ခုနစ်လအတွင်း နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု အမေရိကန် ဒေါ်လာနှစ်ဘီလီယံကျော်ဝင်ရောက်

ခုနစ်လအတွင်း နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု အမေရိကန် ဒေါ်လာနှစ်ဘီလီယံကျော်ဝင်ရောက် - Property News in Myanmar from iMyanmarHouse.com
3 Nov 2016 10:35 am တွင် တင်ခဲ့သည်
1325 ကြိမ် ကြည့်ရှု့ပြီး
အစိုးရသစ်လက်ထက် ခုနစ်လအတွင်း နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု အမေရိကန် ဒေါ်လာနှစ်ဘီလီယံကျော်ဝင်ရောက်ခဲ့ပြီး ထပ်မံခွင့်ပြုရန် ဒေါ်လာ ၁ ဒသမ နှစ်ဘီလီယံကျော် ကျန်နေသေး ကြောင်း သတင်းရရှိသည်။

အထက်ပါပမာဏတွင် စင် ကာပူနိုင်ငံက အများဆုံးဝင်ရောက် ထားပြီး တရုတ်နိုင်ငံက ဒုတိယ အများဆုံးဖြစ်ကြောင်း ရင်းနှီးမြှုပ် နှံမှုကော်မရှင်၏ သတင်းထုတ် ပြန်ပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီ များညွှန်ကြားမှုဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသန်း အောင်ကျော်က ပြောကြားသည်။

‘‘အခုလက်ရှိ ရင်းနှီးမြှုပ်နှံမှု မှာစင်ကာပူက အများဆုံးဖြစ်နေ တယ်။ နောက်ထပ် အဆိုပြုတာ လည်း စင်ကာပူက အများဆုံးပဲ’’ ဟု ၎င်းကဆက်လက်ပြောကြား သည်။ရင်းနှီးမြှုပ်နှံမှုဥပဒေပြောင်း လဲပြဋ္ဌာန်းမှုကို လုပ်ငန်းရှင်များက စောင့်ကြည့်နေသဖြင့် ရင်းနှီးမြှုပ် နှံမှု ၀င်ရောက်မှုကျဆင်းတတ် သည်ဟု ဦးသန်းအောင်ကျော်က ပြောသည်။

၂၀၁၂ တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေကို အသစ် ပြ ဋ္ဌာန်းပြီးနောက် ယင်းနှစ်တွင်နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံသာ ၀င်ရောက်ခဲ့သည်။ ယခု အောက် တိုဘာတွင် ရင်းနှီးမြှုပ်နှံမှုဥပဒေ အသစ် ပြဋ္ဌာန်းသော်လည်း နှစ် ဘီလီယံကျော် ၀င်ရောက်နေပြီ ဖြစ်၍ အလားအလာ ပိုမိုကောင်းမွန်နေပြီဖြစ်ကြောင်း ၎င်းကပြော သည်။

လုပ်ငန်းခွင့်ပြုရန် အဆိုပြုထားသည့် နိုင်ငံများတွင် စင်ကာပူနိုင်ငံက အများဆုံးဖြစ်ပြီး အမေ ရိကန်ကုမ္ပဏီများက စင်ကာပူမှ တစ်ဆင့် ၀င်ရောက်နေခြင်းဖြစ် သည်ဟု အဆိုပါဌာနမှ သိရ သည်။

အမေရိကန်နိုင်ငံသည် မြန်မာနိုင်ငံကို ပိတ်ဆို့မှုဖယ်ရှား ပေးခဲ့သော်လည်း လက်ရှိအချိန် အထိ အမေရိကန်ကုမ္ပဏီများဝင် ရောက်မှုမရှိသေးကြောင်း ဦး သန်းအောင်ကျော်ကပြောသည်။

ဝင်ရောက်မှုလုပ်ငန်းများ တွင်ပို့ဆောင်ဆက်သွယ်ရေးလုပ် ငန်းဖြစ်သည့် ဖိုက်ဘာဆက်သွယ် ရေးလုပ်ငန်း၊ အင်တာနက်ဝိုင်ဖိုင် လုပ်ငန်း စသည့်လုပ်ငန်းများတွင် အမေရိကန်ဒေါ်လာ တစ်ဘီလီယံ ကျော် ၀င်ရောက်ထားပြီး အများ ဆုံးဖြစ်သည်။ ထို့နောက် စွမ်းအင် လုပ်ငန်းတွင် အမေရိကန်ဒေါ်လာ သန်း ၆၅၀ ကျော်ပမာဏဖြင့် ဒုတိယအများဆုံး ၀င်ရောက်ထား သည်။

