ရွှေဗဟိုဈေးကွက် ဖော်ဆောင်ရန် ကြန့်ကြာဦးမည်ဟု ရွှေအသင်းဆို

ရွှေဗဟိုဈေးကွက် ဖော်ဆောင်ရန် ကြန့်ကြာဦးမည်ဟု ရွှေအသင်းဆို - Property News in Myanmar from iMyanmarHouse.com
11 Jan 2017 10:49 am တွင် တင်ခဲ့သည်
1366 ကြိမ် ကြည့်ရှု့ပြီး
ရွှေဗဟိုဈေးကွက်ဖြစ် ပေါ်လာရန် ရွှေလုပ်ငန်းရှင်များက အဆင်သင့်ဖြစ်နေသော်လည်း အစိုးရဘက်က အကူအညီမပေး နိုင်၍ ဖွင့်လှစ်ရန် ကြန့်ကြာနေ ဦးမည်ဟု မြန်မာနိုင်ငံရွှေလုပ်ငန်း ရှင်များအသင်း ဒုတိယ ဥက္ကဋ္ဌ ဦးကျော်မြင့်ကပြောသည်။

‘‘အားပေးမယ်လို့ပြောတယ်။ သူတို့လုပ်ပေးမှ ဖြစ်မယ်။ တင် တော့တင်ပြထားတယ်။ ရာခိုင် နှုန်းနဲ့ပြောရမယ်ဆို ၅၀ ရာခိုင် နှုန်းလောက်ပြီးနေပြီ။ ရွှေကုမ္ပဏီတွေဘက်က အဆင်သင့်ပဲ။ ဒါပေမဲ့ အစိုးရမပါရင်ဘာမှ လုပ် လို့မရဘူး’’ဟု ဦးကျော်မြင့်ကပြော ကြားသည်။

ရွှေဗဟိုဈေးကွက်ဖြစ်ပေါ် လာရေးအတွက် တတိယမူကြမ်း စည်းမျဉ်းများကို ပြင်ဆင်ရေး ဆွဲနေပြီဖြစ်ပြီး မူကြမ်းပြီးလျှင် လည်း ရွှေဗဟိုဈေးကွက်ဖြစ်ပေါ် လာစေရန်မှာ အစိုးရ၏ လုပ် ဆောင်မှုပေါ်သာ မူတည်သည်ဟု မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်း အတွင်းရေးမှူး ဦးကျော် ၀င်းကပြောသည်။

ရွှေဗဟိုဈေးကွက် ပေါ် ပေါက်လာရေးအတွက် လက်ရှိ အစိုးရနှင့် ရွှေလုပ်ငန်းရှင်များအ သင်းတို့ နှစ်ကြိမ်သာတွေ့ဆုံထား ပြီး အစိုးရဘက်က ကူညီပေးမည် ဟု ကတိစကားပြောကြားခဲ့သည် ဟု ဦးကျော်မြင့်ကပြောသည်။

ရွှေဗဟိုဈေးကွက်သည် ရောင်းသူနှင့် ၀ယ်သူတစ်နေရာ တည်းတွင် အဆင်ပြေစွာ ရောင်း ချနိုင်ရန် သတ်မှတ်ပေးသည့် ဈေး ကွက်ဖြစ်ပြီး ရွှေဗဟိုဈေးကွက် ပေါ်ပေါက်လာပါက ရွှေဈေးအ တက်အကျ တည်ငြိမ်အောင်ထိန်း သိမ်းနိုင်မည်ဖြစ်ပြီး လိမ်ညာ ရောင်းချမှုများနှင့် ရောင်းမှား ၀ယ်မှားများ မရှိတော့ဟု ဦးကျော် မြင့်ကပြောသည်။

ရွှေဗဟိုဈေးကွက် ဖြစ်ပေါ် လာစေရန် ယခု ပြင်ဆင်ထား သည့် သတ္တုတွင်း ဥပဒေတွင် ထုတ်လုပ်ပြီး သတ္တုကိုရောင်းချ ခွင့်ပေးထားသည်။ ထို့ကြောင့် ရောင်းခွင့်ဝယ်ခွင့် လိုင်စင်များ ထုတ်ပေးမည်ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးဝန်ကြီးဌာန အကြံပေး ဦး ၀င်းထိန်ကပြောသည်။

‘‘၀န်ကြီးဌာနဘက်ကတော့ အကုန်အဆင်သင့်ဖြစ်နေပါပြီ။ စီးကူးတို့၊ ဗဟိုဘဏ်တို့၊ အ ကောက်ခွန်တို့နဲ့ ညှိဖို့ပဲလိုတော့ တယ်။ နောက်ဆုံး လုပ်ရမှာက မြန်မာနိုင်ငံရဲ့ရွှေကို စံနှုန်းတစ်ခု သတ်မှတ်ပေးဖို့ ကျန်တော့တယ်’’ ဟု ဦးဝင်းထိန်ကပြောသည်။

မြန်မာ့ရွှေဗဟိုဈေးကွက် အ ကောင်အထည်ဖော်ရန် သမ္မတ ဦးသိန်းစိန်က ၂၀၁၅ ဒီဇင်ဘာ ၇ ရက်တွင် ခွင့်ပြုပေးခဲ့ပြီးဖြစ်သည်။ လက်ရှိတွင် ရွှေဗဟိုဈေးကွက် မရှိဘဲ အနီးဝန်းကျင်နိုင်ငံများ၏ ဈေးကွက်ကိုသာ မှီခိုရောင်းချနေ ရသည်။

Credit: 7DayDaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...

ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...

မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...

အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...

ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ

မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ

ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု

မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service