အိမ်ခြံမြေဥာဏ်စမ်း (၂၅)

အိမ်ခြံမြေဥာဏ်စမ်း (၂၅) - Property News in Myanmar from iMyanmarHouse.com
26 Sep 2016 11:22 am တွင် တင်ခဲ့သည်
1931 ကြိမ် ကြည့်ရှု့ပြီး
တစ်ခါက ရန်ကုန်-မန္တလေး အမြန်ရထားကြီး၏ ရိုးရိုးတန်းတွဲပေါ်တွင် ဖြစ်လေသည်။

အချိန်ကား ည ၁၁ နာရီခန့်ဖြစ်သည်။

တစ်ခုသော ရထားတွဲ၏ မျက်နှာချင်းဆိုင် ထိုင်ခုံတန်း ၂ ခုအနက် တစ်ခုပေါ်တွင် မိန်းမပျိုတစ်ဦးနှင့် အသက် ၅၀ ခန့် အမျိုးသမီးကြီးတစ်ဦးတို့ ထိုင်နေကြပြီး အခြားထိုင်ခုံတန်း တစ်ခုပေါ်တွင်မူ ဗမာ၊ ရှမ်းနှင့် ကရင်လူမျိုး ယောက်ျားပျို ၃ ဦးတို့ ထိုင်ကာ လိုက်ပါလာကြ၏။

ယောက်ျားပျိုတို့သည် မိန်းကလေးကို မသိမသာတစ်မျိုး သိသိသာသာတစ်မျိုး ငေးမောလိုက်ပါလာကြရာ ကရင်မှာ အဆိုးဆုံးဖြစ်လေသည်။

ည ၁၁ နာရီ ၃၅ မိနစ်သို့ ရောက်သောအခါ ရထားတွဲအားလုံးတွင် ရုတ်တရက်မီးပျက်သွားပြီး မှောင်ကျသွား၏။
ထိုသို့ ရုတ်တရက်မီးပြတ်သွားစဉ်အတွင်း “ရွှတ်” ခနဲ နမ်းလိုက်သံနှင့်အတူ “ဖြန်း” ခနဲ ပါးရိုက်လိုက်သည့်အသံတို့ ထွက်ပေါ်လာပြီး မကြာမီတွင်ပင် မီးများ ပြန်လင်းလာလေသည်။

အမျိုးသမီးကြီးက တွေးနေသည်မှာ “အင်း၊ ကလေးမလေးက လက်သံတယ်ပြောင်သကိုး၊ ကောင်းတယ်၊ မအေပေးလေးတွေ နည်းတောင်နည်းသေးတယ်” ။

မိန်းမပျိုကလေးက တွေးနေသည်မှာ “ဟင်းး..ရှေ့ကအကောင်တွေ မီးပြတ်တော့ ငါ့ကိုလာနမ်းတာ၊ ငါ့ပါးကိုမနမ်းမိဘဲ အဒေါ်ကြီးကို သွားနမ်းမိလို့ ပါးချခံလိုက်ရတယ်။ ကောင်းလိုက်တာ။ သေနာတွေ”

ရှမ်းယောက်ျားပျိုကတွေးနေသည်မှာ “ဘေးကနှစ်ကောင်ထဲက တစ်ယောက်ယောက် ..ကောင်မလေးကို ပါးသွားနမ်းတာ အဆော်ခံလိုက်ရတယ်။ လဒတွေ သုံးလေးချက်လောက်ရိုက်ပစ်ရမှာ” ဟု တွေးနေလေသည်။

မေးခွန်းမှာ ကရင်နှင့် ဗမာနှစ်ဦး မည်သို့တွေးနေပြီး မည်သူပါးရိုက်ခံလိုက်ရပါသနည်း။

အဖြေကို နောက်တစ်နေ့တွင် ယခုမေးခွန်းအောက်၌ ဖော်ပြပေးပါမည်။

အဖြေမှာ........

ကရင်ကတွေးနေသည်မှာ .... "ဘေးနားကနှစ်ကောင်ထဲက တစ်ယောက်ယောက် ကောင်မလေးကို ပါးသွားနမ်းတာ ကောင်မလေးက နမ်းတဲ့သူကိုမရိုက်ပဲ ငါ့ကိုပါးလာရိုက်တယ်" ဟုတွေးနေလေသည်။

ဗမာကတွေးနေသည်မှာ .... "ဟဲ ... ဟဲ... မီးပျက်သွားတော့ ငါ့လက်ဖမိုးငါနမ်းပြီး ဘေးကကောင်ကို ပါးရိုက်လိုက်တာ ဘယ်သူမှမသိဘူး" ဟုဖြစ်လေသည် ။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ

ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ

ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား

ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...

အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...

ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service