ဒူဘိုင်းတွင် ပျော်ရွှင်မှုများကိုဆောင်ကြဉ်းပေးမည့် ကမ္ဘာ့ပထမဆုံးပျော်ရွှင်ခြင်းမြို့တော်ကြီးတည်ဆောက်မည်

ဒူဘိုင်းတွင် ပျော်ရွှင်မှုများကိုဆောင်ကြဉ်းပေးမည့် ကမ္ဘာ့ပထမဆုံးပျော်ရွှင်ခြင်းမြို့တော်ကြီးတည်ဆောက်မည် - Property News in Myanmar from iMyanmarHouse.com
14 Sep 2016 9:54 am တွင် တင်ခဲ့သည်
1012 ကြိမ် ကြည့်ရှု့ပြီး
ဒူဘိုင်းအခြေစိုက် နာမည်ကျော် developer ဖြစ်သောDubai Southသည် ပျော်ရွှင်မှုများကိုသာဆောင်ကြဉ်းပေးမည့် ကမ္ဘာ့ပထမဆုံး “ပျော်ရွှင်ခြင်းမြို့တော်ကြီး” တစ်ခုဒူဘိုင်းတွင် တည်ဆောက်ရန် စီစဉ်လျက်ရှိကြောင်းအရှေ့အလယ်ပိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
Dubai Southသည် The Villages နှင့် The Pulseအမည်ရှိအိမ်ရာစီမံကိန်းနှစ်ခုဒူဘိုင်းတွင် ဆောက်လုပ်ခဲ့ပြီးလည်း ဖြစ်သည်။

ယခုစီမံကိန်းမှာပျော်ရွှင်မှုနှင့် လူတို့၏သာယာဝပြောမှုအပေါ် အခြေပြုဦးတည်သည့် မြို့ကြီးတစ်ခုတည်ထောင်ရန် ရည်မှန်းခြင်းဖြစ်ပြီး မြို့ပြလူနေမှုဆိုင်ရာပထမဆုံးအယူအဆတစ်ရပ်ဖြစ်ကြောင်းအဆိုပါကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
နေ့စဉ်လူနေမှုဘ၀၏ လိုအပ်ချက်အရပ်ရပ်ကို ဖြည့်တင်းပေးမည့်အပြင် နေထိုင်သူတို့၏ အဓိကလိုလားချက်များဖြစ်သောအပန်းဖြေလမ်းလျှောက်နိုင်ခြင်း၊ လမ်းကြပ်မှုမရှိစေရန်အတွက် ၀င်ပေါက်နှင့်ထွက်ပေါက် အများအပြားရှိခြင်း၊ ကားရပ်နားရန် နေရာကျယ်ကျယ်ဝန်းဝန်းရှိခြင်းတို့လည်း ဖန်တီးပေးထားမည်ဖြစ်သည်ဟုဆိုသည်။

ယခုစီမံကိန်းကိုCity of Youဟုအမည်ပေးထားပြီး ၂၀၂၀ dubai expo လက်ခံကျင်းပရန် ရည်ရွယ်ထားသည့် smart မြို့တော် ဖြစ်သည်။
အဆိုပါ မြိ့တော်အတွက် ၀က်ဘ်ဆိုက်တစ်ခု လွှင့်တင်ထားရာhttp://dubaisouth.ae/တွင် ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။
ယင်းမြို့တော်ကြီးကိုစတုရန်းပေ ၈၇ သန်း ကျယ်ဝန်းသည့် မြေနေရာပေါ်တွင် တည်ဆောက်မည်ဖြစ်ပြီးဒူဘိုင်းငွေ ၂၅ ဘီလီယံ (ကန်ဒေါ်လာ ၆ ဒသမ ၈ ဘီလီယံ/ စက်တင်ဘာ ၁၂ ရက်နေ့ ပေါက်ဈေးအရ) ကုန်ကျမည် ဖြစ်သည်။

အဆိုပါ မြို့တော်သည် အယ်လ်မက်ခ်တိုအမ် နိုင်ငံတကာလေဆိပ်အနီးတွင် တည်ရှိမည်ဖြစ်ပြီးဆောက်လုပ်ဆဲဖြစ်သောအဆိုပါလေဆိပ်ကြီးအပြီးသတ်ပြီးစီးပါကကမ္ဘာပေါ်တွင် အကြီးမားဆုံးလေဆိပ်ကြီးဖြစ်လာမည် ဖြစ်သည်။
ယင်းလေဆိပ်ကြီးသည် နှစ်စဉ်ဝင်ရောက်သူပေါင်း ၂၅ သန်းရှိမည်ဟုခန့်မှန်းထားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆို...

မွန်ဂို စစ်ဘုရင် တိမူးရဲ့ ကျိန်စာတိုက်ထားတဲ့ အုတ်ဂူကြီးကို သိပ္ပံပညာရှင်တွေ မကြောက်မရွံ့ ဖွင့်လိုက်ပြီးနောက် ကမ္ဘာ့သမိုင်းကို ပြောင်းလဲစေတဲ့ ဖြစ်ရပ်ကြီးပေါ်ပေါက်လာပုံ...

ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့်ပေးခဲ့သောအဖြစ်...

အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ...

ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွမ်းထက်လှကြောင်း တွေ့ရှိ...

အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျောက်ဖြစ်နေကြောင်း တွေ့ခဲ့ရသည့် ဆန်းကြယ်သော ဖြစ်ပုံ...

သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင်းကြောင်တောင် ဝင်ရောက်ဓားပြတိုက်...

ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ...

ဆံပင်ဆေးဆိုးခြင်းနှင့် ဆံပင်ဖြောင့်ခြင်းမှာ ရင်သားကင်ဆာဖြစ်နိုင်ချေ မြင့်မားစေကြောင်း အမေရိကန်သိပ္ပံပညာရှင်များ တွေ့ရှိ...

လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ

မွန်ဂို စစ်ဘုရင် တိမူးရဲ့ ကျိန်စာတိုက်ထားတဲ့ အုတ်ဂူကြီးကို သိပ္ပံပညာရှင်တွေ မကြောက်မရွံ့ ဖွင့်လိုက်ပြီးနောက် ကမ္ဘာ့သမိုင

ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ

မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service