မလေးရှားရှိ ပီနန်ကျွန်းတွင် အမျိုးသမီးတစ်ဦးမောင်းလာသည့် ကားပေါ်သို့ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ ၀န်ချီစက်ပြုတ်ကျရာ ဌာနစုံမှ စုံစမ်းစစ်ဆေးလျက်ရှိ

မလေးရှားရှိ ပီနန်ကျွန်းတွင် အမျိုးသမီးတစ်ဦးမောင်းလာသည့် ကားပေါ်သို့ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ ၀န်ချီစက်ပြုတ်ကျရာ ဌာနစုံမှ စုံစမ်းစစ်ဆေးလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
31 Aug 2016 11:36 am တွင် တင်ခဲ့သည်
1668 ကြိမ် ကြည့်ရှု့ပြီး
မလေးရှားနိုင်ငံ၊ ပီနန်ကျွန်းတွင် အမျိုးသမီးတစ်ဦးမောင်းလာသည့် ကားပေါ်သို့ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ ၀န်ချီစက်ပြုတ်ကျရာ ဌာနစုံမှ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း မလေးရှားအခြေစိုက်အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခု
တွင် ဖော်ပြသည်။

ချင်ခွန်စင်းအမည်ရှိ အမျိုးသမီးတစ်ဦးသည် ပီနန်ကျွန်း၏ မြို့တော် ဂျော့ခ်ျတောင်းမှ ဂျာလန် ရာဂျာ ချူလန်လမ်းမကြီးအတိုင်း ကားမောင်းလာစဉ် ည ၇ နာရီ ၁၅ အချိန်ခန့်တွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှ ၀န်ချီစက်သည် အထပ် ၂၀ အမြင့်မှ သူမ၏ကားပေါ်သို့ ပြုတ်ကျခဲ့ရာ ချင်ခွန်စင်းမှာ အခင်းဖြစ်နေရာတွင်ပင် သေဆုံးခဲ့ရသည်။

ယခုအခါတွင် အဆိုပါဝန်ချီစက်နှင့်ပတ်သက်သည့် ကုမ္ပဏီကို မလေးရှားအာဏာပိုင်အဖွဲ့အစည်းအသီးသီးမှ စုံစမ်းစစ်ဆေးလျက်ရှိသည်။
မလေးရှားဆောက်လုပ်ရေးလုပ်ငန်းဖွံ့ဖြိုးရေးဘုတ်အဖွဲ့ (CIDB) သည် ယင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ လုပ်သားများ အရည်အသွေးပြည့်မှီမှုရှိ၊ မရှိ စစ်ဆေးသွားမည်ဖြစ်ကြောင်းမလေးရှားအလုပ်
သမားရေးရာဝန်ကြီး ဖာဒီလာ ယူစွပ်က ပြောကြားသည်။

“အလုပ်သမားတွေဟာ အရည်အချင်းပြည့်မှီလား၊ CIDB မှာ မှတ်ပုံတင်ထားလား၊ ဂရင်းကဒ် ရထားလားဆိုတာတွေကို စစ်ဆေးသွားမှာပါ။ကုမ္ပဏီအနေနဲ့ဆိုရင် ဆောက်လုပ်ရေး
လုပ်ငန်းခွင်မှာသတ်မှတ်စံချိန်နဲ့အညီလုပ်ငန်းဆောင်ရွက်ဖို့
အတွက် CIDB မှာ မှတ်ပုံတင်ထားရမှာ ဖြစ်ပါတယ်။ အရေးယူမှုမလုပ်မီမှာ ဒီနှစ်ချက်ကို ကျွန်တော်တို့ စစ်ဆေးသွားမှာပါ”ဟု မလေးရှားဝန်ကြီးက ပြောကြားသည်။

စုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီးလျှင် ဆောက်လုပ်ရေး
လုပ်ငန်း ဆောင်ရွက်နေသည့် ကုမ္ပဏီအပါအ၀င် ၀န်ချီစက်မောင်းနှင်သူ (သို့မဟုတ်) ၀န်ချီစက်ပိုင်ဆိုင်သည့် ကုမ္ပဏီတို့ကို အရေးယူသွားမည်ဟု ဆိုသည်။

