နေပြည်တော်ရှိ ဧက ၁၀၀ အကျယ်အဝန်းမှာ တန်ဖိုးနည်းအိမ်ရာ စီမံကိန်း စတော့မည်

နေပြည်တော်ရှိ ဧက ၁၀၀ အကျယ်အဝန်းမှာ တန်ဖိုးနည်းအိမ်ရာ စီမံကိန်း စတော့မည် - Property News in Myanmar from iMyanmarHouse.com
23 Dec 2016 10:47 am တွင် တင်ခဲ့သည်
2383 ကြိမ် ကြည့်ရှု့ပြီး
နေပြည်တော်ရှိ ဧက ၁၀၀ ကျယ်ဝန်းတဲ့ မြေပေါ်မှာ တန်ဖိုးနည်းအိမ်ရာ စီမံကိန်း တည်ဆောက်ရာ လူနေအ ခန်းပေါင်း ၂၁၄၄ ခန်းနဲ့ ပန်းခြံ ၊ ကျောင်း ၊ စိမ်းလန်းမြေ ၊ လမ်းတွေမီးတွေနဲ့ စနစ်ကျတဲ့ မြေအသုံးချစီမံကိန်း အဖြစ် လာမယ့်နှစ့် ဧပြီလမှာ စတင်မယ်လို့ မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနက သိရပါတယ် ။

အိမ်ရာစီမံကိန်းကို ဒက္ခိဏသီရိ မြို့ပတ်လမ်းနဲ့ ရာဇဌာနီလမ်းကြားရှိ ရန်အောင်မြေကြိုးဝိုင်းအတွင်းရှိ မြေဧက ၁၀၀ မှာ တဧကကို လူဦးရေ ၁၀၇ ယောက်နှုန်းထားနဲ့ အိမ်ခန်းတန်ဖိုး ကျပ်သိန်း ၁၀၀ အောက်ကနေ အမြင့်ဆုံး ကျပ်သိန်း ၄၀၀ တန်ဖိုးအတွင်းဆောက်လုပ်မှာ ဖြစ်ပါတယ် ။

နေပြည်တော်က အစိုးရရုံးစိုက်ရာမြို့ဖြစ်လို့ အငြိမ်းစားဝန်ထမ်းတွေနဲ့ ပြည်သူတွေကို ဦးစားပေး ရောင်းချမှာလည်း ဖြစ်ပါတယ် ။ အဆောက်အအုံနေရာအတွက်ကတော့ သတ်မှတ်ထားတဲ့ မြေဧကရဲ့ ၃၁ ရာခိုင်နှုန်းလောက်ပဲ ပါဝင်မှာဖြစ်ပြီး လမ်းနေရာ ၊ ပန်းခြံနဲ့ စိမ်းလန်းမြေနေရာ ၊ ဈေးနေရာ ၊ စာသင်ကျောင်းနေရာ ၊ ရုံးခန်းနေရာနဲ့ ထရန်စဖော်မာ တပ်ဆင်တဲ့ နေရာတွေကို ထည့်သွင်းဆောက်လုပ်မှာ ဖြစ်ပါတယ် ။

‘ကျောင်းကတော့ အလယ်တန်းကျောင်းပေါ့ ၊ ခုလက်ရှိတော့ မြေအသုံးချမှု ဒီဇိုင်းနဲ့ အဆောက်အအုံဒီဇိုင်းဆွဲပြီးပြီ ၊ ကုန်ကျစရိတ်ကတော့ တွက်နေဆဲပဲ’ လို့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဦးဝင်းနိုင်က ပြောပါတယ် ။

တည်ဆောက်မှု ဒီဇိုင်းအရ စီမံကိန်းမြေ အသုံးချမယ့် ပမာဏတွေက အိမ်ရာအဆောက်အအုံအတွက် ၃၁ ဧက ၊ လမ်းအတွက် ၂၂ ဧက ၊ ပန်းခြံနဲ့ စိမ်းလန်းမြေအတွက် ၃၄ ဧက ၊ ဈေးနေရာအတွက် ၆.၄၇ ဧက ၊ စာသင်ကျောင်းအတွက် သုံးဧက ၊ ရုံးခန်းအတွက် ၁.၃၇ ဧက နဲ့ ထရန်စဖော်မာနေရာအတွက် တစ်ဧကခွဲအကွက်ချ သုံးစွဲမှာ ဖြစ်တယ်လို့ သိရပါတယ် ။

အခန်းအကျယ်အဝန်းအရ ဈေးနှုန်းလေးမျိုးခွဲခြား ရောင်းချမှာ ဖြစ်ပါတယ် ။
‘ဒီစီမံကိန်းက စီမံကိန်းအသစ်ဖြစ်တဲ့အတွက် လာမယ့် ဖေဖော်ဝါရီ ၊ မတ်လောက်မှ စီစဉ်မှာ ၊ ဒါပေမဲ့ အခုကစပြီး ပြင်ဆင်ရတာပေါ့ ၊ စီမံကိန်းတစ်ခုလုပ်မယ်ဆိုရင် ညှိနှိုင်းပြင်ဆင်ရတာကို အနည်းဆုံး ခြောက်လကနေ တစ်နှစ်လောက်ကြာတယ်’ လို့ လက်ထောက်ညွန်ကြားရေးမှူး ဦးဝင်းနိုင်က ပြောပါတယ် ။

နေပြည်တွေစာ ဝန်ထမ်းမြို့ဖြစ်တဲ့အတွက် တန်ဖိုးနည်းအိမ်ရာတွေ လျှောက်ထားရာမှာ ဝန်ထမ်းတွေကိုပဲ ဦးစားပေးတာ ဖြစ်ပေမဲ့ အခုလက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေအတွက်ကတော့ လုံလောက်သလောက်ရှိနေပြီဖြစ်တဲ့အတွက် ပင်စင်ယူတော့မယ့် အငြိမ်းစားဝန်ထမ်းတွေကို ပိုပြီး ဦးစားပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ် ။

အခုလက်ရှိ စီစဉ်နေတဲ့အငြိမ်းစားဝန်ထမ်းတွေနဲ့ ပြည်သူတွေအတွက် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းမှာတော့ အငြိမ်းစားဝန်ထမ်းတွေကို ဦးစားပေးမယ့်အပြင် သည်အိမ်ရာ စီမံကိန်းထဲမှာ မြေကွက်ပါသွားတဲ့ လယ်သမားတွေကိုလည်း ဦးစားပေး အစီးအစဉ်မှာ ထည့်သွင်းဖို့ ညှိနှိုင်းပြီး ဖြစ်တယ်လို့ သိရပါတယ် ။

‘ဒီဧက ၁၀၀ ပေါ်မှာရှိတဲ့ လယ်သမားတွေအတွက်လဲ နစ်နာကြေးပေးပြီးပြီ’ လို့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဦးဝင်းနိုင်က ပြောပါတယ် ။

အိမ်ရာစီမံကိန်း မြေဧကပေါ်မှာ လယ်မြေတွေပါသွားတဲ့ လယ်သမားတွေအတွက် နစ်နာကြေးကို တစ်ဧက ၁၀ သိန်းနှုန်းနဲ့ လယ်သမား ၄၈ ဦးကို ပေးခဲ့ပြီး ဖြစ်သလို နေပြည်တော် စည်ပင်သာယာရေး ကိုလည်း မြေစည်ပင်စရိတ် တစ်ဧကကို သိန်း ၅၀ နှုန်းနဲ့ ပေးသွင်းခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ် ။


Credit: The Modern

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service