ဗဟိုဘဏ် တစ်ဒေါ်လာ ခြောက်ကျပ် ပိုများနေပြီး ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာ ၁၂၉၁ ကျပ်ဝန်းကျင်ရှိ

ဗဟိုဘဏ် တစ်ဒေါ်လာ ခြောက်ကျပ် ပိုများနေပြီး ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာ ၁၂၉၁ ကျပ်ဝန်းကျင်ရှိ - Property News in Myanmar from iMyanmarHouse.com
4 Dec 2015 11:16 am တွင် တင်ခဲ့သည်
948 ကြိမ် ကြည့်ရှု့ပြီး
ဗဟိုဘဏ် သတ်မှတ်နှုန်းမှာ ပြင်ပပေါက်ဈေးထက် တစ်ဒေါ်လာ ခြောက်ကျပ် ပိုများနေပြီး ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာ ၁၂၉၁ ကျပ်ဝန်းကျင် ရှိကြောင်း နိုင်ငံခြား ငွေကြေး လဲလှယ်ရောင်းဝယ်ရေး ဈေးကွက် အသိုင်းအ၀ိုင်းထံမှ စုံစမ်း သိရသည်။

ဒီဇင်ဘာ ပထမပတ် ဗဟိုဘဏ်၏ သတ်မှတ် တစ်ဒေါ်လာလဲနှုန်း ၁၂၉၇ ကျပ် ရှိနေပြီး ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလျှင် ၁၂၉၁ ကျပ် ၀န်းကျင်သို့ ကျဆင်းနေသည်။

ဒီဇင်ဘာ ၃ ရက်တွင် ဖြစ်ပေါ်နေသော နိုင်ငံခြား ငွေလဲနှုန်းများမှာ ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းတွင် တစ်ဒေါ်လာလျှင် ၁၂၉၇ ကျပ် သတ်မှတ်ထားပြီး ပြင်ပငွေလဲနှုန်းတွင် တစ်ဒေါ်လာ လဲနှုန်းမှာ ရောင်းဈေး ကျပ် ၁၂၉၁ ၀န်းကျင်၊ ၀ယ်ဈေး ၁၂၈၇ ကျပ်ဝန်းကျင်တွင် ရှိနေသည်။ ပြင်ပ ဈေးကွက်တွင် စင်ကာပူ တစ်ဒေါ်လာလျှင် ရောင်းဈေး ၉၂၅ ကျပ်ဝန်းကျင်၊ ၀ယ်ဈေး ၉၁၅ ကျပ်ဝန်းကျင်နှင့် ယူရိုလဲနှုန်းမှာ တစ်ယူရိုလျှင် ရောင်းဈေး ၁၃၇၈ ကျပ်ဝန်းကျင်၊ ၀ယ်ဈေး ၁၃၆၄ ကျပ် ၀န်းကျင်တွင် ရှိနေသည်။

ပြင်ပ ဈေးကွက်ရှိ ဒေါ်လာလဲနှုန်းသည် နိုဝင်ဘာ နောက်ဆုံးပတ် ၂၇ ရက်မှစ၍ တစ်ဒေါ်လာလျှင် ၁၃၀၃ ကျပ် ၀န်းကျင်သို့ ဆင်းသွားပြီး နိုဝင်ဘာ ၃၀ ရက်တွင် တစ်ဒေါ်လာလျှင် ၁၂၉၈ ကျပ် ၀န်းကျင်သို့ လည်းကောင်း ဒီဇင်ဘာ ၂ ရက်တွင် တစ်ဒေါ်လာလျှင် ၁၂၉၇ ကျပ်သို့ ကျဆင်းလာခဲ့ပြီး ဒီဇင်ဘာ ၃ ရက်တွင် တစ်ဒေါ်လာလျှင် ၁၂၉၁ ကျပ် ၀န်းကျင်သို့ ခြောက်ကျပ်ဝန်းကျင် ထပ်မံ ကျဆင်းလာခဲ့သည်။

ဗဟိုဘဏ် သတ်မှတ်ငွေလဲနှုန်းသည် နိုဝင်ဘာ နောက်ဆုံးပတ်၂၄ ရက်မှ ဒီဇင်ဘာ ၁ ရက်အထိ တစ်ဒေါ်လာ သတ်မှတ်နှုန်း ၁၃၀၀ တွင် တည်ငြိမ်လျက်ရှိပြီး ဒီဇင်ဘာ ပထမပတ် ၂ ရက်တွင် တစ်ဒေါ်လာလျှင် ၁၂၉၉ ကျပ်၊ ဒီဇင်ဘာ ၃ ရက်တွင် တစ်ဒေါ်လာလျှင် ၁၂၉၇ ကျပ်သို့ ကျဆင်းနေကြောင်း သိရသည်။

ဒီဇင်ဘာ ၃ ရက်တွင် နိုင်ငံခြား ငွေကြေးလေလံတွင် ဗဟိုဘဏ်မှ တစ်ဒေါ်လာလျှင် ၁၂၉၇ ကျပ်နှုန်းဖြင့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၈၈ သန်းကို ၀ယ်ယူခဲ့သည်။ ပြည်တွင်း ပုဂ္ဂလိက ဘဏ်များ၏ ငွေလဲကောင်တာများ၌ တစ်ဒေါ်လာလျှင် ရောင်းဈေး ၁၂၉၈ ကျပ် ၀န်းကျင်၊ ၀ယ်ဈေး ၁၂၈၇ ကျပ် ၀န်းကျင် ရှိခဲ့သည်။

တရားဝင် ငွေလဲလှယ်ရေး လုပ်ငန်းများသည် ဗဟိုဘဏ် Reference Rate ၏ + ၀ ဒသမ ၈ ရာခိုင်နှုန်းနှင့် - ၀ ဒသမ ၈ ရာခိုင်နှုန်း ဘောင်အတွင်းတွင် လည်းကောင်း A.D လိုင်စင်ရ ဘဏ်များအကြား Interbank Market တွင် လက်ကား ရောင်းဝယ်မှုများအတွက် ဗဟိုဘဏ် Reference Rate ၏ + ၀ ဒသမ ၃ ရာခိုင်နှုန်းနှင့် - ၀ ဒသမ ၃ ရာခိုင်နှုန်း ဘောင်အတွင်းတွင် လည်းကောင်း ဆောင်ရွက်နေကြောင်း သိရသည်။

Credit: eleven media group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး

ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...

ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...

အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service