မေလအတွင်း စာရင်းဝင်ကုမ္ပဏီ တစ်ခုမှ အစုရှယ်ယာများ ထပ်မံ ရောင်းချ သွားမည်

မေလအတွင်း စာရင်းဝင်ကုမ္ပဏီ တစ်ခုမှ အစုရှယ်ယာများ ထပ်မံ ရောင်းချ သွားမည် - Property News in Myanmar from iMyanmarHouse.com
25 Apr 2016 10:44 am တွင် တင်ခဲ့သည်
1447 ကြိမ် ကြည့်ရှု့ပြီး
ပြီးခဲ့သည့် မတ်လ ၂၅ ရက်က ရန်ကုန်စတော့အိတ်ချိန်းတွင် အစုရှယ် ယာရောင်းချမည့် စာရင်းဝင်ကုမ္ပဏီများအနက် FMI ကုမ္ပဏီက အစုရှယ်ယာ စတင်ရောင်းချခဲ့ပြီး စတော့ရှယ်ယာ ဈေးကွက်အပေါ် အများပြည်သူ အထူး စိတ်ဝင်တစား စောင့်ကြည့် လေ့လာလျက်ရှိကာ စိတ်ဝင်စားမှု ရှိနေဆဲ ပင်ဖြစ်ကြောင်း သိရသည်။

ရင်းနှီးမြှုပ်နှံမှုဈေးကွက်တွင် စတော့ရှယ်ယာနှင့် ရင်းနှီးကျွမ်းဝင်မှု မရှိသေးသော် လည်း စိတ်ဝင်တစား စောင့်ကြည့် လေ့လာသူများပြားပြီး လာမည့် မေလအတွင်းတွင် ဒုတိယမြောက်ကုမ္ပဏီဖြစ်သော သီလဝါအများပိုင် ကုမ္ပဏီက အစုရှယ်ယာများ ရောင်းချသွားနိုင်ရန် ပြင်ဆင်လျက် ရှိသည်ဟု ရန်ကုန်စတော့အိတ်ချိန်းမှ သိရသည်။

FMI ကုမ္ပဏီ၏ အစုရှယ်ယာ စတင်ရောင်းချခဲ့သည့် ရက်သတ္တပတ်တွင် ရှယ်ယာဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ဝယ်လိုအား မြင့်တက်ခဲ့ကာ သင်္ကြန် ကာလ မတိုင်မီ၊ ဈေးကွက်မပိတ်ခင်ကာလတွင်မူ ရှယ်ယာဈေးနှုန်း များ ပြန်လည် ကျဆင်းမှုများဖြစ်ပေါ်ခဲ့သည်။

သင်္ကြန်ကာလ အပြီး ဈေး ကွက်ပြန်ဖွင့်ချိန်တွင် အစုရှယ်ယာ တစ်စုတန်ဖိုး ကျပ် ၃၂၀၀၀ ခန့် ဖြစ်လာပြီး စိတ်ဝင်တစား ဝယ်ယူသူများ ရှိလာကာ ထပ်မံ၍ ဒုတိယမြောက် ရှယ်ယာရောင်းချမည့် သီလဝါကုမ္ပဏီ၏ အစုရှယ်ယာရောင်းချမည့် အစီအစဉ် ကိုလည်း လေ့လာ စောင့်ကြည့်လျက်ရှိသည်ဟု ဈေးကွက် အတွင်းမှ သိရသည်။

"စတော့ရှယ်ယာဈေးကွက်ကတော့ စောင့်ကြည့် နေဆဲပဲဖြစ်ပါတယ်။ စိတ်ဝင်စားမှုတော့ ရှိပါတယ်။ လုံးဝမရှိတာထက်စာရင် စတော့အိတ် ချိန်းဖြစ်ပေါ်လာပြီ။ ဗီယက်နမ်ဈေးကွက်လို ဖြစ်လာမလား၊ တကယ့် နိုင်ငံ တကာ ဈေးကွက်လို ဖြစ်လာမလား ဆိုတာကတော့ ပြောဖို့ စောပါသေးတယ်။ အခုမှ စလုံးရေ စပဲ ရှိသေးတာကို။ သတိပြုစောင့်ကြည့်ရမှာပေါ့။ ကုမ္ပဏီ ကြီးတွေ နှစ်ပေါင်းများစွာ လုပ်လာတဲ့ ကုမ္ပဏီတွေကတော့ ရင်းနှီးမြှုပ်နှံမှု လုပ်ထားဖို့ကို စိတ်ဝင်စားပါတယ်။ ရုပ်လုံးမပေါ်သေးတဲ့ အနေအထားတွေ ကိုတော့ ရင်းနှီးမြှုပ်နှံမှု မလုပ်ရဲသေးဘူး။

