မိုးကုတ်မြို့ အခြေခံလူတန်းစားများအတွက် အရစ်ကျအိမ်ယာစီမံကိန်း တည်ဆောက်ရန် ကြာဦးမည်

မိုးကုတ်မြို့ အခြေခံလူတန်းစားများအတွက် အရစ်ကျအိမ်ယာစီမံကိန်း တည်ဆောက်ရန် ကြာဦးမည် - Property News in Myanmar from iMyanmarHouse.com
6 Nov 2015 10:35 am တွင် တင်ခဲ့သည်
706 ကြိမ် ကြည့်ရှု့ပြီး
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့နယ်၊ ရေပူကျေးရွာ၌ အခြေခံလူတန်းစားများအတွက် အရစ်ကျပေးဆပ်ရမည့် အိမ်ယာစီမံကိန်း အကျိုးတူတည်ဆောက်ရန် Golden Butterfly နှင့် The Infrastructure of Myanmar ကုမ္ပဏီတို့ နိုဝင်ဘာ ၂ ရက်က မိုးကုတ်မိုတယ်တွင် သဘောတူစာချုပ် ချုပ်ဆိုခဲ့သော်လည်း တည်ဆောက်ရန် ကြာဦးမည်ဟု နှစ်ဘက်စလုံးက ပြောကြားသည်။

''မိုးကုတ်မြို့ရဲ့သဘာဝက တောင်စောင်းတွေ များတယ်၊ ခုထိဒီဇိုင်းဆွဲလို့ မရသေးဘူး၊ လေးထောင့် စတုရန်း ဆိုရင် ဘယ်လိုချပေးရမလဲသိတယ်။ဒါဘယ်လိုလုပ်သင့်တယ်ဆိုတာ မိုးကုတ်မြို့ပြည်သူတွေနဲ့ ပူးပေါင်းဆွေးနွေးပြီး လုပ်ဆောင်သွားမယ်။

အစိုးရက သဘောတူခွင့်ပြုချက်ရရင် ကျွန်တော်တို့ ဆောက်တာမကြာဘူး။ အဓိက ခွင့်ပြုမိန့်။ စာတင်ဖို့က Golden Butterfly ဥက္ကဋ္ဌ ဦးယောဆက်တို့ လုပ်ပါမယ်။ ၂၀၁၇ နောက်ဆုံးမှန်းထားတယ်။'' ဟု The Infrastructure of Myanmar ၏ဥက္ကဋ္ဌ ဦးသန်းဦးက စာချုပ်ချုပ်ဆိုအပြီး မဇ္ဈိမသို့ ပြောသည်။

Golden Butterfly ကုမ္ပဏီမှ ဒုတိယမန်နေဂျာ ဦးမောင်မောင်လွင်က စာရွက်စာတမ်းများ သက်ဆိုင်ရာဌာန အသီးသီးသို့တင်ထားပြီး ခွင့်ပြုမိန်ကျမှ စတင်တည်ဆောက်မည်ဖြစ်ကာ ယခုတည်ဆောက်မည့် မို့ကုတ်မြို့အနီး ရေပူကျေးရွာရှိ ၎င်းတို့ပိုင် ၂၃ ဧက မြေနေရာမှာ အရှုတ်အရှင်းကင်းသည့် တစ်ဦးတည်းပိုင် စက်ရုံဟောင်းနေရာဖြစ်သည်ဟု ဆိုသည်။

တိုင်းနှင့် ပြည်နယ်အသီးသီးရှိ တိုင်းရင်းသား ဆင်းရဲသားပြည်သူများ တစ်သက်တာတွင် အိုးပိုင်အိမ်ပိုင်ရရှိအောင် အကောင်အထည်ဖော်ပေးပြီး၊ လုံခြုံသည့် အမိုးအကာအောက်တွင် သာမန်ဆင်းရဲသား ပြည်သူများ၏ ပီတိမြင်တွေ့လိုကာ စီမံကိန်းစသည်နှင့် ဒေသခံပြည်သူများ အလုပ်အကိုင်ရစေမည်ဟု The Infrastructure of Myanmar ၏ အထက်မြန်မာပြည်တာဝန်ခံ ဦးမျိုးနိုင်က ပြောကြားသည်။

အဆိုပါအရစ်ကျပေးဆပ်ရမည့် အိမ်ယာမှာ တစ်ခန်းလျှင် တစ်လ ၃ သောင်းကျပ်ဖြင့် နှစ် ၃၀ အရစ်ကျ ဝယ်လျှင်ကျပ် ၁၀၈ သိန်း ကျသင့်မည်ဖြစ်ပြီး လက်ငင်းဝယ်ယူလျှင် ကျပ်သိန်း ၈၀ သတ်မှတ်ထားသည်။ အခန်းပြန်ရောင်းလိုလျှင် လက်ကျန်ငွေ အားလုံးသွင်းပြီးမှ ပြန်ရောင်းနိုင်မည်ဖြစ်သည်။

နှစ်ဘက်ကုမ္ပဏီက ၂၀ ဧက သဘောတူစာချုပ်ထားသော်လည်း အကျယ် ၂၃ ဧကပေါ်တွင် ဆောက်လုပ်ပြီး တစ်ခန်း ၆၀၀ စတုရန်းပေ ကျယ်ဝန်းကာ လူနေမှုစနစ် အရည်အသွေးရှိရှိ၊ ခိုင်မာအောင်တည်ဆောက်မည်ဟု ဦးသန်းဦးက ပြောသည်။

