ရိုးရာအတတ်​ပညာအတွက်​ ပျောက်ဆုံးလာသည့် ဘူမိနက်​သန်​ မြေနေရာများ

ရိုးရာအတတ်​ပညာအတွက်​ ပျောက်ဆုံးလာသည့် ဘူမိနက်​သန်​ မြေနေရာများ - Property News in Myanmar from iMyanmarHouse.com
20 Apr 2016 10:50 am တွင် တင်ခဲ့သည်
2008 ကြိမ် ကြည့်ရှု့ပြီး
ခြံကျယ်​၀င်းကျယ်​ မပိုင်​ဆိုင်​​သော မြို့တွင်းတိုက်​ခန်းများတွင်​လည်း ပညာကျယ်​ပြန့်​​စေခြင်းအလို့ငှါ သင်​တန်းခန်းမများဖွင့်​လှစ်​လျက်​ ကာယဗလသတင်းခန်းမများ ၊ သိုင်းသင်တန်းကျောင်းငယ်များ ဖြန့်​​ဝေခြင်းအမှုပြုခဲ့သည်​။

တိုင်းတစ်​ပါးကိုယ်​ခံပညာတို့ အပြိုင်းအရိုင်းထိုး​ဖောက်​လာ​သော လွန်​ခဲ့သည့်​ ဆယ်​စုနှစ်​ သုံးခု​ကျော်​ ​လေးခု​လောက်​ ကာလက ရန်​ကုန်​မြို့လယ်​ပိုင်းတွင်​ ကိုယ်​ခံပညာသင်​ကြားရာခန်းမများ အလျှိုအလျှို​ပေါ်​ပေါက်​ခဲ့ဖူးသည်​။

ဂျပန်​၊ တရုတ်​ ရိုးရာကိုယ်​ခံပညာများနှင့်​အတူ မြန်​မာ့သိုင်းကိုယ်​ခံပညာသင်​တန်းများကလည်း ​နောက်​ချန်​မ​နေခဲ့။ တရုတ်​တန်းဟု အမည်​သညာတွင်​သည့်​ လသာမြို့နယ်​တွင်​ ဘုံ​ကျောင်းငယ်​က​လေးများ၌ ကွန်​ဖူးသင်​တန်းများ​ပေး​လေ့ရှိသည်​။ နံနက်​​စော​စောနှင့်​ ည​နေဘက်​များတွင်​ ထိုသင်​တန်းခန်းမများ​ရှေ့ ဖြတ်​သွားသည်​နှင့်​ အတွင်းမှ မာန်​သွင်း​ကြွေး​ကြော်​သံများ၊ လှုပ်​ရှားတွန်းတိုက်​သံများကို စိတ်​အားတက်​ကြွဖွယ်​ ကြားရမြဲ။ ဆယ်စုနှစ် သုံးခုတာ ကာလ အကြားက အတိတ်ပုံရိပ်များလို့သာ ယနေ့ ခေတ် လူငယ်တွေ ပြောစမှတ်ပြုကြမှာ သေချာပါပြီ။

ဘားမား၊ ဒိုင်းနမစ်​၊ ယူနိုက်​တက်​ စ​သော ကရာ​တေးသင်​တန်း​ကျောင်းများကလည်း ရန်​ကုန်​မြို့ လမ်းမကျယ်​ကြီးများအတွင်း အသီးသီး​သော သင်​တန်းသားများနှင့်​။
စုစုဝေးဝေး စုံစုံညီညီ နဲ့ သိုင်းကားကြည့်နေရသလို စိတ်အားတက်ကြွခဲ့ရတဲ့ မြင်ကွင်းများ နဂါးနက်​၊ နဂါးနီ၊ နဂါး​မောက်​၊ နဂါးပတ်​ စသည့်​ သိုင်းသင်​တန်းများ ထိုအချိန်​က နာမည်​ကြီးသလို ဦးချစ်​သန်းနှင့်​ ဦးပြည်​သိမ်းတို့၏ မြန်​မာ့သိုင်းသင်​တန်းကလည်း ရန်​ကုန်​မြို့လယ်​မှာ အထင်​အရှား။ ထိုစဉ်​က ယခု ဆူး​လေရှန်​ဂရီလာဟိုတယ်​ ​နေရာတွင်
ဂုဏ်​ ရုပ်​ရှင်​ရုံနှင့်​ ပပ၀င်း ရုပ်​ရှင်​ရုံတို့ ရှိသည်​။ ထိုရုပ်​ရှင်​ရုံတို့အလွန်​ တိုက်​ကြီး၏ အ​ပေါ်ထပ်​အခန်းကျယ်​အတွင်း ဖွင့်​လှစ်​ထားသည့်​ သိုင်းဦးချစ်​သန်း၏ သင်​တန်းသည်
အထင်​ကရတစ်​ခုဖြစ်​သည်​။

