ဗဟန်းမြို့နယ် လင့်လမ်း အိမ်ရာ၊ ဗိုလ်တစ်ထောင်မြို့နယ် (၅၁) လမ်းကွန်ဒိုမီနီယံအိမ်ရာ၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ဧရာဝဏ်နှင့် ရတနာအိမ်ရာစီမံကိန်းလုပ်ငန်းများဆောင်ရွက်

ဗဟန်းမြို့နယ် လင့်လမ်း အိမ်ရာ၊ ဗိုလ်တစ်ထောင်မြို့နယ် (၅၁) လမ်းကွန်ဒိုမီနီယံအိမ်ရာ၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ဧရာဝဏ်နှင့် ရတနာအိမ်ရာစီမံကိန်းလုပ်ငန်းများဆောင်ရွက် - Property News in Myanmar from iMyanmarHouse.com
15 Dec 2015 11:10 am တွင် တင်ခဲ့သည်
1039 ကြိမ် ကြည့်ရှု့ပြီး
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးတင့်သည် ဒီဇင်ဘာ ၁၂ ရက် နံနက်ပိုင်းက
ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် လင့်လမ်း(ရွှေဂုန်)အိမ်ရာ ပြန်လည်ဖွံ့ဖြိုးရေးစီမံကိန်း လုပ်ငန်းများဆောင်ရွက်ပြီးစီးမှုများ ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ဗိုလ်တထောင်မြို့နယ် ၅၁ လမ်း အိမ်ရာအဆင့်မြင့်ကွန်ဒိုမီနီယံအိမ်ရာ စီမံကိန်း ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ဒဂုံဆိပ်ကမ်းမြို့နယ်တွင်ဆောင်ရွက်လျက်ရှိ
သည့်ဧရာဝဏ်နှင့်ရတနာအထပ်မြင့်အိမ်ရာစီမံကိန်းကြည့်ရှု
စစ်ဆေးရာ စီမံကိန်းတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူးချုပ်က စီမံကိန်းဆိုင်ရာအချက်အလက်များ၊ ဌာနမှတာဝန်ယူဆောင်ရွက်လျက်ရှိသည့် အထပ်မြင့်အိမ်ရာ ၁၁ လုံးနှင့်ကုမ္ပဏီများကတည်ဆောက်မည့် အဆောက်အအုံအထူးအဖွဲ့ (၂) မှ ၁၄ ထပ်အထိ အားလည်းကောင်း၊ ရွှေတောင် ၁၂ ထပ်နှင့် ၁၃ ထပ်အထိအားလည်းကောင်း၊ အဆောက်အအုံ အထူးအဖွဲ့ (၁) မှ ၁၂ ထပ် ရှင်းလင်းတင်ပြခြင်းအပေါ် ဒုတိယဝန်ကြီးက ပထမဦးစားပေးအထပ်မြင့် အိမ်ရာစီမံကိန်းလုပ်ငန်းများဖြစ်သည့် အဆောက်အအုံ ၁၁ လုံးကို သတ်မှတ်ကာလပြီးစီးရေးနှင့် ဒုတိယအဆင့် ဦးစားပေးအဆောက်အအုံ ၃၈ လုံးအတွက်လည်း လုပ်ငန်းများအရှိန်အဟုန်ဖြင့် ဆောင်ရွက်ရေးစီမံကိန်းအတွက် ရေရရှိရေးအတွက် မြေအောက်ရေအပါအဝင်၊ ပဲခူးမြစ်ရေကို သန့်စင်ပြီး သုံးစွဲနိုင်ရေးအတွက်ဆောင်ရွက်ခြင်းများကို အချိန်နှင့်တစ်ပြေးညီဆောင်ရွက်ရန် မှာကြားပြီး စီမံကိန်းလုပ်ငန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

မွန်းလွဲပိုင်းတွင် ဧရာဝဏ်နှင့် ရတနာအထပ်မြင့်အိမ်ရာစီမံကိန်းနှင့် ဆက်စပ်လျက်ရှိသည့်Bus Terminal စီမံကိန်းလုပ်ငန်း ဆောင်ရွက်မည့်အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများပွင့်လင်းရာသီတွင် ကြိုတင်ဆောင်ရွက်ရမည့်လုပ်ငန်းများ ဦးစားပေးဆောင်ရွက်ပြီး လုပ်ငန်းစီမံချက်များအတိုင်း ဆောင်ရွက်ရန်မှာကြားသည်။

ဆက်လက်၍ Town Center အပိုင်း(၃) စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့်အခြေအနေများ ကြည့်ရှုစစ်ဆေးပြီး စီမံကိန်းလုပ်ငန်းများ မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ဆောင်ရွက်ရန်မှာကြား၍ စီမံကိန်း အခြေအနေများ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

Credit: MOI Webportal Myanmar

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...

ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...

အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service