အိမ်၊ ခြံ၊ မြေ၊ ကား၊ ရွှေ၊ ဒေါ်လာတွေ ကလည်း ကိုင်မထားချင်ဘူး။ ဒါကြောင့် စတော့မားကက်ကိုတော့ စောင့် ကြည့်နေတုန်းပါပဲ" ဟု လူငယ်စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

"ရှယ်ယာရောင်းဖို့ ပြင်ဆင်နေတဲ့ ကုမ္ပဏီတွေမှာ ရှယ်ယာရောင်းဖို့အတွက် သူတို့ရဲ့ပြင်ဆင်နေမှုတွေနဲ့ ဆိုင်ပါတယ်။ အခု ထပ်ရောင်းမယ့် ကုမ္ပဏီဆိုရင် ဧပြီလကုန် စရောင်းဖို့ ပြင်ဆင်နေတာပါ။ ဒါပေမယ့် မေလထဲမှာ စရောင်းဖြစ် မယ် ထင်ပါတယ်"ဟု ရန်ကုန် စတော့အိတ်ချိန်းမှ တာဝန်ရှိသူတစ်ဦး ကပြော သည်။

ရန်ကုန်စတော့အိတ်ချိန်းတွင် အစုရှယ်ယာများ ထုတ်ရောင်းမည့် အများပိုင် ကုမ္ပဏီ ခြောက်ခုကိုရွေးချယ်ထား ခဲ့ရာ First Myanmar Investment Co.,Ltd၊ First Private Bank Ltd? Great Hor Kham Public Co.,Ltd၊ Myanmar Agribusiness Public Corporation Ltd၊ Myanmar Citizen Bank Ltd၊ Thilawa SEZ Holding Public Ltd တို့မှ ရန်ကုန်စတော့အိတ်ချိန်း တွင် အစုရှယ်ယာများကို စတင်ရောင်းချပေးနိုင်ရန် ပြင်ဆင်လျက် ရှိရာတွင် ပထမဦးစွာ F.M.I ကုမ္ပဏီက ရှယ်ယာများကို မတ် ၂၅ ရက်က စတင်ရောင်း ချခဲ့ပြီး ဒုတိယအနေဖြင့် သီလဝါအများပိုင်ကုမ္ပဏီက မေလအတွင်း ရှယ်ယာများ ဆက်လက် ရောင်းချသွားနိုင်ရန် ပြင်ဆင်လျက်ရှိသည်ဟု သိရသည်။

Credit: MOI webportal Myanmar

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ

အသက် ၇၅ နှစ် အဘိုးအိုက ရေသန့်ဘူးကြီး ၁၄ ဘူးနေ့စဉ်မှာနေရာ ရေသန့်သမားက သံသယဖြစ်ကာ ရဲကို တိုင်တန်းကာ ရှာဖွေစစ်ဆေးလိုက်သောအခါ…...

ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ...

အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆို...

မွန်ဂို စစ်ဘုရင် တိမူးရဲ့ ကျိန်စာတိုက်ထားတဲ့ အုတ်ဂူကြီးကို သိပ္ပံပညာရှင်တွေ မကြောက်မရွံ့ ဖွင့်လိုက်ပြီးနောက် ကမ္ဘာ့သမိုင်းကို ပြောင်းလဲစေတဲ့ ဖြစ်ရပ်ကြီးပေါ်ပေါက်လာပုံ...

ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့်ပေးခဲ့သောအဖြစ်...

အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ...

ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွမ်းထက်လှကြောင်း တွေ့ရှိ...

အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျောက်ဖြစ်နေကြောင်း တွေ့ခဲ့ရသည့် ဆန်းကြယ်သော ဖြစ်ပုံ...

သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင်းကြောင်တောင် ဝင်ရောက်ဓားပြတိုက်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ

အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃

ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆိ

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service