ထို​ခေတ်​က သင်္ချာကျူရှင်​ဆရာ ဦးဦးသာကလည်း မြေနီကုန်းဗိုလ်​မိုးလမ်းတွင်​ ကျူရှင်​ခန်းနှင့်​အတူ မြန်​မာ့သိုင်းသင်​တန်းပါ
တွဲဖက်​ဖွင့်​လှစ်​ သင်​ကြား​ပေး၏။ မြို့လယ်​မှ လမ်းကျဉ်း​လေးများထဲတွင်​လည်း ကိုယ့်​ခံပညာသင်​တန်းများ ကိုယ့်​အဆက်​အသွယ်​နှင့်​ကိုယ်​ ဖွင့်​ထားကြသည်​။
သင်​တန်း​ကြေးက တစ်လလျှင်​ ကျပ်​ ၁၀၊ ၁၅ ကျပ်​မျှ။ ၁၀ တန်း ကျူရှင်​ တစ်​ဘာသာ​ကြေးမျှဖြစ်​၍ များသည်​ဟုမဆိုသာ။ လမ်းမ​တော်​ဘက်​တွင်​ မြန်​မာ့သိုင်းနှင့်​ အနွယ်​တူ တိုင်းရင်းသားရိုးရာအတိုက်​အခိုက်​ပညာဖြစ်​​သော ရှမ်းကြီးသိုင်း သင်​ကြားသည့်​ စိုင်းခင်​​သောင်းနိုင်​ဆိုသူ ဆရာတစ်​ဦး ရှိ​သေးသည်​။
သူက ​နောင်​တွင်​ ​အေ၀မ်းမျိုးဆက်​ သမန်းကျားအဖွဲ့၏ ပင်​တိုင်​သိုင်းနည်းပြအဖြစ်​ ကျော်​ကြားသည်​။ ရုပ်​ရှင်​ပိတ်​ကားထက်​မှတစ်​ဆင့်​ သိုင်းပညာ၏အနှစ်​သာရများကို လှစ်​ဟပြခွင့်​ ကြုံလာသည်​။

တကယ်​​တော့ အတိုက်​အခိုက်​ပညာဟူသည်​ ရန်​လို​သောပညာ၊ အနိုင်​ကျင့်​နှိပ်​စက်​လို​သောပညာ၊ စိတ်​ကြမ်းလူကြမ်းဖြစ်​​စေ​သောပညာ မဟုတ်​။
မည်​သည့်​အတိုက်​အခိုက်​ပညာကမှလည်း ထိုသို့ပြုမူရန်​ ပြဋ္ဌာန်းမထား။ အထူးသဖြင့်​ မြန်​မာ့ရိုးရာအတိုက်​အခိုက်​ပညာများဖြစ်​​သော သိုင်း၊ ဗန်​တို၊ ဗန်​ရှည်​၊ သိုင်း​ပြောင်းပြန်​၊ ရှမ်းကြီး စသည့်​ မူကွဲသိုင်းပညာအဖွဲ့အစည်းများဆိုလျှင်​ မိမိတတ်​​မြောက်​ထား​သော သိုင်းပညာရပ်​ဖြင့်​ အားနည်းသူကို အနိုင်​အထက်​မပြုပါဟုပင်​ သစ္စာဆိုရ​သေး၏။ မိမိတတ်​​မြောက်​​သော သိုင်းပညာရပ်​ကို အမျိုးဘာဘာသာသနာ ကာကွယ်​​ရေးနှင့်
အားနည်းသူတို့ကို​စောင့်​​ရှောက်​​ရေးအတွက်​သာ အသုံးပြုပါမည်​ဟု ပဋိညာဉ်​ပြုထားရ၏။ ထို့​ကြောင့်​ သိုင်းပညာကိုအလွဲအသုံးချခြင်းမျိုး မရှိသ​လောက်
နည်းပါး၏။ ပြီး​တော့ သိုင်းပညာဟူသည်​မှာ လှုပ်​ရှားဆုတ်​တက်​ကစားရ​သော ပညာဖြစ်​၍ အားကစား​လေ့ကျင့်ခန်းတစ်​ခုသဖွယ်​ ခန္ဓာကိုယ်​ကို ပေါ့ပါးသွက်​လက်​​စေသည်​၊ ကြံ့ခိုင်​ကျစ်​လျစ်​​စေသည်​၊ ကျန်းမာ​ရေးအတွက်​ လွန်​စွာ​ကောင်းမွန်​​သော အ​လေ့အထဖြစ်​၏။

