စင်္ကာပူအိမ်သစ်ရောင်းအား ဇူလိုင်တွင် ၂ ဆကျော် မြင့်တက်

စင်္ကာပူအိမ်သစ်ရောင်းအား ဇူလိုင်တွင် ၂ ဆကျော် မြင့်တက် - Property News in Myanmar from iMyanmarHouse.com
18 Aug 2016 9:51 am တွင် တင်ခဲ့သည်
941 ကြိမ် ကြည့်ရှု့ပြီး
Executive Condominium (EC) များမှအပ စင်္ကာပူတွင် အိမ်သစ်ရောင်းချရမှုအရေအတွက်သည် ပြီးခဲ့သည့်​ ဇွန်လကထက် ဇူလိုင်​လတွင် ၂ ဆကျော် မြင့်တက်ခဲ့သည်။

ဇွန်​လက ၅၃၆ ခန်းရောင်းချခဲ့ရရာမှ ဇူလိုင်​လတွင် ၁၀၉၁ ခန်းရောင်းချခဲ့ရကြောင်း မြို့ပြဖွံ့ဖြိုးမှုအာဏာပိုင်အဖွဲ့က သြဂုတ်​လ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဇူလိုင်​လရောင်းချရမှု၏ ၇၆ ရာခိုင်​နှုန်းသည် ဆင်ခြေဖုံးနေရာများတွင်ဖြစ်ပြီး ၁၉ ရာခိုင်​နှုန်းက မြို့စပ်တွင်ဖြစ်ကာ ၅ ရာခိုင်​နှုန်းက မြို့လယ်တွင်ဖြစ်သည်။

အရောင်းအဝယ်မြင့်တက်မှုမှာ ရောင်းချမည့် အိမ်ခန်းသစ်များ ဈေးကွက်ထဲ ရောက်ရှိလာမှု မြင့်တက်လာခြင်းကြောင့်ဖြစ်သည်ဟု အိမ်ခြံမြေဆန်းစစ်လေ့လာသူများက ပြောကြားခဲ့သည်။ ဇွန်​လက ကျောင်းပိတ်ရက်များကို ရှောင်ရှားရန် ရောင်းချသူdeveloper ကုမ္ပဏီများက အိမ်ခန်းသစ်ချပြမှု နှောင့်နှေးအချိန်ဆွဲခဲ့ကြပြီး ဝယ်လက်များကလည်း ဝယ်ယူရန် တုံ့ဆိုင်းစောင့်ကြည့်နေခဲ့ကြသည်ဟုလည်း လေ့လာသူများက ပြောကြားခဲ့သည်။

ဇွန်​လက ပုဂ္ဂလိကကွန်ဒိုခန်း ၂၃၄ ခန်း ဈေးကွက်ထဲ ရောက်ရှိခဲ့ပြီး ဇူလိုင်​လတွင် ၆၂၄ ခန်း ရောက်ရှိခဲ့သည်။

EC ခန်းများရောင်းချရမှုသည်လည်း ဇွန်လတွင် ၂၃၂ ခန်းရှိခဲ့ရာမှ ဇူလိုင်လတွင် ၈၃၀ ခန်း ရောင်းချခဲ့ရပြီး ရောင်းအား သိသိသာသာ မြင့်တက်ခဲ့သည်။

နှစ်ကုန်အထိ ကျန်လများ၏ စင်္ကာပူအိမ်သစ်ရောင်းချရမှုသည် ၁ လလျှင် အိမ်ခန်း ၅၀၀ မှ ၇၀၀ အကြား ရှိမည်ဖြစ်ပြီး ၂၀၁၆ ခုနှစ်တစ်နှစ်တာကာလပတ်လုံးအတွင်း ရောင်းချရသည့် အိမ်ခန်း ၇၀၀၀ မှ ၈၀၀၀ အကြားရှိမည်ဖြစ်သည်ဟု PropNex အိမ်ခြံမြေကုမ္ပဏီ၏ CEO မိုဟာမက်အစ္စမေးလ်ကလည်း ခန့်မှန်းခဲ့သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တောင်ကိုရီးယား သိပ္ပံပညာရှင်များ တီထွင်နေသည့် နှစ် ၂၅၀ အသက်ရှည်စေမည့်ဆေး နာမည်ကြီးနေ

တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ

တရုတ်ပြည်မှ အများသုံး အိမ်သာများတွင် အပေါ့သွားပါက ဆီးပါတခါတည်း စစ်ဆေးပေး

အိန္ဒိယတွင် ဆရာဝန်များ ဆေးစာရေးရာ၌ ဖတ်ရှု၍ ရစေရန် အကြီးစာလုံးဖြင့်သာ ရေးရမည်ဟု အမိန့်ထုတ်...

ဒေါက်ခွပင်၏ အမြစ်မှာ အူမကြီးကင်ဆာဆဲလ်များကို ၄၈ နာရီအတွင်း ၉၅ ရာခိုင်နှုန်း ချေမှုန်းနိုင်ကြောင်း ကနေဒါသိပ္ပံပညာရှင်များ တွေ့ရှိ...

အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ

အသက် ၇၅ နှစ် အဘိုးအိုက ရေသန့်ဘူးကြီး ၁၄ ဘူးနေ့စဉ်မှာနေရာ ရေသန့်သမားက သံသယဖြစ်ကာ ရဲကို တိုင်တန်းကာ ရှာဖွေစစ်ဆေးလိုက်သောအခါ…...

ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ...

အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆို...

မွန်ဂို စစ်ဘုရင် တိမူးရဲ့ ကျိန်စာတိုက်ထားတဲ့ အုတ်ဂူကြီးကို သိပ္ပံပညာရှင်တွေ မကြောက်မရွံ့ ဖွင့်လိုက်ပြီးနောက် ကမ္ဘာ့သမိုင်းကို ပြောင်းလဲစေတဲ့ ဖြစ်ရပ်ကြီးပေါ်ပေါက်လာပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ

ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့

သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း

မွန်ဂို စစ်ဘုရင် တိမူးရဲ့ ကျိန်စာတိုက်ထားတဲ့ အုတ်ဂူကြီးကို သိပ္ပံပညာရှင်တွေ မကြောက်မရွံ့ ဖွင့်လိုက်ပြီးနောက် ကမ္ဘာ့သမိုင

ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ

လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ

စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ

အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆိ

မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း

မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service