတွင် အိမ်ခြံမြေ အမည်ပေါက်သူကမြေကွက် ထပ်ဆင့်လွှဲပြောင်း ဝယ်ယူသူ အတွက်ကိုယ်စားလှယ်လွှဲစာ ပြုလုပ်ပေးရ ခြင်းအပေါ် သင့်တော်သည့် အဖိုး စားနား သတ်မှတ်ရယူကာ ကိုယ် စားလှယ်လွှဲစာကို ပြုလုပ်ပေးလျက် ရှိကြသည်။

ကိုယ်စားလှယ်လွှဲစာ ရုတ်သိမ်းခြင်း

ကိုယ်စားလှယ် လွှဲအပ် သူသည် မိမိ၏ ကိုယ်စားလှယ်လွှဲ စာကို မည်သည့် အချိန်တွင်မဆို ရုပ်သိမ်းနိုင်သည်ဟု ပဋ်ဥာဉ်အက် ဥပဒေပုဒ်မ (၂ဝ၁) တွင်ပြဋ္ဌာန်းထားပါသည်။ ကိုယ်စားလှယ်လွှဲစာပေးအပ်သူဖြစ်စေ၊ ကိုယ်စား လှယ် လွှဲစာ လက်ခံရရှိသူ (ကိုယ်စား လှယ်) ဖြစ်စေကွယ်လွန်သွားပါက ကိုယ်စားလှယ်လွှဲစာသည် ဆုံးခန်း တိုင်ပြီး ပျက်ပြယ်သွားပြီ ဖြစ် သည်။ တစ်ခါတရံ ကိုယ်စား လှယ်လွှဲစာများ၌ ရုပ်သိမ်း၍မရ သော ကိုယ်စားလှယ် လွှဲစာဟု ဖော် ပြလွှဲအပ်တတ်ကြသည်။

အထူးသဖြင့် ကန်ထရိုက်တိုက်များဆောက်လုပ်ကြရာတွင်မြေအမည်ပေါက် ပိုင်ရှင်တို့က ကန်ထရိုက်တာများကိုပေးသည့် ကိုယ်စား လှယ်လွှဲစာ များတွင် အများဆုံး တွေ့ရသည်။ ထိုသို့သော ကိုယ်စား လှယ်လွှဲစာများကို ရုပ်သိမ်းပယ် ဖျက်လိုပါက ကိုယ်စားလှယ် အဖြစ် လွှဲအပ်ခြင်းခံရသူသည် လွှဲအပ် ထားသည့်အခွင့်အာဏာကို ဖောက်ဖျက်ကြောင်း ဖော်ပြကာ တရားရုံးတွင် ကိုယ်စားလှယ် လွှဲစာ ဖျက်သိမ်းပေးစေလိုမှုကို စွဲဆိုရမည် ဖြစ်ကြောင်း ဗဟုသုတအဖြစ် ရေး သားလိုက်ပါသည်။

Credit: Myanmar Market

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သိမှတ်စရာ အိမ်ခြံမြေရေးရာ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
ဂရန်ပေးစီမံချက်မြေအား ဂရန်လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
ဂရန်ပေးစီမံချက်မြေအား ဂရန်လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
စည်ပင်သာယာရေး ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။
စည်ပင်သာယာရေး ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။
အပူချိန်မြင့်တဲ့နွေရက်များကို အန္တရာယ်ကင်းကင်းဖြတ်ကျော်နိုင်ဖို့ နည်းလမ်း (၅) သွယ်
အပူချိန်မြင့်တဲ့နွေရက်များကို အန္တရာယ်ကင်းကင်းဖြတ်ကျော်နိုင်ဖို့ နည်းလမ်း (၅) သွယ်
စားသောက်နေစဉ်အချိန်အတွင်း ဖုန်းမသုံးသူများကို ဝိုင်တစ်ပုလင်း အခမဲ့တိုက်မည့် အီတလီက စားသောက်ဆိုင်...
စားသောက်နေစဉ်အချိန်အတွင်း ဖုန်းမသုံးသူများကို ဝိုင်တစ်ပုလင်း အခမဲ့တိုက်မည့် အီတလီက စားသောက်ဆိုင်...
လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
ကျွန်းလေးတစ်ကျွန်း၊ လှေကလေးတစ်စင်းနှင့် ချစ်ခြင်းမေတ္တာအကြောင်း
ကျွန်းလေးတစ်ကျွန်း၊ လှေကလေးတစ်စင်းနှင့် ချစ်ခြင်းမေတ္တာအကြောင်း
(၉) အလီက ပေးသော သင်ခန်းစာ
(၉) အလီက ပေးသော သင်ခန်းစာ
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...

နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကျောက်ဖယားမြစ်ကမ်းမှ မျိုးစေ့ဆိုင်လေးနှင့် အခြားသော.. (သို့မဟုတ်) အာရှတိုက်၏ အချမ်းသာဆုံး မိသားစုကြီး (၅) စု
ကျောက်ဖယားမြစ်ကမ်းမှ မျိုးစေ့ဆိုင်လေးနှင့် အခြားသော.. (သို့မဟုတ်) အာရှတိုက်၏ အချမ်းသာဆုံး မိသားစုကြီး (၅) စု
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
shwe-moe-kaung
thukha-garden-residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service