အချိန်​ကာလ ယန္တရားစက်​က တ​ရွေ့​ရွေ့​ပြောင်းလဲလာသည်​။ ကာလယန္တရား၏ တိုက်​စားမှုအလျဉ်​တွင်​ လိုက်​ပါ​ပြောင်းလဲလာသည်​က မြို့ပြလူ​နေထူထပ်​မှု။
သိပ်​သည်းများပြားလာ​သော လူဦး​ရေကို ​နေစရာဖြည့်​ဆည်း​ပေးရခြင်းက မလှမ်းမကမ်းမှ မီ​အောင်​လိုက်​ရ​သောအခါ ​မြေလွတ်​​မြေကွက်​များ
ပျောက်​ဆုံးလာ၏။ လူအ​ရေအတွက်​ တိုးလာ​သော်​လည်း ​မြေသားပမာဏက လိုက်မတိုးနိုင်​​သောအခါ ​နေစရာကို ​ဘေးတိုက်​မ​ရွှေ့နိုင်​ဘဲ ​ဒေါင်​လိုက်​​ရွှေ့ရသဖြင့်
အထပ်​မြင့်​တိုက်​​တွေ ​ပေါ်ထွန်းလာ၏။ ထိုအခါ လှုပ်​ရှားမှုအတွက်​ နေရာကျယ်​ကျယ်​ပြန့်​ပြန့်​လိုအပ်​​သော ကိုယ်​ခံပညာသင်​​ကျောင်းများမှာ
နေ​ရောင်​ကိုအန်​တုဖက်​ပြိုင်​ခြင်းမပြုနိုင်​​သော နှင်း​ပေါက်​များကဲ့သို့ အ​ငွေ့ပြန်​​ပျောက်​ပြယ်​ကုန်​ကြရ၏။

တစ်​ချိန်​က နာမည်​ထင်​ရှားခဲ့​သော သိုင်းသင်​တန်းများ ယခု​ခေတ်​လူငယ်​​တွေ မကြားဖူးကြ​တော့။ နဂါးနက်​၊ နဂါးနီ၊ နဂါး​မောက်​၊ နဂါးပတ်​ သိုင်းအဖွဲ့များ မရှိ​တော့ပြီ။ ဆင်​မလိုက်​ကုန်းဆင်းမှ လိုင်​ချင့်​သိုင်းအဖွဲ့​နေရာတွင်​ ပြည်ရိပ်​မွန်​အိမ်​ရာကြီး ဟည်း​နေ၏။ သိုင်းဦးချစ်​သန်း၏သင်​တန်း​နေရာက ဆူး​လေရှန်​ဂရီလာဟိုတယ်​၏ တစ်​စိတ်​တစ်​ပိုင်း ဖြစ်​​နေ၏။
သိုင်း​ပြောင်းပြန်​ဦး​အောင်​သိန်းတစ်​​ယောက်​သာ သူ့မိဝိုးဘွားပိုင်​ ခြံ​မြေမှာ သင်​တန်း​တွေဆက်​လက်​ပို့ချ​နေသည်​ဟု သိရသည်​။ ဒါကလည်း သန်​လျင်​မှာမို့လို့။

