ဒဂုံဆိပ်ကမ်းမြို့နယ်တွင် အခန်းပေါင်း ၁၅,ဝဝဝ ပါဝင်မည့် တန်ဖိုးနည်းအိမ်ရာ ဆောက်လုပ်မည်

ဒဂုံဆိပ်ကမ်းမြို့နယ်တွင် အခန်းပေါင်း ၁၅,ဝဝဝ ပါဝင်မည့် တန်ဖိုးနည်းအိမ်ရာ ဆောက်လုပ်မည် - Property News in Myanmar from iMyanmarHouse.com
22 Apr 2016 11:46 am တွင် တင်ခဲ့သည်
1226 ကြိမ် ကြည့်ရှု့ပြီး
ဒဂုံဆိပ်ကမ်းမြို့နယ်၊ မြနန္ဒာလမ်းနှင့် ရွှေလီလမ်းထောင့်ရှိ အစိုးရပိုင်မြေ ၁၈၃ ဧကပေါ်တွင် အခန်းပေါင်း ၁၅,ဝဝဝ ထွက်ရှိမည့် တန်ဖိုးနည်းအိမ်ရာ တည်ဆောက်မည်ဟု ဆောက်လုပ်ရေး စီမံကိန်းတွင် ဦးဆောင် ဆောက်လုပ်ရေးလုပ်ငန်းရှင်အဖြစ် ဆောင်ရွက်မည့် Capital Development ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးတင်မောင်ဝင်းက ပြောသည်။

ထိုတန်ဖိုးနည်းအိမ်ရာ စီမံကိန်းကို Capital Developmentကုမ္ပဏီက ဦးဆောင်ကုမ္ပဏီအဖြစ် အကောင်အထည်ဖော် တည်ဆောက် မည်ဖြစ်ပြီး စေပိုင်ဆောက်လုပ်ရေးလုပ်ငန်းနှင့် Bagan Business Group ဆောက်လုပ်ရေးလုပ်ငန်းများက ပူးတွဲလုပ်ငန်း အကောင် အထည်ဖော်သူများ အဖြစ် ဆောင်ရွက်မည်ဖြစ်သည်။

''Capital development ကုမ္ပဏီက အစိုးရကို တန်ဖိုးနည်းအိမ်ရာ အခန်း၃,ဝဝဝ နဲ့ ငွေကျပ် သုံးဘီလျံနဲ့ lead developer အဖြစ် တင်ဒါအောင်ခဲ့တာပါ။ lead developer ဖြစ်လို့ စီမံကိန်းတွေကို Capital Development က ဦးဆောင်ဆွဲပြီး တခြား developer ကုမ္ပဏီတွေနဲ့ ညှိနှိုင်းဆောင်ရွက်သွားပါမယ်။ တခြားစိတ်ဝင်စားတဲ့ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေကိုလည်း ဖိတ်ခေါ်ဆောင် ရွက်သွားပါမယ်'' ဟု ဦးတင်မောင်ဝင်းက ပြောသည်။

အဆိုပါ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရဟောင်းက ၂ဝ၁၅ ခုနှစ်၊ ဧပြီလတွင် ချိပ်ပိတ်တင် ဒါခေါ် ယူခဲ့ခြင်းဖြစ်ပြီး ရွှေတောင်ကုမ္ပဏီ၊ ထူးဆောက်လုပ်ရေးလုပ်ငန်း ၊ FCGC (IGE Group)၊ ချမ်းသာရွှေမြေကုမ္ပဏီနှင့် Young Entrepreneur Group ကုမ္ပဏီ အပါအဝင် ဆောက်လုပ်ရေးကုမဏီ ၁၂ ခုက စီမံကိန်းတင်ဒါ တင်သွင်းခဲ့ကြသည်ဟု သိရသည်။

စီမံကိန်း အကောင်အထည်ဖော်ရန် ၂ဝ၁၆ ခုနှစ်၊ ဇန်နဝါရီလတွင် ကုမ္ပဏီသုံးခုကို ပဏာမရွေးချယ် ခဲ့ပြီး မတ်လကုန်တွင်စီမံကိန်းဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုခဲ့ကြောင်း ဦးတင်မောင်ဝင်းက ပြောသည်။

''တင်ဒါရွေးတာ ကိုးလလောက်ကြာသွားတယ်။ စီမံကိန်း အကောင်အထည်ဖော်ဖို့ တင်ဒါကို ကုမ္ပဏီတွေကို ခွဲပေးမလား၊ တစ်ကွက်လုံး ဆောက်ချင်တဲ့သူတွေကိုပဲ ပေးမလား ဆွေးနွေးပြီး နောက်ဆုံးမှာ တစ်ကွက်လုံး ဆောက်နိုင်တဲ့သူတွေကိုပဲ ပေးမယ်ဆိုပြီး ရွေးချယ်ခဲ့တာပါ'' ဟု ၄င်းကပြောသည်။

အဆိုပါ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းကို တိုင်းဒေသကြီးအစိုးရက ရေပေးဝေနိုင်သည့်အချိန်တွင် စတင်ဆောက်လုပ်မည်ဖြစ်ပြီး တည်ဆောက်ချိန် ခြောက်နှစ် ကြာမြင့်မည်ဖြစ်သည်ဟု သိရသည်။

''တိုက်ခန်းတွေစဆောက်လုပ်ဖို့ ကုမ္ပဏီဘက်က လုပ်ပေးရမှာတွေရှိတယ်။ တိုင်းဒေသကြီး အစိုးရဘက်က လုပ်ပေးရမှာတွေရှိတယ်။ အဓိကကတော့ ရေပေါ့။ တိုင်းဒေသကြီးအစိုးရဘက်က ရေရအောင်လုပ်ပေးမှ စတင်ဆောက်လုပ်လို့ရမှာပါ။ တိုင်းဒေသကြီးဘက်က ၂ဝ၁၈ လောက်မှာ ရေပေးနိုင်မယ်လို့ပြောထားလို့ ၂ဝ၁၈ ခုနှစ်မှာ စတင်ဆောက်လုပ်မှာပါ'' ဟု ဦးတင်မောင်ဝင်းက ပြောသည်။

အဆောက်အအုံ အရည်အသွေး ကောင်းမွန်ရေးအတွက် ရေ၏ အရည်အသွေးကောင်းမွန်ရန် လိုအပ်ပြီး အဆောက်အအုံ တည်ဆောက်ပြီး ပါကလည်း နေထိုင်သူများအတွက် အရည် အသွေးပြည့်မီသော ရေရရှိရန် လိုအပ်သောကြောင့် ၂ဝ၁၈ ခုနှစ်တွင် စတင်ဆောက်လုပ်ရန် စီစဉ်ထားခြင်းဖြစ်သည်ဟု သိရသည်။

''အဲဒီမှာ ရေကိုသွားဆန်းစစ်ခဲ့တယ်။ အရည်အသွေးက အရမ်းဆိုးပါတယ်။ အဲဒီရေကို ပြုပြင်ရင်တော့ ရပါပေမဲ့ ရေရဲ့တန်ဖိုးက ဈေးမြင့် သွားပြီးတော့ တန်ဖိုးနည်းအိမ်ရာဆိုတဲ့ ဦးတည်ချက်ကို မီမှာမဟုတ်တော့ဘူး'' ဟု ၄င်းကပြောသည်။

Credit : Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service