ကျောက်ဖြူ အထူးစီးပွားရေးဇုန်စီမံကိန်း တရုတ်ကုမ္ပဏီနှင့် ဖက်စပ်လုပ်ကိုင်ရမည်

ကျောက်ဖြူ အထူးစီးပွားရေးဇုန်စီမံကိန်း တရုတ်ကုမ္ပဏီနှင့် ဖက်စပ်လုပ်ကိုင်ရမည် - Property News in Myanmar from iMyanmarHouse.com
13 Jan 2016 11:02 am တွင် တင်ခဲ့သည်
1196 ကြိမ် ကြည့်ရှု့ပြီး
ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းတည်ဆောက်ရေးလုပ်ငန်းများကို တရုတ်နိုင်ငံ၏
CITIC-led Consortium က လုပ်ကိုင်ခွင့် ရရှိခဲ့သော်လည်း ပြည်တွင်းကုမ္ပဏီများနှင့်
ဖက်စပ်လုပ်ကိုင်ရမည်ဖြစ်သည်ဟု ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီ
(Bid Evaluation Awarding Committee) ၏ အဖွဲ့ဝင် ဦးသန်းမောင်က ပြောသည်။

"တင်ဒါမှာ တရုတ်ကုမ္ပဏီဖြစ်တဲ့ CITIC-led Consortium က ရရှိခဲ့တယ်ဆိုပေမယ့်
စီမံကိန်းနှစ်ခုစလုံးမှာ ပြည်တွင်းကုမ္ပဏီတွေနဲ့ပဲ ဖက်စပ်လုပ်သွားရမှာပါ။ အခုတင်ဒါကြေညာ
ပြီးပြီဆိုတော့ မြေယာဆန်းစစ်တာတွေနဲ့ ကုန်ကျစရိတ် တွက်ချက်တာတွေကို ခြောက်လလောက်
လုပ်ရမယ်။ ဒါတွေပြီးရင်တော့ CITIC-led Consortium ကရာခိုင်နှုန်းဘယ်လောက်နဲ့ ပြည်တွင်း
အများပိုင်ကုမ္ပဏီတွေ က ရာခိုင်နှုန်းဘယ်လောက် အကျိုးတူလုပ် မယ်ဆိုတာတွေကို ထပ်ပြီး
ညှိသွားမှာပါ။ ဒါနဲ့ အတူ တည်ဆောက်ရေးလုပ်ငန်းတွေအတွက် ခြေလှမ်းစတာတွေကို
လုပ်တော့မှာပါ" ဟု ၎င်းက ပြောသည်။ အဆိုပါ CITIC-led Consortium မှာ ထိုင်းနိုင်ငံ၏
အင်အားကြီးလုပ်ငန်းစုအပါအ၀င် တရုတ်နိုင်ငံ၏ ဆောက်လုပ်ရေးနှင့် အခြား ရင်းနှီးမြှုပ်နှံမှု
ကုမ္ပဏီများ ပေါင်းစပ်ဖွဲ့စည်း ထားခြင်းဖြစ်သည်။ ရခိုင်ပြည်နယ်ကျောက်ဖြူ အထူးစီးပွားရေးဇုန်
တည်ဆောက်ရေးလုပ်ငန်း လုပ်ကိုင်ရန်အတွက် တင်ဒါဝင်ရောက် ယှဉ်ပြိုင်သည့် ကုမ္ပဏီများ
အနက် တရုတ် နိုင်ငံက ကုမ္ပဏီတစ်ခုဖြစ်သော CITIC-led Consortium တင်ဒါအောင်မြင်ခဲ့ကြောင်း
၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ ၃၀ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများကထုတ်ပြန်ခဲ့သည်။ ၎င်းစီးပွားရေးဇုန်သည် ရေနက်ဆိပ်ကမ်းတည်ဆောက်ရေးစီမံကိန်း၊ စက်မှုဇုန်တည်ဆောက်ရေး
စီမံကိန်းနှင့် လူနေအိမ်ရာတည်ဆောက်ရေးစီမံကိန်းသုံးမျိုးအတွက် ၂၀၁၄ ခုနှစ်မှစတင်ကာ တင်ဒါခေါ်ယူဆောင်ရွက်နေခဲ့ခြင်းဖြစ်သည်။