လွန်​ခဲ့​သောရက်​များအတွင်းက သန်​လျင်​ဘုန်း​တော်​ကြီး​ကျောင်းတစ်​ခုတွင်​ လူငယ်​များကို သိုင်းသင်​တန်း​ပေး​နေပုံ လူမှုကွန်​ရက်​၌ ​တွေ့လိုက်​သည်​။
ထွက်​​ပေါက်​တစ်​ခု ရလိုက်​သလို ခံစားလိုက်​ရ၏။ မြန်​မာ့ရိုးရာကို ပ​ပျောက်​​မှေးမှိန်​ခြင်းမရှိ​စေရန်​ ထိန်းသိမ်းလက်​ဆင့်​ကမ်းမှု လုပ်​ငန်းစဉ်​အတွက်
ဘုန်း​တော်​ကြီး​ကျောင်းများက ​နေရာ​ပေး​ဆောင်​ရွက်​မှုပြုလျှင်​ အိမ်​ခြံ​မြေပိုင်​ဆိုင်​မှုအခက်​အခဲနှင့်​ ထိပ်​တိုက်​ရင်​ဆိုင်​​နေရ​သော မြန်​မာ့အတိုက်​အခိုက်​ပညာရပ်​အတွက်​ အ​တော်​အတန်​စိတ်​​အေးရနိုင်​ပြီတည်း။

အုတ်​အ​ရော​ရော ​ကျောက်​အ​ရော​ရောဖြင့်​ သာသနသာရုပ္ပကိုမထိခိုက်​​စေဖို့၊ ဒကာဒကာမတို့အမြင်​ မျက်​စိမ​နောက်​ဖို့​တော့ စိစစ်​ထိန်း​ကျောင်းရန်​ လိုမည်​သာ။
သို့​သော်​လည်း ဤသည်​က သိပ်​ခက်​လှ​သောကိစ္စ​တော့မဟုတ်​။ ပုံထဲမှာ​တွေ့ရသည့်​ လူငယ်​​မောင်​မယ်​​လေးများ၏ စည်းကမ်း​သေ၀ပ်
ညီညာသပ်​ရပ်​​သော လှုပ်​ရှားမှုတို့က စည်းစနစ်​၏ ​ကောင်း​သောပညတ်​မှုကို ခံယူထားသူများဖြစ်​​ကြောင်း ​သေချာ​နေသည်​။ တီထွင်ခြင်းထက်​ ထိန်းသိမ်းခြင်းက ပိုအ​ရေးပါ​သော သ​ဘောသဘာဝအတိုင်း နှစ်​​ပေါင်း​ထောင်​ချီကြာ​အောင်​ တည်​တံ့ခိုင်​မာလာခဲ့သည့်​ မြန်​မာ့သိုင်းပညာကို
နောင်​အရှည်​တည်​တံ့​အောင်​ လက်​ဆင့်​ကမ်းထိန်းသိမ်း​စောင့်​​ရှောက်​​ရေးလုပ်​ငန်းစဉ်​တွင်​ ဘုန်း​တော်​ကြီး​ကျောင်းများကလည်း မဏ္ဍိုင်​တစ်​ရပ်​အဖြစ်​ အ​ရေးပါလာပြီဖြစ်​သည်​။

စာသင်​ခြင်း၊ စာချခြင်း၊ တရားအားထုတ်​ခြင်းတို​ကို မထိခိုက်​​စေ​သော အခင်းအကျင်းဖြင့်​ မြန်​မာ့ရိုးရာကိုမြှင့်​တင်​ထိန်းသိမ်း ​မြေ​တောင်​​မြှောက်​​ပေးနိုင်​သည့်​ ​ရေခံ​မြေခံ​ကောင်း ဘူမိနက်​သန်​တို့ များများ​ပေါ်ထွန်းနိုင်​ပါ​စေ​ကြောင်း ​မျှော်​လင့်​ချက်​ဆုမွန်​​တောင်းလိုက်​ရပါ​တော့သည်​။

ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာ...
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာ...
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ...
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ...
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service