မြေညီထပ် အဖီဆွဲ၊ တိုးချဲ့နေရာယူထားသူများအား ပညာပေးမှုများ စတင်နေ

မြေညီထပ် အဖီဆွဲ၊ တိုးချဲ့နေရာယူထားသူများအား ပညာပေးမှုများ စတင်နေ - Property News in Myanmar from iMyanmarHouse.com
30 May 2016 11:19 am တွင် တင်ခဲ့သည်
2510 ကြိမ် ကြည့်ရှု့ပြီး
မြေညီထပ်၊ အောက်ထပ်များ အနေဖြင့် အများပြည်သူပိုင် လမ်းမပေါ် ပလက်ဖောင်းပေါ်၊ အများပြည်သူ ကားထားရမည့်နေရာကို ဆိုင်ဖွင့်ရန်အတွက် အဖီဆွဲထုတ်ခြင်းမျိုး မပြုလုပ်သင့်ကြောင်း၊ ထိုသို့ မပြုလုပ်ရန် အတွက်လည်း ပညာပေးမှု စတင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မေလ ၂၅ ရက်တွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောဆိုလိုက်သည်။

“အများပြည်သူ လမ်းမပေါ်၊ ပလက်ဖောင်းပေါ် ကျူးကျော်နေရင် ဖြစ်ဖြစ်၊ မိမိနေထိုင်တာဟာ အများပြည်သူ ကားထားရမည့်နေရာကို ကိုယ်က ဆိုင်ဖွင့်ဖို့အတွက် အဖီဆွဲထုတ်လိုက်တာပဲ ဖြစ်ဖြစ် ဒါမျိုးတွေဟာ မပြုလုပ်သင့်ပါဘူး။ မပြုလုပ်ဖို့အတွက်လည်း ပညာပေးမှု စတင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။

မိမိပိုင်ဆိုင်သည့် နယ်နိမိတ်စည်းမှ စည်ပင်သာယာနယ်နမိတ်၊ အခြားအများပြည်သူ ပိုင်ဆိုင်သည့် နယ်မြေများထဲသို့ ကျူးကျော်မှုများအတွက် တည်ဆဲဥပဒေများ ရှိပြီးသားဖြစ်ကြောင်း၊ ရှိပြီးသား စည်းမျဉ်းစည်းကမ်း ဥပဒေကို လိုက်နာရမည့် စံနှုန်းများ ပျက်ပြားသွားခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။

“ချိုးဖောက်ရင်း ချိုးဖောက်ရင်း ကိုယ့်ကိုယ်ကိုယ် အမှန်လို့ ထင်လာပါတယ်။ ဒါလုပ်လို့ရတယ်၊ ဒီအတိုင်းနေလို့ရတယ်။ ဒီပြဿနာဟာ နောင်လူတွေအတွက် လိုက်လုပ်စရာ ဖြစ်လာပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ နယ်မြေတိုင်း နယ်မြေတိုင်း မြေတိုင်းမြေတိုင်းမှာ ဥပဒေတွေ ရှိပါတယ်။ ဘာကြောင့်လဲဆို ဒီဥပဒေတွေ ခုမှထုတ်ထားတဲ့ ဥပဒေ မဟုတ်ပါဘူး။ ကာလကြာရှည်စွာ ရှိခဲ့တာဖြစ်ပါတယ်။ ဥပဒေစိုးမိုးမှု အားနည်းခဲ့ပါတယ်။ ဒီဥပဒေစိုးမိုးမှုဟာ ဘယ်လိုအခြေအနေမျိုးကို ကြုံရနိုင်လဲဆို ဖိနှိပ်တဲ့အစိုးရမျိုးကို ကြုံသွားနိုင်ပါတယ်” ဟုလည်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

ထို့အတူ ဥပဒေအတိုင်း နေထိုင်ပါက မည်သူကမှ ကိုယ့်အခွင့်အရေးကို မကျော်နင်းနိုင်ကြောင်း လူသားတိုင်းတွင် မွေးရာပါ အခွင့်အရေးများ ရှိပြီး၊ လူအခွင့်အရေး၊ ဒီမိုကရေစီ Right များ ရှိကြောင်း၊ ကိုယ့်အခွင့်အလမ်းကို စနစ်တကျ ရင်ဆိုင်ရန်အတွက် အားလုံးသည် ဥပဒေအောက်တွင် နေကြရမည်ဖြစ်သည် ဟုလည်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဆက်လက်ပြောကြားခဲ့သည်။

Credit : The Ladies News

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ

ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ

ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား

ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...

အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...

ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ

Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ

INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service