ဝန်ကြီးဌာန၏ အရေးယူမှုမှာ အလုပ်ခွင်ကျန်းမာရေးနှင့်လုံခြုံရေးဌာန (DOSH) နှင့် CIDB တို့၏ စုံစမ်းစစ်ဆေးချက်များအပေါ် အခြေခံကြောင်းလည်း ၀န်ကြီးက ပြောကြားသည်။
ဝန်ချီစက်မောင်းနှင်သူမှာ အခင်းဖြစ်အရပ်မှ ထွက်ပြေးတိမ်းရှောင်သွားသည်ဟု ဆိုသည်။
၁၉၉၄ခုနှစ်၊လုပ်ငန်းခွင်လုံခြုံရေးနှင့်ကျန်းမာရေးအက်
ဥပဒေအရ ၀န်ချီစက်မောင်းနှင်သူမှာ မလေးရှားနိုင်ငံသားများသာဖြစ်ရမည်ဟု ပြဌာန်း
ထားခြင်းကြောင်း ဂရင်းကဒ်ရှိ၊ မရှိ စစ်ဆေးမည်ဟု ၀န်ကြီးက ပြောကြားခြင်းလည်း ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
မလေးရှားရှိ ပီနန်ကျွန်းတွင် အမျိုးသမီးတစ်ဦးမောင်းလာသည့် ကားပေါ်သို့ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ ၀န်ချီစက်ပြုတ်ကျရာ ဌာနစုံမှ စုံစမ်းစစ်ဆေးလျက်ရှိ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ရွံစရာအကောင်းဆုံး အိမ်သာကို နိုင်ငံပေါင်း ၉၁ သို့ လိုက်လံရှာဖွေခဲ့သော ဗြိတိန်အမျိုးသား နောက်ဆုံးတွင် တွေ့ရှိသွားခဲ့၊ ဘယ်နိုင်ငံက ဘယ်လိုအိမ်သာမျိုးလဲ...

အမေရိကန်တွင် ၇ လပိုင်း ၁၁ ရက်နေ့ ည ၇း၁၁ မိနစ်အချိန်တွင် မွေးဖွားသော အလေးချိန် ၇ ပေါင် ၁၁ အောင်စရှိ ကလေးငယ်ကို 7-11 (7-Eleven) စတိုးက ပညာသင်စရိတ် ၇၁၁၁ ဒေါ်လာ ထောက်ပံ့...

တစ်နေ့ကို ၁၅ မိနစ် ခြေထောက်မြှောက်ထားရုံနဲ့ ရလာမယ့် အံ့သြစရာ အကျိုးကျေးဇူးများ

တခါက မြူမှုန်တွေဆိုင်းတဲ့ တောင်ပေါ်မြို့လေးမှာ ကွာရှင်းချင်တဲ့ ဇနီးမောင်နှံတိုင်းကို ၄၅ ရက် ဖမ်းချုပ်ပြီး အတူထည့်ထားဖူးတဲ့ အိမ်တစ်လုံးရှိခဲ့ဖူးတယ်၊ နှစ် ၃၀၀ အတွင်း ကွာရှင်းမှု တစ်ခုထဲပဲရှိခဲ့...

တောင်ကိုရီးယား သိပ္ပံပညာရှင်များ တီထွင်နေသည့် နှစ် ၂၅၀ အသက်ရှည်စေမည့်ဆေး နာမည်ကြီးနေ

တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ

တရုတ်ပြည်မှ အများသုံး အိမ်သာများတွင် အပေါ့သွားပါက ဆီးပါတခါတည်း စစ်ဆေးပေး

အိန္ဒိယတွင် ဆရာဝန်များ ဆေးစာရေးရာ၌ ဖတ်ရှု၍ ရစေရန် အကြီးစာလုံးဖြင့်သာ ရေးရမည်ဟု အမိန့်ထုတ်...

ဒေါက်ခွပင်၏ အမြစ်မှာ အူမကြီးကင်ဆာဆဲလ်များကို ၄၈ နာရီအတွင်း ၉၅ ရာခိုင်နှုန်း ချေမှုန်းနိုင်ကြောင်း ကနေဒါသိပ္ပံပညာရှင်များ တွေ့ရှိ...

အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ

သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ

ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့

မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး

မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ

မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service