တိုင်းဒေသကြီးနှစ်ခုမှ စီမံကိန်း သုံးခုအတွက် ဂျပန်အစိုးရက ကန်ဒေါ်လာ လေးသိန်း ထောက်ပံ့မည်

တိုင်းဒေသကြီးနှစ်ခုမှ စီမံကိန်း သုံးခုအတွက် ဂျပန်အစိုးရက ကန်ဒေါ်လာ လေးသိန်း ထောက်ပံ့မည် - Property News in Myanmar from iMyanmarHouse.com
26 Jan 2017 10:22 am တွင် တင်ခဲ့သည်
668 ကြိမ် ကြည့်ရှု့ပြီး
ဂျပန်နိုင်ငံ အစိုးရ၏ အသေးစား ထောက်ပံ့ရေး အစီအစဉ်အရ မကွေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ရှိ စီမံကိန်းသုံးခုအတွက်အမေရိကန်ဒေါ်လာ လေးသိန်းခန့် ထောက်ပံ့မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဂျပန်သံရုံးက ဇန်နဝါရီ ၂၄ ရက်တွင် ထုတ်ပြန်လိုက်သည်။ မြန်မာနိုင်ငံဆိုင်ရာဂျပန် သံ အမတ် H.E. Mr Tateshi HiGU- CHI နှင့် မကွေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးများ မှ ဆောက်လုပ်ရေးကော်မတီဥက္ကဋ္ဌတို့သည် စီမံကိန်းသုံးခုအတွက် အထောက်အပံ့ ပေးရေးသဘောတူစာချုပ်များ လက်မှတ်ရေးထိုးခဲ့ကြပြီး ဂျပန်အစိုးရ၏ အသေးစားစီမံကိန်းများထောက်ပံ့ရေး အစီအစဉ်အရ စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၉၅၇၉၅ ဒေါ်လာ ကို ထောက်ပံ့မှုပြု လုပ်မည်ဖြစ်သည်။

အဆိုပါစီမံကိန်းမှ ဧရာဝတီတိုင်းဒေသကြီး၊ ပါးရိုက်အခြေခံပညာ အလယ်တန်းကျောင်းခွဲ ဆောက်လုပ်ရေးစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၁၂ဝ၆၆၃ ဒေါ်လာ၊ မကွေးတိုင်းဒေသကြီး တွင် အောင်လံမြို့နယ် ဆတ်ဆူဝကျေးရွာ လမ်းအဆင့်မြှင့်တင်ရေး စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၁၄၅၈၇ဝ နှင့် ကရင်စမ်းကျေးရွာ လမ်းအဆင့်မြှင့်တင်ရေး စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၁၃၂၂၆၂ ဒေါ်လာ တို့ဖြစ်ကြောင်း သိရသည်။ အဆိုပါအထောက်အပံ့ဖြင့် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ပါးရိုက် အလယ်တန်းကျောင်းခွဲတွင် စာသင်ခန်းများ လုံလောက်မှုမရှိသဖြင့် ယာယီကျောင်း တစ်ဆောင်ကို ဆောက်လုပ်ထားခဲ့သည်။ သို့သော်လည်း လက်ရှိအဆောက်အအုံတွင် စာသင်ခန်း၌ ကျောင်းသား ၇ဝ မှာ ကျဉ်းကျပ်စွာစာသင်ကြားခဲ့ရပြီး၊ ကျောင်းသား၊ ကျောင်းသူများကို သင့်လျော်သော စာသင်ကြားမှုပတ်ဝန်း ကျင်ရရှိစေရန် ဂျပန်နိုင်ငံအစိုးရမှ ကျောင်းသုံးပရိဘောဂအပြည့်အစုံ နှင့် စာသင်ခန်းရှစ်ခန်းပါဝင်သော သံကူကွန်ကရစ်နှစ်ထပ်စာသင်ဆောင် တစ်ဆောင်ကို ပံ့ပိုးပေးမည်ဖြစ်ပြီး စီမံကိန်းသည် ကျောင်းရှိကျောင်းသား၊ ကျောင်းသူ ၄၉၁ ဦးကို အကျိုးခံစားရ မည်ဖြစ်ပြီး၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ လမ်းများကိုလည်း အဆင့် မြှင့်တင်သွားမည်ဖြစ်သည်။

ဂျပန်အစိုးရသည် မြန်မာနိုင်ငံတွင် အသေးစားစီမံကိန်းများ ထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှ စတင်ပြီး စီမံကိန်းပေါင်း ၈ဝ၅ ခုကို ထောက်ပံ့ပေးခဲ့ပြီး ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ လူမှုဖူလုံရေးနှင့် ပတ်ဝန်းကျင်ကဏ္ဍ၊ အခြေခံအဆောက် အအုံ စီမံကိန်းကဏ္ဍနှင့် အခြားအမျိုးမျိုးသောစီမံကိန်းများကို ထောက် ပံ့မှုများပြုလုပ်ခဲ့ပြီး၊ ယင်းထောက်ပံ့ မှုများသည် မြန်မာ-ဂျပန်နှစ်နိုင်ငံချစ် ကြည်ရေးကိုလည်း ပိုမိုတိုးတက်ခိုင် မာလာစေမည်ဖြစ်ကြောင်း သိရသည်။

Credit: Democracy Today

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ

ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ

ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား

ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...

အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...

ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင

ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service