မွန်ပြည်နယ်ရှိ ကျေးရွာ ၁၀ ရွာတွင် နှစ် ၃၀ မြေငှားဂရန် ပြုလုပ်ပေးမည်ဟုဆို

မွန်ပြည်နယ်ရှိ ကျေးရွာ ၁၀ ရွာတွင် နှစ် ၃၀ မြေငှားဂရန် ပြုလုပ်ပေးမည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
9 Jun 2016 10:37 am တွင် တင်ခဲ့သည်
1666 ကြိမ် ကြည့်ရှု့ပြီး
မွန်ပြည်နယ်အတွင်း မြေယာပြဿနာအနည်းပါးဆုံး ကျေးရွာ ၁၀ရွာတွင် နေထိုင်သူများအတွက် နှစ်သုံးဆယ် မြေငှားဂရန်ပြုလုပ်ပေးမည်ဖြစ်ကြောင်း ပြည်နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ သတင်းရရှိသည်။

‘‘ပြည်ထဲရေးဌာနက အမည်စာရင်းပေါက်ပြီးတော့ မြို့နယ်တစ်မြို့နယ်မှာ ရွာတစ်ရွာနှုန်းနဲ့ အနှစ် ၃၀ မြေငှားဂရန်လုပ်ပေးသွားမယ်။ ဒီလိုလုပ်ပေးတာဟာ အစိုးရရဲ့ ရက်တစ်ရာစီမံချက်ထဲမှာပါလို့။ အဲဒီကျေးရွာတွေက ပြည်ထဲရေးဝန်ကြီးဌာနရဲ့ မြေစာရင်းအမည်ပေါက်ဖြစ်ပြီးတော့ မြေယာအရှုပ်အရှင်းကင်းတဲ့ကျေးရွာကို ထုတ်ပေးသွားမှာပါ’’ ဟု မွန်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောသည်။

မြေငှားဂရန်ချပေးရာတွင် ကျေးရွာ ၁၀ ရွာမှ မြေဧရိယာ ၁၄၇ဒသမ၅၅၁ဧကကို ပြုလုပ်ပေးမည်ဖြစ်ပြီး ရက် ငါးဆယ်အတွင်း မြေငှားဂရန်များ အမြန်ထုတ်ပေးနိုင်ရန် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်ထားကြောင်း ဦးမြင့်သန်းဝင်းက ဆိုသည်။

မြေငှားဂရန် လျှောက်ထားသူများသည် အသက် (၁၈) ပြည့်ပြီးသည့် နိုင်ငံသားဖြစ်သူ၊ ကျေးရွာအုပ်စုအတွင်း နေထိုင်သူ၊ နိုင်ငံသား စိစစ်ရေးကတ်ပြားရှိသူ၊ လျှောက်ထားသူပါဝင်သည့် အိမ်ထောင်စုစာရင်းပုံစံ (၆၆/၆)ရှိသူ၊ အခြားအရပ်ဒေသမှ ပုံစံ (၁၀) ဖြင့် တရားဝင် ပြောင်းရွှေ့လာပါက ထိုကျေးရွာတွင် အနည်းဆုံး ၁၂ နှစ်နေထိုင်သူဖြစ်ရမည်ဟု စည်းကမ်းများသတ်မှတ်ထားသည်။

မြေဂရန်ပြုလုပ်ပေးမည့် ကျေးရွာများမှာ ကျိုက်ထိုမြို့နယ် သံတံတားကျေးရွာ၊ ဘီးလင်းမြို့နယ် အနိုင်းပွန်ကျေးရွာ၊ သထုံမြို့နယ် ချောင်းဝကျေးရွာ၊ ပေါင်မြို့နယ် ရေးစုကွက်သစ်ကျေးရွာ၊ မော်လမြိုင်မြို့နယ် ကော့ခပိုကျေးရွာ၊ ရေးမြို့နယ် နှင်းစုံကျေးရွာ၊ သံဖြူဇရပ်မြို့နယ် ပဒါငံကျေးရွာ၊ မုဒုံမြို့နယ် အခွန်ကျေးရွာ၊ ကျိုက်မရောမြို့နယ် ပေါ်ကျေးရွာနှင့် ချောင်းဆုံမြို့နယ် မူးရစ်ကြီးကျေးရွာတို့ ဖြစ်သည်။

မွန်ပြည်နယ်ရှိ မြို့နယ် ၁၀ မြို့နယ်တွင် ကျေးရွာပေါင်း ၁,၁၄၇ ရွာ၊ ကျေးရွာအုပ်စု ၃၆၈ စုရှိသည်။

Credit : 7Day Daily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး

ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...

ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...

အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service