စိုက်ပျိုးမွေးမြူရေးလုပ်ငန်း များမှာ ကန်ဒေါ်လာ ကိုးသန်းခွဲ ကျော်ဖြင့်အနည်းဆုံး ၀င်ရောက် ရင်းနှီးထားသည့် လုပ်ငန်းများဖြစ် သည်ဟု အဆိုပါဌာနမှသိရသည်။

နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မိန်းမများကို ကြောက်သောကြောင့် ၁၅ ပေမြင့်သော ခြံစည်းရိုး ကာရံကာ ၅၅ နှစ်လုံး တစ်ဦးတည်းသီးခြားနေထိုင်ခဲ့သော အသက် ၇၁ နှစ်အရွယ် အဘိုး...

ပူပူနွေးနွေး ကမ္ဘာ့ကျော်ကြင်စဦးမောင်နှံ Benny Blanco နှင့် Selena Gomez တို့နှစ်ဦး၏ စပိန်ရိုးရာစတိုင် ဒေါ်လာ ၃၅သန်းခွဲတန်စံအိမ်...

မက္ကဆီကိုတွင် ဆောက်လုပ်ရေးလုပ်သားတစ်ဦးက ချစ်သူ၏ နေအိမ်ရှိရာသို့ မြေအောက်လှိုဏ်ခေါင်းတူးကာ သွားခဲ့ပုံ...

မိန်းကလေးတို့၏ မျက်ရည်မှ ဓာတုအချက်ပြရနံ့ကို ရှူမိလျှင် ယောက်ျားလေးတို့၏ ဒေါသကို ၄၄ ရာခိုင်နှုန်း လျှော့ချပေးနိုင်ကြောင်း အစ္စရေးနှင့် အမေရိကန်သိပ္ပံပညာရှင်များ တွေ့ရှိ...

လူတိုင်းကို အသက်ကယ်နိုင်သည့် ကမ္ဘာ့အရှားပါးဆုံး ရွှေသွေး အမျိုးအစား၊ အသက်ကယ်ဆေးဖြစ်သကဲ့သို့ အသက်အန္တရာယ်လည်း ကြီးမားစေနိုင်...

အခေါင်းပေါ်ကို ကြောင်နက်ခုန်ကျော်ရင် သေဆုံးပြီးသူ ငုတ်တုတ်ထထိုင်တယ်ဆိုတာ ကိုယ်တွေ့ကြုံခဲ့သူ ဗီယက်နမ်အမျိုးသမီး...

ခေါင်းပြတ်သွားတာတောင် ၁၈ လ အသက်ဆက်ရှင်နေခဲ့တဲ့ အမေရိကန်က ကြက်ဖ

နှာချေလိုချိန်တွင် မချေဘဲ အောင့်ထားလိုက်ပါက ဦးခေါင်းတွင်းသွေးကြောပေါက်ကာ အသက်သေဆုံးသည်အထိ ဖြစ်နိုင်ကြောင်း သိပ္ပံပညာရှင်များ ပြောကြား...

တိုရှီဘာဝန်ထမ်းများကို ဘောနပ်စ်ပေးရန် ယန်းငွေ သန်း ၃၀၀ တင်ဆောင်လာသည့် ကားကို အကြံပိုင်စွာ လက်လွှဲရယူ လုယက်သွားသော သမိုင်းဝင် အံ့မခန်းဖြစ်ရပ်...

အိမ်ခြံမြေအကျိုးဆောင်အမျိုးသမီး ကျကျန်ခဲ့သော ဒေါ်လာ ၁၀၀၀၀ တန် ချက်လက်မှတ်ကို လိုက်ရှာ ပြန်ပေးတဲ့ အိမ်ရာမဲ့ အမျိုးသား ဘဝပြောင်းလဲသွားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် ဇနီး၏ ကွာရှင်းခံရသော အမျိုးသားက ထီထိုးပြီး ထီလက်မှတ်မေ့ကျန်ခဲ့ရာ ကောက်ရသူက ပြန်ပေး၊ ထိုထီလက်မှတ်မှ ဒေါ်လာ ၂

အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ

အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်

မွန်ဂို စစ်ဘုရင် တိမူးရဲ့ ကျိန်စာတိုက်ထားတဲ့ အုတ်ဂူကြီးကို သိပ္ပံပညာရှင်တွေ မကြောက်မရွံ့ ဖွင့်လိုက်ပြီးနောက် ကမ္ဘာ့သမိုင

သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ

တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ

မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး

ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service