ယခုအခါ ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန်တည်ဆောက်ရေးစီမံကိန်းအတွက် CITIC-led
Consortium က တင်ဒါအောင်မြင် ခဲ့ခြင်းဖြစ်သည်။ ထို့အတူ ရင်းနှီးမြှုပ်နှံမှုများ ကိုလည်း
တရုတ်ကုမ္ပဏီဘက်က စက်မှုဇုန်အတွက်အများဆုံး ၅၁ ရာခိုင်နှုန်း၊ ရေနက်ဆိပ်ကမ်း
စီမံကိန်းအတွက် အများဆုံး ၈၅ ရာခိုင် နှုန်း လုပ်ကိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်ကြောင်း ကျောက်ဖြူအထူး
စီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီ၏ ဥပဒေရေးရာပိုင်းကို တာဝန်ယူဆောင်ရွက်သူ
ဦးသန်းမောင်က ပြောသည်။ လက်ရှိတွင် ပြည်တွင်းအများပိုင်ကုမ္ပဏီ များအနက်
ကျောက်ဖြူအများပိုင်ကုမ္ပဏီ က ၀င်ရောက်မြှုပ်နှံမည်ဖြစ်ကာ အခြား သော ပြည်တွင်း
အများပိုင်ကုမ္ပဏီများကို လည်း ပါဝင်နိုင်ရန် ဆက်လက်ကမ်းလှမ်း ထားသည်ဟုလည်း
၎င်းက ပြောသည်။ "အခုက တင်ဒါပေးတဲ့ကိစ္စပြီးသွားပြီဆိုတော့ တည်ဆောက်ရေးလုပ်ငန်း
ပိုင်းတွေ က တဖြည်းဖြည်းဖြစ်လာတော့မှာ။ ဒါကြောင့် ကျွန်တော်တို့ကုမ္ပဏီဘက်ကလည်း
အဆင်သင့် ဖြစ်အောင်လုပ်ထားပါတယ်။ ဒီ ၂၀၁၆ ခုနှစ် မတ်လနောက်ပိုင်းမှာတော့ အများပိုင်
ကုမ္ပဏီ ရဲ့ အစုရှယ်ယာတွေကို ထုတ်ရောင်းတာတွေ အတွက်ရော တည်ဆောက်ရေးဆိုင်ရာ
ရင်းနှီး မြှုပ်နှံမှုလုပ်တာတွေရောအတွက် လုပ်သွားမှာပါ"ဟု ကျောက်ဖြူ အများပိုင်ကုမ္ပဏီ
အတွင်းရေးမှူး ဦးတင်အောင်က ပြောသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်း၏ ကနဦးတည်ဆောက်ရေးလုပ်ငန်းများကို ၂၀၂၀
ပြည့်နှစ်မတိုင်မီ အပြီးသတ်ဆောင်ရွက် ရန်နှင့် စီမံကိန်းတစ်ခုလုံး၏ တည်ဆောက်ရေး
ကာလကို နှစ် ၅၀ သတ်မှတ်ထားသည်။ အထူးစီးပွားရေးဇုန် အကျယ်အ၀န်းမှာ ရေနက်
ဆိပ်ကမ်းဧရိယာ ၇၄၃ ဧက (သုံးစတုရန်း ကီလိုမီတာ) နှင့် စက်မှုဇုန်ဧရိယာ ဧက
ခြောက်သောင်းကျော် (၂၅၀ စတုရန်းကီလို မီတာ) ဖြစ်သည်။ ဆိပ်ကမ်းတည်ဆောက်မှု
ပြီးစီးပါက တရုတ်နှင့် အိန္ဒိယနိုင်ငံတို့အတွက် အဓိကကျသော ရေကြောင်းကုန်သွယ်မှုဆိုင်ရာ
ဆိပ်ကမ်းဖြစ်လာနိုင်ခြင်းကြောင့် အဆိုပါ နိုင်ငံများအတွက်ပါအရေးပါသည့် စီမံကိန်းလည်းဖြစ်
သည်။ ထို့ပြင် တရုတ်နိုင်ငံအတွက် မြန်မာနိုင်ငံ၏ ရှမ်းပြည်နယ်မှတစ်ဆင့် အလယ်ပိုင်းဒေသ
သို့ဖြတ်ကာ ရေနက်ဆိပ်ကမ်းနှင့် ကုန်သွယ်မှု ဆောင်ရွက်နိုင်မည်ကြောင်း အာဆီယံ စီးပွားရေး
အသိုက်အ၀န်း AEC ဆိုင်ရာကိစ္စများ ကို အဓိက လေ့လာစောင့်ကြည့်သူ ပါရမီစွမ်းအင်
ကုမ္ပဏီများအုပ်စု အကြီးတန်းအကြံပေး ဦးတင်ချိုက မီဒီယာများကို ပြောထားသည်။

တင်ဒါမကြေညာမီ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာ လအတွင်းကမူ တရုတ်ကုမ္ပဏီများကို လုပ်ကိုင်
ခွင့်ပေးရေး၊ မပေးရေးအတွက် ဒေသခံများ ဘက်က ကန့်ကွက်တောင်းဆိုမှုများရှိခဲ့ရာ
"တင်ဒါပေးတယ်ဆိုတဲ့နေရာမှာ တင်ဒါဝင်ပြိုင် တဲ့ ကုမ္ပဏီတွေကိုပဲ ပေးလို့ရတာဖြစ်ပါတယ်။
အမေရိကန်၊ ဂျပန်ကို လုပ်ကိုင်ခွင့်ပေးချင်တယ်ဆိုပေမယ့် တင်ဒါဝင်ပြိုင်တာမရှိဘဲနဲ့တော့
ပေးလို့မရဘူးဆိုတော့ တင်ဒါပြိုင်တဲ့ အထဲကပဲ စဉ်းစားရွေးချယ်ရတာဖြစ်ပါတယ်" ဟု
ဦးသန်းမောင်က ပြောသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်း ကို လုပ်ကိုင်ခွင့်ရရှိခဲ့သည့် CITIC-led Consortium ၏
ဦးဆောင်ကုမ္ပဏီဖြစ်သော CITIC Group Corporation ဆောက်လုပ်ရေး လုပ်ငန်းများအပြင်
ဘဏ်နှင့် ငွေရေးကြေး ရေး လုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်း စွမ်းအင် နှင့် အာမခံလုပ်ငန်းစသည့်
ကဏ္ဍများတွင် လည်း ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေသည့် ကုမ္ပဏီဖြစ်သည်။

Credit: The Myanmar Time

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service