တစ်လကျပ်နှစ်သောင်း အငှားအိမ်ရာလျှောက်လွှာခေါ်

တစ်လကျပ်နှစ်သောင်း အငှားအိမ်ရာလျှောက်လွှာခေါ် - Property News in Myanmar from iMyanmarHouse.com
17 Feb 2017 9:48 am တွင် တင်ခဲ့သည်
1508 ကြိမ် ကြည့်ရှု့ပြီး
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာနှင့် ရွှေဘိုမြို့ရှိ တစ်လ ကျပ်နှစ်သောင်း ပေးရမည့် အငှားအိမ်ရာ လျှောက်လွှာများကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှ စတင် ခေါ်ယူလျက်ရှိပြီး ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် လျှောက်လွှာခေါ်ယူမှု ပိတ်မည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနထံမှ သိရသည်။

အဆိုပါ အငှားအိမ်ရာများသည် မုံရွာမြို့ မြို့သစ်ရပ်ကွက်နှင့် ရွှေဘိုမင်းရွာ အုပ်စုတွင် ပြည်ထောင်စု ထောက်ပံ့ရေး ရန်ပုံငွေဖြင့် တည်ဆောက်ထားခြင်းဖြစ်ပြီး ၁၂ ခန်းတွဲ ငါးထပ်တိုက်ခန်းဖြစ်ကာ
မုံရွာမြို့တွင် အခန်းပေါင်း ၁၂၀၊ ရွှေဘိုမြို့တွင် အခန်းပေါင်း ၁၂၀ ကို တစ်လကျပ်နှစ်သောင်းဖြင့် ငှားရမ်းမည်ဖြစ်ကြောင်း အဆိုပါဌာနထံမှ သိရသည်။

ယင်းလျှောက်လွှာများကို ဇန်နဝါရီလ ၃၀ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၀ ရက်နေ့အထိ တစ်စောင်လျှင် ကျပ် ၅၀ဝ ဖြင့် ရောင်းချပေးခဲ့ပြီး ယင်းလျှောက်လွှာများကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နောက်ဆုံး လက်ခံ၍ လျှောက်လွှာ စိစစ်ရေး ကော်မတီက စိစစ်ရွေးချယ်ကာ မဲစနစ်ဖြင့် ရွေးချယ်မည်ဖြစ်ကြောင်း ယင်းဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်ကျော်လင်းက ပြောကြားသည်။

အဆိုပါ လျှောက်လွှာများကို စစ်ကိုင်းတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ မုံရွာခရိုင် စီမံခန့်ခွဲရေး ဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့ဝင်တစ်ဦး၊ တိုင်းအစိုးရ အဖွဲ့ဝင်တစ်ဦး၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်တစ်ဦးတို့နှင့် မြို့ပြအိမ်ရာ ဦးစီးဌာန ညွှန်ကြားရေးမှူးက အတွင်းရေးမှူးအဖြစ် ပါဝင်သည့် စိစစ်ရေး ကော်မတီက စိစစ်မည်ဖြစ်ကာ အငြိမ်းစားဝန်ထမ်း၊ အစိုးရဝန်ထမ်းများနှင့် ဝင်ငွေနည်းမိသားစု လွှောက်လွှာဟု အရောင်သုံးရောင် သတ်မှတ်ထားကြောင်း အဆိုပါဌာနထံမှ သိရသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး

ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...

ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...

အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service