FMI ရှယ်ယာ တစ်လအတွင်း အနိမ့်ဆုံးသို့ ပြန်လည်လျော့ကျ

FMI ရှယ်ယာ တစ်လအတွင်း အနိမ့်ဆုံးသို့ ပြန်လည်လျော့ကျ - Property News in Myanmar from iMyanmarHouse.com
27 Apr 2016 10:26 am တွင် တင်ခဲ့သည်
3312 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်စတော့အိတ် ချိန်းတွင် တစ်ခုတည်းသော ရှယ် ယာအရောင်းအ၀ယ်လုပ်ကိုင်ခွင့်ရထားသည့် FMI ကုမ္ပဏီ၏ ရှယ် ယာအရောင်းအ၀ယ်သည် တစ်လအတွင်း အနိမ့်ဆုံးသို့ ပြန်လည် လျော့ကျလာကြောင်း သတင်းရရှိသည်။

ရန်ကုန်စတော့အိတ်ချိန်းအ တွင်း FMI ကုမ္ပဏီက ၂၀၁၆ မတ်၂၆ရက်တွင်ရှယ်ယာအရောင်းအ၀ယ်စတင်ပြုလုပ်ခဲ့သည်။ အဆိုပါကုမ္ပဏီသည် အစုရှယ်ယာစတင်ရောင်းချချိန်မှ ရှယ်ယာ တန်ဖိုးနှင့် အစုရှယ်ယာအရောင်း အ၀ယ်ပမာဏတစစမြင့်တက်ခဲ့ သော်လည်း တစ်လအကြာတွင် FMI ကုမ္ပဏီမှ ရှယ်ယာအ ရောင်းအ၀ယ်စတင်သည့်နေ့တွင် အစုရှယ်ယာ တစ်သိန်းကျော် ရောင်းချနိုင်ခဲ့သော်လည်း လက်ရှိ ဧပြီ ၂၅ ရက်၌ အစုရှယ်ယာ ၃,၈၀၀ ခန့်နှင့် ဧပြီ ၂၆ ရက်တွင် အစုရှယ်ယာ ၆,၀၀၀ ကျော်သာ အရောင်းအ၀ယ်ရှိခဲ့သည်။

အဆို ပါကုမ္ပဏီ၏ အစုရှယ်ယာတန်ဖိုး သည် မတ်လ ၂၉ ရက်တွင် ၄၁,၀၀၀ ကျပ်အထိ အမြင့်ဆုံးဈေးပေါက်ခဲ့ပြီး အစုရှယ်ယာပေါင်း တစ်သိန်းလေးသောင်းခန့် အရောင်းအ၀ယ်ဖြစ်ခဲ့သည်။ ယခု ဧပြီ ၂၆ ရက်တွင် အစုရှယ်ယာ တန်ဖိုးမှာ ၃၂,၀၀၀ သာ ပေါက် ဈေးရှိတော့သည်။

‘‘ကုမ္ပဏီက စရောင်းတဲ့အခါမှာ အမြင့်ဆုံးနှုန်းဖြစ်အောင် ဆွဲ တင်တယ်။ လူတွေက စိတ်ဝင်စား တော့ အစုရှယ်ယာဝယ်လိုအား တက်တာပေါ့။ အခုတော့ စိတ် ၀င်စားမှုလျော့သွားတဲ့ သဘော ပါ။ ဒီဈေးကလည်း ပုံမှန်ရှယ်ယာ ပေါက်ဈေးပါပဲ’’ဟု ရန်ကုန်စ တော့အိတ်ချိန်းအစုရှယ်ယာလေ့ လာသူတစ်ဦးက ပြောသည်။

ရန်ကုန်စတော့အိတ်ချိန်းစာ ရင်းမ၀င်မီ FMI ကုမ္ပဏီ၏ အစု ရှယ်ယာသည် ကျပ် ၃၀,၀၀၀ ခန့်ရှိ ပြီး အစုရှယ်ယာရောင်းချရန် စတင်ဖွင့်လှစ်သည့်ရက်တွင် ဈေးတက်သည်ဆိုသည့်အချက်ကို လိုချင်၍ အောက်ဈေးဖြင့် ဖွင့်ခြင်းဖြစ်နိုင်ကြောင်း ရှယ်ယာအရောင်းအ၀ယ်ပြုလုပ်ရန် လေ့လာသည့် အမျိုးသမီးက သုံးသပ်သည်။

FMI ကုမ္ပဏီအမှုဆောင် အရာရှိချုပ် ဦးသိမ်းဝေကမူ ရှယ် ယာပထမရောင်းချသည့်ရက်က ပင် မှတ်ချက်ပြုရန် မီဒီယာများ အား ငြင်းဆန်ထားသည်။

အဆိုပါကုမ္ပဏီ၏ ပထမဦး ဆုံးရှယ်ယာရောင်းချသည့်ရက် တွင် မူလအကြမ်းဖျင်းဈေး ကျပ် ၂၆,၀၀၀ သတ်မှတ်ခဲ့သော်လည်း ၀ယ်လိုအားများသောကြောင့် ကျပ် ၃၁,၀၀၀ အထိ ပေါက်ဈေး ရှိခဲ့ပြီး ရှယ်ယာတန်ဖိုး ၁၉ ရာခိုင် နှုန်းကျော် မြင့်တက်ခဲ့သည်။

ယခုရှယ်ယာအရောင်းအ ၀ယ်ပြုလုပ်ခြင်းသည် ကုမ္ပဏီများ က တိုက်ရိုက်ရောင်းချခြင်းမဟုတ် ဘဲ ယခင်ရှယ်ယာပိုင်ရှင်များက ပြန်လည်ရောင်းချခြင်း ဖြစ်သည်။ ရန်ကုန်စတော့အိတ်ချိန်း ဒုတိယ မြောက် အစုရှယ်ယာများ ရောင်း ချမည့် အများပိုင်ကုမ္ပဏီသည် သီလ၀ါအများပိုင်ကုမ္ပဏီဖြစ်ပြီး မကြာမီ ရောင်းချဖွယ်ရှိသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး

ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...

ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...

အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service