တန်ဖိုးနည်းအိမ်ရာများ အငှားစနစ်ဆောင်ရွက်နိုင်ရေး တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများနှင့် ညှိနှိုင်းဆောင်ရွက်နေပြီး ပင်စင်စားဝန်ထမ်းများ၊ ၀င်ငွေနည်းပြည်သူများအတွက် အဓိကထား

တန်ဖိုးနည်းအိမ်ရာများ အငှားစနစ်ဆောင်ရွက်နိုင်ရေး တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများနှင့် ညှိနှိုင်းဆောင်ရွက်နေပြီး ပင်စင်စားဝန်ထမ်းများ၊ ၀င်ငွေနည်းပြည်သူများအတွက် အဓိကထား - Property News in Myanmar from iMyanmarHouse.com
24 Nov 2015 10:54 am တွင် တင်ခဲ့သည်
1204 ကြိမ် ကြည့်ရှု့ပြီး
ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် တန်ဖိုးနည်းအိမ်ရာများ အငှားစနစ် ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများနှင့် ညှိနှိုင်း ဆောင်ရွက်နေကြောင်း နိုဝင်ဘာ ၂၀ရက်က ဆောက် လုပ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည့် ဆဋ္ဌမအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များ၏ မေးမြန်းမှုကို ပြန်
လည်ဖြေကြားခဲ့ကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် တန်ဖိုးနည်းအိမ်ရာ အငှားစနစ် ဆောင်ရွက်နိုင်ရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများနှင့် ညှိနှိုင်းဆောင်ရွက်နေပါကြောင်းနှင့် ၀င်ငွေနည်း ပြည်သူများ၊ ပင်စင်စားဝန်ထမ်းများအတွက် အဓိက ထား စီစဉ်ဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း၊ အငှားအိမ်ရာစနစ် ရှင်သန်ခိုင်မာ စေရေးအတွက် မူဝါဒများ ရေးဆွဲနေပါကြောင်း သိရှိရသည်။

အလားတူ အိမ်ရာများ ရောင်းချခြင်းအတွက် CHDB ဘဏ်နှင့်ချိတ်ဆက်ပြီး ချေးငွေစနစ်ဖြင့် ၀ယ်ယူနိုင်ရေးကို ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ မန္တလေးတွင် မြရည်န္ဒာ တန်ဖိုးနည်း အိမ်ရာစီမံကိန်းရှိ အိမ်ရာများကို တိုင်းဒေသကြီးနှင့် စည်ပင်သာယာရေးအဖွဲ့က စီမံခန့်ခွဲပါကြောင်းနှင့်ရန်ကုန်တွင် ဆောက်လုပ်ရေး
ဝန်ကြီးဌာနက စီမံခန့်ခွဲသော အိမ်ရာများနှင့်တိုင်းဒေသကြီး/စည်ပင်သာယာရေးအဖွဲ့က စီမံခန့်ခွဲသော အိမ်ရာများဟူ၍ ရှိပြီး ယခုအခါတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနက စီမံခန့်ခွဲသော အိမ်ရာများကို ခွဲဝေသတ်မှတ်ပေးလျက် ရှိပါကြောင်း သိရသည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း တန်ဖိုးနည်းအိမ်ရာ၊ တန်ဖိုးသင့်အိမ်ရာနှင့် တန်ဖိုးမြင့်အိမ်ရာ အပါအ၀င် ပြည်သူ့အငှားအိမ်ရာ စသည်တို့မှ အိမ်ခန်းပေါင်း ၃၀၀၀၀နီးပါး ဖော်ထုတ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း
ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း တန်ဖိုးနည်းအိမ်ရာ ၁၁၁၆၀ ခန်း၊ တန်ဖိုးသင့်အိမ်ရာ ၆၈၂၉ ခန်းနှင့် တန်ဖိုးမြင့် အကျိုးတူအိမ်ရာ ၄၃၈၂ ခန်း၊ ပြည်သူ့အငှားအိမ်ရာ ၅၁၅၆ ခန်းနှင့် ၀န်ထမ်းအိမ်ရာ ၁၈၃၀ ခန်း၊ စုစုပေါင်း ၂၉၃၅၇ ခန်းရရှိရန်ဆောင် ရွက်လျက်ရှိကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးစိုးတင့်က
နေပြည်တော်တွင် ကျင်းပသည့် မြို့ပြနှင့်အိမ်ရာလိုအပ်ချက်များအား ခေတ်အလိုက်
ဖြည့်ဆည်း ဆောင်ရွက်ပေးမှု ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး၏ မြင့်တက်နေသည့် အိမ်ရာလိုအပ်ချက်အတွက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း အိမ်ခန်းပေါင်း ၁၈၀၀ကျော် ရရှိနိုင်မည့် အငှားအိမ်ရာများ တည်ဆောက်နေပြီး အဆိုပါအိမ်ရာများကို သင့်တော်သည့် နှုန်းထားများဖြင့် ငှားရမ်းခြင်းသော်လည်းကောင်း၊ ရောင်းချခြင်းသော် လည်းကောင်းပြုလုပ်နိုင်ရေး ဆွေးနွေးနေကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ သိရသည်။

ရန်ကုန်မြို့သို့ အလုပ်အကိုင်အခွင့်အလမ်းကြောင့် ရွှေ့ပြောင်း အခြေချနေထိုင်သူများနှင့် လူဦးရေ တိုးပွားလာနေမှုကြောင့် မြင့်တက်နေသည့် အိမ်ရာလိုအပ်ချက်အတွက်တန်ဖိုးနည်းအိမ်ရာများ ဖော်ထုတ်ရန် အစိုးရပိုင်မြေများ လွန်စွာ ရှားပါးနေကြောင်း မြို့ရွာနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

Credit: Eleven News

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service