ရန်ကုန်တိုင်းအတွင်းရှိ အဓိကတံတားကိုးစင်းကို ရေရှည်အသုံးပြုရန် စီမံမည်

ရန်ကုန်တိုင်းအတွင်းရှိ အဓိကတံတားကိုးစင်းကို ရေရှည်အသုံးပြုရန် စီမံမည် - Property News in Myanmar from iMyanmarHouse.com
10 Aug 2016 11:01 am တွင် တင်ခဲ့သည်
1411 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အဓိကတံတားကြီးကိုး စင်းကို ရေရှည်အသုံးပြုနိုင်ရန် ကုန်တင်ယာဉ်ကြီးများ တန်ပိုတင် ဆောင်မောင်းနှင်ခြင်းကို စိစစ် မည်ဟု ဆောက်လုပ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦး ၀င်းခိုင်ကပြောသည်။

‘‘တံတားတွေ ရေရှည်ခံ အောင် ကြာကြာသုံးနိုင်ဖို့ ၀န်ကြီး က မှာသွားတယ်။ ရန်ကုန်မှာက ကွန်တိန်နာတွေ၊ ကုန်တင်ယာဉ် တွေသုံးတာ အရမ်းများတော့ အ ဓိက တန်ပိုမတင်အောင်စစ်ဆေး ဖို့ လိုတယ်ဆိုပြီး ၀န်ကြီးက မှာ ကြားသွားပါတယ်’’ ဟု သြဂုတ် ၆ ရက်တွင် ရန်ကုန်မြို့ Prime Hill Business Square ၌ ပြုလုပ်သည့် ညှိနှိုင်း အစည်းအဝေးတွင် ပြည် ထောင်စု ၀န်ကြီး ဦးဝင်းခိုင်က ပြောကြားခဲ့သည်ဟု အဆိုပါအ စည်းအဝေးသို့ တက်ရောက်ခဲ့ သည့် ဆောက်လုပ်ရေးဝန်ကြီး ဌာန ညွှန်ကြားရေးမှူးတစ်ဦးက ဆိုသည်။

ရန်ကုန်တိုင်းရှိ တံတားကြီး ကိုးစင်းနှင့်ပတ်သက်၍ ညှိနှိုင်း အစည်းအဝေးတွင် ပြည်ထောင်စု ၀န်ကြီး ဦးဝင်းခိုင်နှင့်အတူရန်ကုန် တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုး မင်းသိန်း ပါတက်ရောက်ပြီး ဆွေး နွေးခဲ့ကြောင်း သိရသည်။

အဓိက တံတားကြီးကိုးစင်း ဖြစ်သည့် ပန်းလှိုင်မြစ်မှ တံတား နှစ်စင်း၊ လှိုင်မြစ်မှ တံတားလေး စင်း၊ ပဲခူးမြစ်မှ တံတားနှစ်စင်း၊ ပုဇွန်တောင်ချောင်းမှ တံတားတစ် စင်းတို့ကို အဓိကထား ထိန်းသိမ်း ရန် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ရန်ကုန်၌အဓိက တံတားကြီးကိုးစင်းအတွက် လိုအပ်နေသေးသည့် နည်းဥပဒေများကို ပြဋ္ဌာန်းမည်ဖြစ်ပြီးရေရှည်အသုံးပြုနိုင်ရန် မှာကြားခဲ့ကြောင်း အထက်ပါ ညွှန်ကြားရေးမှူးကဆိုသည်။

လက်ရှိ ရန်ကုန်တိုင်း သန် လျင်တံတား အမှတ် (၁) တွင် တန်ပိုတင်ဆောင်သည့် ကားများ ဖြတ်သန်းမှု စစ်ဆေးခြင်းနှင့် တွဲ ကားများ၊ ၁၂ ဘီးကား များတင် ဆောင်မှုကို ဖြတ်သန်းခွင့်ပိတ်ပင် လိုက်ပြီး အခြားတံတားများတွင် လည်း လိုအပ်ပါက သန်လျင်ကဲ့ သို့ လုပ်ဆောင်နိုင်ရန် ညှိနှိုင်းဆွေး နွေးမှုများရှိကြောင်း သိရသည်။

ထပ်မံပြီး ငမိုးရိပ်ချောင်းတွင် တည်ဆောက်နေသော တံတား အသစ်များ အကြောင်းနှင့် ရန်ကုန်-ဒလတံတားစီမံကိန်းအ သစ်နှင့် သန်လျင် တံတား အသစ် နှင့်ပတ်သက်သည့် လက်ရှိလုပ် ဆောင်နေသော အခြေအနေများ ကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

Credit : 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး

ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...

ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...

အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်

Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service