ဒူဘိုင်းတွင် ၁.၈ မိုင် အပန်းဖြေတူးမြောင်း၏ နောက်ဆုံးအဆင့်များကိုကန်ဒေါ်လာ ၁၉၁ သန်းသုံးစွဲကာတည်ဆောက်လျက်ရှိ

ဒူဘိုင်းတွင် ၁.၈ မိုင် အပန်းဖြေတူးမြောင်း၏ နောက်ဆုံးအဆင့်များကိုကန်ဒေါ်လာ ၁၉၁ သန်းသုံးစွဲကာတည်ဆောက်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com
2 Jun 2016 11:16 am တွင် တင်ခဲ့သည်
1642 ကြိမ် ကြည့်ရှု့ပြီး
အာရပ်စော်ဘွားများပြည်ထောင်စု၊ ဒူဘိုင်းတွင် ၁ ဒသမ ၈ မိုင်ရှည်လျားသော အပန်းဖြေတူးမြောင်းဖောက် လုပ်လျက်ရှိရာ ယခုအခါ စတုတ္ထနှင့် ပဉ္စမအဆင့် များကိုကန်ဒေါ်လာ ၁၉၁ သန်းအကုန်အကျခံ၍ ဒူဘိုင်းလမ်းပန်းနှင့် သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ (RTA) က ဆက်လက်ဆောက်လုပ်လျက်ရှိကြောင်းအရှေ့ အလယ်ပိုင်းအခြေစိုက် အိမ်ခြံမြေ သတင်း ၀က်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြသည်။

ကမ္ဘာလှည့်ခရီးသည်များအပန်းဖြေရန်ရည်ရွယ်ကာယင်းတူးမြောင်းဖောက်လုပ်ခဲ့ခြင်း ဖြစ်ပြီးအာရေးဘီးယား ပင်လယ်ကွေ့သို့ ဆက်သွယ်ပေးမည် ဖြစ်သည်။
တူးမြောင်းမှာအလျား ၁ ဒသမ ၈ မိုင်၊ အကျယ်အ၀န်း ၈၀ မီတာ (၂၆၂ ပေ) မှ ၁၂၀ မီတာ (၃၉၃ ပေ)၊ အနက် ၆ မီတာ (၁၉ ပေ) ခန့် ရှိသည်။

တူးမြောင်းဖြတ် တံတားတို့မှာ ၈ မီတာ (၂၆ ပေကျော်) မြင့်မား စွာဆောက်လုပ်ထားသောကြောင့် တူးမြောင်းအတွင်း ၂၄ နာရီပတ်လုံး အန္တရာယ်ကင်းရှင်းစွာ လွတ်လွတ်လပ်လပ် သွားလာနိုင်မည် ဖြစ်သည်။
ယင်းတူးမြောင်းကို လာမည့် စက်တင်ဘာလအတွင်း အပြီးသတ်တည်ဆောက်နိုင်ရန် ရည်မှန်းထားသည်။
စတုတ္ထဆင့်အတွက် ကုန်ကျစရိတ်မှာကန်ဒေါ်လာ ၈၄ သန်းဖြစ်ပြီးတူးမြောင်းကမ်း တစ်ဘက်တစ်ချက်တွင် လူနေအိမ်ရာများ တည်ဆောက်ခြင်းလည်း ပါဝင်သည်။

ပဉ္စမအဆင့်မှာကန်ဒေါ်လာ ၁၀၈ သန်းကုန်ကျ မည်ဖြစ်ပြီးအာရေးဗီးယန်းပင်လယ်ကွေ့တွင် အဆုံးသတ် မည် ဖြစ်သည်။ RTA မှ အမှုဆောင်ဒါရိုက်တာဘုတ်အဖွဲ့ ဥက္ကဌဖြစ်သူ မက်တာအယ်လ်တယာ ကပြောကြားရာတွင် တူးမြောင်းဖောက် လုပ်မှုလုပ်ငန်း များဆက်လက် အကောင်အထည်ဖော် နေပြီးတံတားဆောက်လုပ်မှု များမှာ ၉၂ ရာခိုင်နှုန်းခန့် ပြီးစီးလျက် ရှိပြီဖြစ်ကြောင်း ပြော ကြားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဒူဘိုင်းတွင် ၁.၈ မိုင် အပန်းဖြေတူးမြောင်း၏ နောက်ဆုံးအဆင့်များကိုကန်ဒေါ်လာ ၁၉၁ သန်းသုံးစွဲကာတည်ဆောက်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com
ဒူဘိုင်းတွင် ၁.၈ မိုင် အပန်းဖြေတူးမြောင်း၏ နောက်ဆုံးအဆင့်များကိုကန်ဒေါ်လာ ၁၉၁ သန်းသုံးစွဲကာတည်ဆောက်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com
ဒူဘိုင်းတွင် ၁.၈ မိုင် အပန်းဖြေတူးမြောင်း၏ နောက်ဆုံးအဆင့်များကိုကန်ဒေါ်လာ ၁၉၁ သန်းသုံးစွဲကာတည်ဆောက်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com
ဒူဘိုင်းတွင် ၁.၈ မိုင် အပန်းဖြေတူးမြောင်း၏ နောက်ဆုံးအဆင့်များကိုကန်ဒေါ်လာ ၁၉၁ သန်းသုံးစွဲကာတည်ဆောက်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး

ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...

ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...

အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်

ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service