ဒေါ်လာဈေး မြင့်တက်မှုနှင့် ပတ်သက်၍ ပုဂ္ဂလိကဘဏ်နှင့် လုပ်ငန်းရှင်များကို ဗဟိုဘဏ် အမှာစာ လေးစောင်ထုတ်ပြန်

ဒေါ်လာဈေး မြင့်တက်မှုနှင့် ပတ်သက်၍ ပုဂ္ဂလိကဘဏ်နှင့် လုပ်ငန်းရှင်များကို ဗဟိုဘဏ် အမှာစာ လေးစောင်ထုတ်ပြန် - Property News in Myanmar from iMyanmarHouse.com
9 Dec 2016 9:54 am တွင် တင်ခဲ့သည်
1342 ကြိမ် ကြည့်ရှု့ပြီး
ဒေါ်လာဈေးစံချိန်တင် မြင့်တက်လာမှုကြောင့် ပုဂ္ဂလိက ဘဏ်များနှင့် စီးပွားရေးလုပ်ငန်း ရှင်များကို ဗဟိုဘဏ်က ဒီဇင်ဘာ ၅ ရက်တွင် အမှာစာ လေးစောင် ထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိ သည်။

ဗဟိုဘဏ်၏ ထုတ်ပြန်စာ တွင် ပြည်ပသို့ ကုန်ပစ္စည်းများ တင်ပို့ပြီး ခြောက်လအတွင်း ပို့ ကုန်ရငွေစာရွက်စာတမ်းများကို ဗဟိုဘဏ်သို့ တင်ပြပေးရန်၊ ကုန်သွယ်ရေးလုပ်ငန်းများမှ ရရှိသည့်နိုင်ငံခြားငွေများကို ဥပဒေနှင့်အညီပြည်တွင်းသို့ ပြန်လည်ပို့ဆောင်ပေးရန်၊ ပြည်ပနိုင်ငံများတွင် ငွေစာရင်းဖွင့်လှစ်ထားမှုများကို ဥပဒေနှင့်အညီ ပြောင်းလဲပြုလုပ်ရန်၊ ပြည်ပနိုင်ငံများတွင် ရင်းနှီးမြှုပ်နှံပြီး ကုမ္ပဏီများဖွင့်လှစ်ထားသူများသည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေများနှင့်အညီ ပြုလုပ်ရန် စသည့်ခေါင်းစဉ်များဖြင့် အမှာစာ လေးစောင်ထုတ်ပြန်ကြောင်း ပုဂ္ဂလိကဘဏ်တစ်ခုမှ အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။

မြန်မာငွေတန်ဖိုးကျဆင်းခြင်း နှင့် ပတ်သက်၍ ဗဟိုဘဏ်နှင့် ပြည်တွင်းပုဂ္ဂလိကဘဏ်များ ယခု ရက်ပိုင်းတွင် အစည်းအဝေးပြု လုပ်ခဲ့သည်ဟု ဆိုသည်။

ပြည်တွင်း၌ အမေရိကန်ဒေါ် လာရှားပါးခြင်းသည် ပြည်ပမှ ပို့ ကုန်ရငွေ အ၀င်ထက်ဝက်ခန့် လျော့နည်းခြင်းကြောင့်ဟု မြန်မာ နိုင်ငံတော်ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဒေါက်တာဆက်အောင်က ပြော ကြားသည်။ ပြည်တွင်း၌ ဒေါ်လာ ရှားပါးချိန်တွင် ငွေဈေးကစားလို သူများ ၀င်ရောက်ဝယ်ယူမှုများ ကြောင့် ဒေါ်လာတန်ဖိုးဆက်တိုက် မြင့်တက်လာခြင်းဟု မြန်မာနိုင်ငံ ဘဏ်များအသင်းဥက္ကဋ္ဌ ဦးခင် မောင်အေးက ပြောထားသည်။ ပြည်ပပို့ကုန်မှရရှိသည့် နိုင်ငံခြား ငွေပမာဏသည် ၆၀ ရာခိုင်နှုန်း ခန့်သာ ပြည်တွင်းသို့ပြန်လည်ဝင် ရောက်လာသည်ဟု ဒီဇင်ဘာ ၁ ရက်က ကုန်သည်စက်မှုအသင်း ချုပ်၌ ပထမဆုံးအကြိမ် ကျင်းပ သော ဒုတိယသမ္မတဦးဆောင် သည့် အစိုးရအဖွဲ့နှင့် စီးပွားရေး လုပ်ငန်းရှင်များ လစဉ်တွေ့ဆုံပွဲ ၌ ဦးဆက်အောင်က ပြောသည်။

မြန်မာကျပ်ငွေကျဆင်းခြင်း သည် ပြည်တွင်း၊ ပြည်ပအခြေအ နေနှစ်ရပ်ကြောင့် ဖြစ်ရခြင်းဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌဒေါ်ခင်စောဦးက ဒီဇင်ဘာ ၇ ရက်တွင် ပြည်ထောင်စုလွှတ်တော်၌ ပြောကြားသည်။ ပြည်တွင်း၌ အစိုးရဘတ်ဂျက်လိုငွေ မြင့်မား ခြင်း၊ ကုန်သွယ်မှုလိုငွေများနေခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအ၀င်နည်းခြင်းတို့ကြောင့်ဟု ဆိုသည်။

ပြည်ပအခြေအနေနှင့်ပတ် သက်၍ ဒုတိယဥက္ကဋ္ဌက ပြောကြားရာတွင် အမေရိကန်ဗဟိုဘဏ်၏ အတိုးနှုန်းမြှင့်တင်မည့် မူဝါဒ၊ တရုတ်နိုင်ငံမှ ယွမ်ငွေတန်ဖိုးချခြင်းတို့ ကြောင့် ဒေါ်လာတန်ဖိုးမြင့်တက် လာရခြင်းဟု ဆိုသည်။

ဒီဇင်ဘာ ၈ ရက်တွင် ပြင်ပ ဈေးကွက်၌ အမေရိကန်ဒေါ်လာ ပေါက်ဈေးသည် တစ်ဒေါ်လာ လျှင် ၁,၃၇၁ ကျပ်သို့ ပြန်လည် ကျဆင်းလာသည်။ ဒီဇင်ဘာ ၇ ရက်တွင် တစ်ဒေါ်လာ ၁,၃၇၆ ကျပ်ဖြင့် ဈေးပေါက်ခဲ့ပြီး နောက် တစ်ရက်တွင် အနည်းငယ်ပြန် လည်ကျဆင်းလာသည်။


Credit: 7DayDaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service