နာမည်ကြီး အထပ်မြင့်စီမံကိန်းများအပါအ၀င် အဆောက်အအုံ ၁၂၀ ကျော်ကို စည်ပင်ခွင့်ပြု

နာမည်ကြီး အထပ်မြင့်စီမံကိန်းများအပါအ၀င် အဆောက်အအုံ ၁၂၀ ကျော်ကို စည်ပင်ခွင့်ပြု - Property News in Myanmar from iMyanmarHouse.com
3 Feb 2017 10:09 am တွင် တင်ခဲ့သည်
1737 ကြိမ် ကြည့်ရှု့ပြီး
မြေပြင်လုပ်ငန်းများပင် မစတင်ရသေးသည့် အထပ်မြင့် အဆောက်အအုံ စီမံကိန်း ၁၃၀ အနက် ၁၂၃ လုံးကို စစ်ဆေးမှုများ ပြီးစီးပြီဖြစ်၍ လုပ်ငန်းများဆက် လက် ဆောင်ရွက်နိုင်ရန် ခွင့်ပြု လိုက်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သတင်းရရှိသည်။

ကျန်ရှိသည့် ခုနစ်လုံးသည် ပြန်လည်ပြင်ဆင်ရန်နှင့် စစ်ဆေးမှုများလုပ်ဆောင်ရန် ကျန်ရှိနေသ ဖြင့် ကြန့်ကြာနေခြင်း ဖြစ်ကြောင်း အင်ဂျင်နီယာနှင့်
အဆောက်အအုံဌာနမှ သိရသည်။

အများစုသည် ၁၀ ထပ်မှ အထပ် ၃၀ အထိ ဆောက်လုပ်မည့်စီမံကိန်းများပါဝင်ပြီး Golden City ၊ ဗီယက်နမ်နိုင်ငံ၏ ဟောင်အင်းဂရီလာစီမံကိန်းအပိုင်း−၂၊ ရန်ကင်း မြို့နယ်တွင် မြေနေရာ အစားပြန်ရခဲ့သည့် MARGA LAND MARK နှင့် တောင်ဥက္ကလာပ ဗန္ဓုလ ကားဝင်းတွင် အကောင်အထည် ဖော်မည့် INNO City စီမံကိန်းအစ ရှိသော နာမည်ကြီးအထပ်မြင့်စီမံ ကိန်းများ ပါဝင်သည်။

ယင်းအဆောက်အအုံများကို ရန်ကုန်မြို့တော်အင်္ဂါရပ်နှင့်အညီ အဆောက်အအုံများဆောက်လုပ်မှုစိစစ်ရေးကော်မတီက စစ်ဆေးပြီး ဖြစ်၍ ကျန်ရှိသည့် လုပ်ငန်းစဉ်များအတိုင်း ဆက်လက်ဆောင်ရွက်ခွင့်ရရှိပြီ ဖြစ်သည်။

အဆိုပါ အဆောက်အအုံ များသည် ရန်ကုန်မြို့တော်စည်ပင်တွင် တည်ဆောက်ခွင့် (အမှုတွဲ) များထပ်မံတင်ပြရမည် ဖြစ် သည်။

ယင်းစီမံကိန်းများမှာ ၂၀၁၆ ကတည်းက လုပ်ငန်း စတင်ရန် စီစဉ်ထားသော အထပ်မြင့် စီမံကိန်းများ ပါဝင်ပြီး အစိုးရသစ်တက်ပြီး နောက်ပိုင်း စစ်ဆေးမှုများ ပြုလုပ်နေ၍ ကြန့်ကြာမှုများရှိခဲ့သည်။

‘‘အဆောက်အအုံတွေ ဆက်လက်တည်ဆောက်ခွင့်ကိုတော့ ၂၀၁၆ နှစ်လယ်ကတည်းက ခွင့်ပြုပေးထားတာ။ ခွင့်ပြုပေးရင်းနဲ့ စစ် ဆေးမှုတွေ လုပ်နေတဲ့အချိန်မှာ အဆင့်ဆင့်စစ်ဆေးမှုတွေ လုပ် သွားတာ’’ဟု ရန်ကုန်မြို့တော် အင်္ဂါရပ်နှင့်အညီ အဆောက်အအုံများ ဆောက်လုပ်မှုစိစစ်ရေးကော် မတီဝင်တစ်ဦးက ပြောသည်။

ယခင်က ရန်ကုန်မြို့ရှိ အ သစ်တည်ဆောက်မည့် အဆောက်အအုံများနှင့် ဆောက်လုပ်ဆဲလုပ် ငန်းများကိုမူ အသစ်ဖြင့်သာ ခွင့်ပြုမည်ဟု သတင်းများထွက်ပေါ်ခဲ့ သော်လည်းယခုခွင့်ပြုပေးသည့် စီမံကိန်းများကို လက်ရှိကျင့်သုံးနေသည့်မူအတိုင်း စစ်ဆေးပြီး ဆက်လက်ဆောင်ရွက်ခွင့်ပြုမည်ဟု ဆိုသည်။

ရန်ကုန်တွင် အသစ်ထပ်မံ တည်ဆောက်မည့် ဆောက်လုပ် ရေးလုပ်ငန်းရှင်များသည် ဌာန၌ အမှုတွဲအသစ် (ဆောက်လုပ်ခွင့် လျှောက်ထားခြင်း)တင်ပြခြင်းကို ၂၀၁၆ နိုဝင်ဘာ ဒုတိယပတ်တွင် ပြန်လည်ခွင့်ပြုနေပြီ ဖြစ်သည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ...

ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွမ်းထက်လှကြောင်း တွေ့ရှိ...

အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျောက်ဖြစ်နေကြောင်း တွေ့ခဲ့ရသည့် ဆန်းကြယ်သော ဖြစ်ပုံ...

သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင်းကြောင်တောင် ဝင်ရောက်ဓားပြတိုက်...

ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ...

ဆံပင်ဆေးဆိုးခြင်းနှင့် ဆံပင်ဖြောင့်ခြင်းမှာ ရင်သားကင်ဆာဖြစ်နိုင်ချေ မြင့်မားစေကြောင်း အမေရိကန်သိပ္ပံပညာရှင်များ တွေ့ရှိ...

လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ...

ဂျပန်သိပ္ပံပညာရှင်တို့က အိပ်မက်များကို မှတ်တမ်းတင်ထားကာ အိပ်ယာနိုးလာချိန်တွင် ပြန်လည်ကြည့်ရှုနိုင်သော နားကြပ်တစ်မျိုး တီထွင်...

တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို ချေမှုန်းနိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး

သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃

မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service