တစ်လ ကျပ်သုံးသောင်းဖြင့် ငှားရမ်းမည့် အငှားအိမ်ရာ စီမံကိန်းအား ဖေဖော်ဝါရီ ၁၅ ရက် နောက်ဆုံး လျှောက်ထားရမည်

တစ်လ ကျပ်သုံးသောင်းဖြင့် ငှားရမ်းမည့် အငှားအိမ်ရာ စီမံကိန်းအား ဖေဖော်ဝါရီ ၁၅ ရက် နောက်ဆုံး လျှောက်ထားရမည် - Property News in Myanmar from iMyanmarHouse.com
15 Feb 2016 10:31 am တွင် တင်ခဲ့သည်
1180 ကြိမ် ကြည့်ရှု့ပြီး
ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်တွင် တည်ဆောက်နေသည့် တစ်လလျှင် ကျပ်သုံးသောင်းဖြင့် ငှားရမ်းမည့် အငှားအိမ်ရာ စီမံကိန်းအား ဖေဖော်ဝါရီ ၁၅ ရက်တွင် နောက်ဆုံးထား လျှောက်ရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

အငှားအိမ်ရာ စီမံကိန်း ငှားရမ်းခွင့်များကို ဖေဖော်ဝါရီ ၁ ရက်မှ စတင်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် လျှောက်ထားခွင့် ပြုခဲ့ရာ လျှောက်ထားသူများခြင်းကြောင့် ဖေဖော်ဝါရီ ၄ ရက်မှ စတင်၍ သက်ဆိုင်ရာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ရုံးများတွင် ပြောင်းလဲလျှောက်ထားခွင့် ပြုခဲ့ကြောင်း သိရသည်။

လတ်တလော လျှောက်ထားခွင့်ပြုဆဲကာ ဖြစ်သောကြောင့် လျှောက်ထားသူ ဦးရေကို မသိရှိနိုင်သေးဘဲ ဖေဖော်ဝါရီ ၁၅ ရက် လျှောက်လွှာပိတ်ချိန်မှသာ သိနိုင်မည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

အဆိုပါ အိမ်ရာတွင် အခန်းပေါင်း ၁၂၀၀ ခန့်ကိုသာ ငှားရမ်းပေးနိုင်မည် ဖြစ်သောကြောင့် လျှောက်ထားသူ ၁၂၀၀ ထက် ကျော်လွန်ပါက မဲနှိုက်သည့် စနစ်ဖြင့် ရွေးချယ်သွားမည်ဖြစ်ကြောင်း၊ ယခုလျှောက်ထားသူ ဦးရေမှာ ၁၂၀၀ ထက် များစွာ ကျော်လွန်သွားပြီ ဖြစ်သောကြောင့် မဲနှိုက်သည့် စနစ်ဖြင့်သာ ရွေးချယ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း အစိုးရအဖွဲ့မှ သိရသည်။

ယင်းအိမ်ရာသည် အိမ်ရာ မပိုင်ဆိုင်သေးသူများအတွက် ရည်ရွယ်သည့်အတွက် မြေကွက်၊ နေအိမ်ခန်း ပိုင်ဆိုင်မှု မရှိကြောင်း ကိုယ်တိုင်ခံဝန်ချက်၊ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး၏ မြေကွက်၊ နေအိမ်ခန်း ပိုင်ဆိုင်မှု မရှိကြောင်း ထောက်ခံချက်၊ နိုင်ငံ့ဝန်ထမ်း ဖြစ်ပါက ဌာနအကြီးအကဲ၏ မြေကွက်၊ နေအိမ်ခန်း ပိုင်ဆိုင်မှု မရှိကြောင်း ထောက်ခံချက်များဖြင့်သာ လျှောက်ထားခွင့်ပြုကြောင်း ထုတ်ပြန်ထားသည်။ ယင်းအိမ်ရာ လျှောက်လွှာများကို ရောင်းချခြင်း မဟုတ်ဘဲ သက်ဆိုင်ရာ မြို့နယ် ထွေ/အုပ် ရုံးများတွင် ပုံစံကို ကူးယူ လျှောက်ထားနိုင်သည်ဟု ဆိုသော်လည်း စာစီပြီးသား လျှောက်လွှာ ပုံစံများကို တစ်စောင် တစ်ရာကျပ်ဖြင့် နီးစပ်ရာ ဆိုင်များတွင် ရောင်းချနေသည်ဟု သိရသည်။

လက်ရှိ အငှားအိမ်ရာ စီမံကိန်း လျှောက်ထားသူများတွင် အိမ်ရာ မပိုင်ဆိုင်သေးသည့် ပင်စင်စား သက်ကြီးရွယ်အိုများ အများဆုံး ပါဝင်နေကြောင်း သိရသည်။

ယခု အငှားအိမ်ရာကို ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ် အမှတ် ၂ လမ်းမကြီးနှင့် မဟာဗန္ဓုလ လမ်းထောင့်ရှိ မြေ ၁၂ ဒသမ ၅၃၄ ဧကပေါ်တွင် အကောင်အထည် ဖော်နေခြင်းဖြစ်ပြီး အဆိုပါ အိမ်ရာရှိ အခန်းတစ်ခန်းလျှင် အိပ်ခန်းတစ်ခု၊ အိမ်သာ၊ ရေချိုးခန်းများ ပါဝင်မည်ဖြစ်ကြောင်း၊ အကျယ်အ၀န်းအားဖြင့် ၅၆၉ ဒသမ ၅ စတုရန်းပေ ရှိမည်ဖြစ်ကြောင်း သိရသည်။

ယင်းအိမ်ရာကို ပြည်ထောင်စု အစိုးရအဖွဲ့၏ ထောက်ပံ့ငွေကျပ် ဘီလျံ ၂၀ ဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကုမ္ပဏီ ၂၆ ခုကို လုပ်ကိုင်ခွင့်ပြုကာ အကောင်အထည် ဖော်နေခြင်းဖြစ်ပြီး ယခုအစိုးရ သက်တမ်း ကုန်ဆုံးချိန်ဖြစ်သည့် မတ်လကုန်တွင် အပြီး တည်ဆောက်ရန် မျှော်မှန်းထားသည်ဟု သိရသည်။

Credit: eleven media group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service