ဂျပန်နိုင်ငံကိုဘေးမြို့တွင် နှစ်ပေါင်း ၂၃ နှစ်ကြာ ပိတ်ပင်ထားခဲ့သော မာယာဟိုတယ်ကြီးကို အများပြည်သူများ ပြန်လည်ဝင်ရောက်ခွင့်ပြု

ဂျပန်နိုင်ငံကိုဘေးမြို့တွင် နှစ်ပေါင်း ၂၃ နှစ်ကြာ ပိတ်ပင်ထားခဲ့သော မာယာဟိုတယ်ကြီးကို အများပြည်သူများ ပြန်လည်ဝင်ရောက်ခွင့်ပြု - Property News in Myanmar from iMyanmarHouse.com
19 Sep 2016 11:14 am တွင် တင်ခဲ့သည်
1646 ကြိမ် ကြည့်ရှု့ပြီး
ဂျပန်နိုင်ငံအလယ်ပိုင်း အိုဆာကာပင်လယ်ကွေ့ရှိ ကိုဘေးမြို့တွင် နှစ်ပေါင်း ၂၃ နှစ်ကြာ ပိတ်ပင်ထားခဲ့သော မာယာဟိုတယ်ကြီးကို အများပြည်သူများ ပြန်လည်ဝင်ရောက်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ဂျပန်အခြေစိုက်အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

မာယာကန်ကိုအမည်ရှိ အဆိုပါဟိုတယ်သည် ကိုဘေးမြို့ကြီးကို စီးမိုးရှုမြင်နိုင်သည့် နေရာတွင် တည်ရှိပြီး ယခုအခါတွင် လမ်းညွှန်ပါသည့် ကမ္ဘာလှည့်ခရီးသည်များကို ပြန်လည်ဝင်ရောက်ခွင့်ပြုတော့မည်ဟု ဆိုသည်။

အာ့ထ်ဒက်ကိုဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသော အဆိုပါဟိုတယ်ကို Maya Cablecar ကုမ္ပဏီက ၁၉၂၉ ခုနှစ်တွင် မာယာတောင်တန်းထိပ်တွင် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

မူလက မာယာကလပ်ဟုခေါ်ပြီး နောက်ပိုင်းတွင် ကုမ္ပဏီ၏ ကောင်းကင်ကြိုးကားဖြင့် ဆက်သွယ်ပေးခဲ့သည်။
ဟိုတယ်မှာ လေးထပ်အဆောက်အအုံဖြစ်ပြီး တောင်ခြေရှိ မာယာပင်လယ်ကွေ့ကို အပေါ်စီးမှ မြင်ရသည့်ရှုခင်း ရရှိထားသည်။

ကောင်းကင်ကြိုးကားကို ဒုတိယကမ္ဘာစစ်ကြီးအတွင်း ပိတ်သိမ်းလိုက်ပြီး ၁၉၄၅ ခုနှစ်တွင်မူ ဟိုတယ်ဝန်ဆောင်မှု ပိတ်သိမ်းလိုက်သည်။

ဒုတိယကမ္ဘာစစ်ကြီးအတွင်း ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ကြီးမားစွာပျက်စီးခဲ့ရပြီး ၁၉၆၁ ခုနှစ်တွင်မှ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သည်။

၁၉၆၇ ခုနှစ်တွင် တိုင်ဖုန်းမုန်တိုင်းကြောင့် ကြီးမားစွာပျက်စီးခဲ့ရပြီးနောက်ပိုင်း ပိတ်သိမ်းလိုက်ရပြန်သည်။

၁၉၇၀ ၀န်းကျင်တွင် ကျောင်းသားများအစည်းအဝေးပြုလုပ် ဆွေးနွေးဖလှယ်ရာနေရာနှင့် အဆောင်အဖြစ်အသုံးပြုခဲ့ပြီး ၁၉၉၃ တွင် ပိတ်သိမ်းခဲ့ပြန်သည်။

၁၉၉၅ ခုနှစ်တွင် ဟန်ရှင်းငလျင်ကြီးအပြင်းအထန်လှုပ်ခတ်ခဲ့ရာတွင် မာယာဟိုတယ်ကြီးမှာ အံ့အားသင့်ဖွယ်ကောင်းစွာပင် ပြိုကျခဲ့ခြင်း မရှိချေ။

သို့ရာတွင် တောင်ပေါ်လမ်းအခြေအနေ အလွန်ဆိုးရွားသွားသောကြောင့် လုံခြုံရေးအရ အများပြည်သူဝင်ရောက်ခွင့် ပိတ်သိမ်းလိုက်ရသည်။

နောက်ပိုင်းတွင် အဆောက်အအုံမှာ သစ်ပင်၊ ခြုံနွယ်ပိတ်ပေါင်းများ ထူထပ်စွာပေါက်ရောက်ကာ ပျက်စီးလျက်ရှိခဲ့တော့သည်။

အဆိုပါဟိုတယ်ကို အိုဆာကာအခြေစိုက် အိမ်ခြံမြေကုမ္ပဏီ နီဟွန်းဆားဗစ်ကုမ္ပဏီမှ ပိုင်ဆိုင်ပြီး အများပြည်သူသို့ ပြန်လည်ဝင်ရောက်ခွင့်ပြုနိုင်ရန် ဒေသတွင်းအဖွဲ့အစည်းအများအပြားသို့ ချဉ်းကပ်ခဲ့ရသည်ဟု ဆိုသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဂျပန်နိုင်ငံကိုဘေးမြို့တွင် နှစ်ပေါင်း ၂၃ နှစ်ကြာ ပိတ်ပင်ထားခဲ့သော မာယာဟိုတယ်ကြီးကို အများပြည်သူများ ပြန်လည်ဝင်ရောက်ခွင့်ပြု - Property News in Myanmar from iMyanmarHouse.com
ဂျပန်နိုင်ငံကိုဘေးမြို့တွင် နှစ်ပေါင်း ၂၃ နှစ်ကြာ ပိတ်ပင်ထားခဲ့သော မာယာဟိုတယ်ကြီးကို အများပြည်သူများ ပြန်လည်ဝင်ရောက်ခွင့်ပြု - Property News in Myanmar from iMyanmarHouse.com
ဂျပန်နိုင်ငံကိုဘေးမြို့တွင် နှစ်ပေါင်း ၂၃ နှစ်ကြာ ပိတ်ပင်ထားခဲ့သော မာယာဟိုတယ်ကြီးကို အများပြည်သူများ ပြန်လည်ဝင်ရောက်ခွင့်ပြု - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး

လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ

လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း

Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ

ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ

ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား

ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...

အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က

ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ

ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)

THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service