တန်ဖိုးနည်းနှင့် တန်ဖိုးသင့် တိုက်ခန်းများ ၀ယ်ယူရန် ရာခိုင်နှုန်း ၃၀ အထိ ငွေစုဆောင်း ထားသူများ နိုဝင်ဘာ ၂၈ ရက်မှ စတင်ကာ ၀ယ်ယူရန် လျှောက်လွှာတင်နိုင်မည်

တန်ဖိုးနည်းနှင့် တန်ဖိုးသင့် တိုက်ခန်းများ ၀ယ်ယူရန် ရာခိုင်နှုန်း ၃၀ အထိ ငွေစုဆောင်း ထားသူများ နိုဝင်ဘာ ၂၈ ရက်မှ စတင်ကာ ၀ယ်ယူရန် လျှောက်လွှာတင်နိုင်မည် - Property News in Myanmar from iMyanmarHouse.com
23 Nov 2016 9:29 am တွင် တင်ခဲ့သည်
1383 ကြိမ် ကြည့်ရှု့ပြီး
ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ တည်ဆောက်ထားသည့် တန်ဖိုးနည်းနှင့် တန်ဖိုးသင့် တိုက်ခန်းများ ၀ယ်ယူရန် ရာခိုင်နှုန်း ၃၀ အထိ ငွေစုဆောင်းထားသူများ စာရင်းကို ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHD) ဘဏ်ခွဲများတွင် ထုတ်ပြန်ပေးထားပြီး သတ်မှတ်ချက်နှင့် ကိုက်ညီသူများ အနေဖြင့် နိုဝင်ဘာ ၂၈ ရက်မှ စတင်ကာ အဆိုပါ တိုက်ခန်းများ ၀ယ်ယူနိုင်ရေး လျှောက်လွှာတင်နိုင်မည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနက နိုဝင်ဘာ ၂၁ ရက်တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ ရောင်းချမည့် တိုက်ခန်းများမှာ ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ရက် ၁၀၀ စီမံချက် လုပ်ငန်းအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်နှင့် ဒဂုံမြို့သစ် (ဆိပ်ကမ်းမြို့နယ်) တို့တွင် တည်ဆောက်ထားပြီးဖြစ်သည့် တိုက်ခန်းများကို ရောင်းချမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


အဆိုပါ တိုက်ခန်းများကို ရောင်းချရာ၌ CHD ဘဏ်တွင် တိုက်ခန်းတန်ဖိုး၏ ရာခိုင်နှုန်း ၃၀ ငွေစုဆောင်းထားရှိပြီး ဘဏ်ချေးငွေရယူရန် လစဉ်ပေးဆပ်နိုင်စွမ်းရှိသည့် ပုံမှန်ဝင်ငွေ ရှိသူများအား ရောင်းချသွားမည်ဖြစ်ပြီး သတ်မှတ်ချက်နှင့် ကိုက်ညီသူများ စာရင်းကို CHD ဘဏ်ရုံးများတွင် ထုတ်ပြန်ပေးထားကြောင်း သိရသည်။

အိမ်ရာစုဆောင်းငွေစာရင်း ဖွင့်လှစ်ထားသူများ အနေဖြင့် ညွှန်ကြားရေးမှုးချုပ်၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန၊ နေပြည်တော်သို့ လိပ်မူလျှောက်ထားရမည်ဖြစ်ပြီး လျှောက်လွှာများကို ဗိုလ်တထောင်မြို့နယ်ရှိ အိမ်ရာဖွံ့ဖြိုးရေး ဌာနခွဲနှင့် နေပြည်တော်ရုံးအမှတ် ၄၀ ရှိ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနတွင် နိုဝင်ဘာ ၂၈ ရက်မှ စတင်ကာ လျှောက်ထားနိုင်မည်ဖြစ်ပြီး ဒီဇင်ဘာ ၃၀ ရက် နောက်ဆုံး လျှောက်ထားရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနအနေဖြင့် တန်ဖိုးနည်း အခန်းပေါင်း ၂၂၀၀ စတင်ရောင်းချရန်ရှိပြီး ထပ်မံလိုအပ်သည့် နေအိမ်ခန်းများကိုလည်း တည်ဆောက်ဖြည့်ဆည်းသွားရန် ဆောင်ရွက်နေကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ရွှေလင်ပန်း တန်ဖိုးနည်းအိမ်ရာ စီမံကိန်းမှ အခန်းပေါင်း ၅၀၄ ခန်း၊ ဒဂုံဆိပ်ကမ်းမြို့နယ် ယုဇနအပိုင်း (၁)တွင် ၈၄၆ ခန်း၊ ဒဂုံဆိပ်ကမ်းမြို့နယ် ကနောင်အိမ်ရာတွင် အခန်းပေါင်း ၈၄၀ ခန်း စသည်တို့ကို ရောင်းချပေးမည်ဖြစ်ကာ အဆိုပါ တန်ဖိုးနည်းအိမ်ရာများ၏ တန်ဖိုးများမှာ ကျပ် ၉၇ သိန်းမှ ၁၃၄ သိန်းအကြား ဈေးနှုန်းများဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

ဝင်ငွေနည်း ပြည်သူများအတွက် နှစ်ရှည်အိမ်ရာ ချေးငွေစနစ်ဖြင့် ကျပ်သိန်း၁၀၀ ၀န်းကျင်ရှိ တန်ဖိုးနည်းအိမ်ရာများ ၀ယ်ယူခွင့်ရသူများအတွက် အိမ်ခန်းတန်ဖိုးချေးငွေ ပြန်ဆပ်ရမည့် ကာလကို ယခင်က ရှစ်နှစ်သာ ပေးထားသော်လည်း လက်ရှိအချိန်၌ ၁၀ နှစ်အထိ တိုးမြှင့်ပေးထားကြောင်း CHD ဘဏ်မှ သိရသည်။

CHD ဘဏ်အနေဖြင့် အိမ်ခန်းဝယ်ယူသူများသို့ ငွေချေးရာတွင် အိမ်ခန်းတန်ဖိုး ကျပ်သိန်း ၃၀၀ အထိကို ကနဦး (Down Payment) ပေးသွင်းမှု အနေဖြင့် ရာခိုင်နှုန်း ၃၀၊ အိမ်ခန်းတန်ဖိုး ကျပ်သိန်း ၃၀၀ ကျော်ပါက ရာခိုင်နှုန်း ၅၀၊ ဆောက်လုပ်ရေး ၀န်ကြီးဌာန စီမံချက်ဖြင့် တည်ဆောက်သော ကျပ်သိန်း ၁၀၀ အောက် တန်ဖိုးနည်း အိမ်ရာများအတွက် CHD ဘဏ်တွင် ငွေစုထားသူများအား ဦးစားပေးသည့် အနေဖြင့် ရာခိုင်နှုန်း ၃၀ သာ ပေးသွင်းရန် လိုအပ်ကြောင်း သိရသည်။


Credit:Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service