''သဘာဝဘေးအန္တရာယ် အသက်အိုးအိမ်စည်းစိမ်အတွက် ကုမ္ပဏီအာမခံထားပြီး ပိုင်ဆိုင်မှုကို ကာကွယ်ပေးထားမယ်။ ကျွန်တော်တို့က ၈၀ ရာခိုင်နှုန်း၊ Golden Butterfly ကုမ္ပဏီက ၂၀ ရာခိုင်နှုန်း အကျိုးအမြတ်ရမှာပါ။'' ဟု ၎င်းက ဆိုသည်။

ယခုကဲ့သို့ နှစ် ၃၀ အရစ်ကျအိမ်ယာများကို ရန်ကုန်၊ မုံရွာ၊ ဘားအံ၊ မိုးကုတ်မြို့တို့တွင် သဘောတူညီမှုရရှိထားပြီး၊ မြန်မာတစ်နိုင်ငံလုံးတွင် အိမ်ခန်း ၂ သန်းခန့် ဖော်ထုတ်မည်ဟု The Infrastructure of Myanmar ကုမ္ပဏီမှ သိရသည်။

Credit; Mizzima News

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မိန်းမများကို ကြောက်သောကြောင့် ၁၅ ပေမြင့်သော ခြံစည်းရိုး ကာရံကာ ၅၅ နှစ်လုံး တစ်ဦးတည်းသီးခြားနေထိုင်ခဲ့သော အသက် ၇၁ နှစ်အရွယ် အဘိုး...
မိန်းမများကို ကြောက်သောကြောင့် ၁၅ ပေမြင့်သော ခြံစည်းရိုး ကာရံကာ ၅၅ နှစ်လုံး တစ်ဦးတည်းသီးခြားနေထိုင်ခဲ့သော အသက် ၇၁ နှစ်အရွယ် အဘိုး...
ပူပူနွေးနွေး ကမ္ဘာ့ကျော်ကြင်စဦးမောင်နှံ Benny Blanco နှင့် Selena Gomez တို့နှစ်ဦး၏ စပိန်ရိုးရာစတိုင် ဒေါ်လာ ၃၅သန်းခွဲတန်စံအိမ်...
ပူပူနွေးနွေး ကမ္ဘာ့ကျော်ကြင်စဦးမောင်နှံ Benny Blanco နှင့် Selena Gomez တို့နှစ်ဦး၏ စပိန်ရိုးရာစတိုင် ဒေါ်လာ ၃၅သန်းခွဲတန်စံအိမ်...
မက္ကဆီကိုတွင် ဆောက်လုပ်ရေးလုပ်သားတစ်ဦးက ချစ်သူ၏ နေအိမ်ရှိရာသို့ မြေအောက်လှိုဏ်ခေါင်းတူးကာ သွားခဲ့ပုံ...
မက္ကဆီကိုတွင် ဆောက်လုပ်ရေးလုပ်သားတစ်ဦးက ချစ်သူ၏ နေအိမ်ရှိရာသို့ မြေအောက်လှိုဏ်ခေါင်းတူးကာ သွားခဲ့ပုံ...
မိန်းကလေးတို့၏ မျက်ရည်မှ ဓာတုအချက်ပြရနံ့ကို ရှူမိလျှင် ယောက်ျားလေးတို့၏ ဒေါသကို ၄၄ ရာခိုင်နှုန်း လျှော့ချပေးနိုင်ကြောင်း အစ္စရေးနှင့် အမေရိကန်သိပ္ပံပညာရှင်များ တွေ့ရှိ...
မိန်းကလေးတို့၏ မျက်ရည်မှ ဓာတုအချက်ပြရနံ့ကို ရှူမိလျှင် ယောက်ျားလေးတို့၏ ဒေါသကို ၄၄ ရာခိုင်နှုန်း လျှော့ချပေးနိုင်ကြောင်း အစ္စရေးနှင့် အမေရိကန်သိပ္ပံပညာရှင်များ တွေ့ရှိ...
လူတိုင်းကို အသက်ကယ်နိုင်သည့် ကမ္ဘာ့အရှားပါးဆုံး ရွှေသွေး အမျိုးအစား၊ အသက်ကယ်ဆေးဖြစ်သကဲ့သို့ အသက်အန္တရာယ်လည်း ကြီးမားစေနိုင်...
လူတိုင်းကို အသက်ကယ်နိုင်သည့် ကမ္ဘာ့အရှားပါးဆုံး ရွှေသွေး အမျိုးအစား၊ အသက်ကယ်ဆေးဖြစ်သကဲ့သို့ အသက်အန္တရာယ်လည်း ကြီးမားစေနိုင်...
အခေါင်းပေါ်ကို ကြောင်နက်ခုန်ကျော်ရင် သေဆုံးပြီးသူ ငုတ်တုတ်ထထိုင်တယ်ဆိုတာ ကိုယ်တွေ့ကြုံခဲ့သူ ဗီယက်နမ်အမျိုးသမီး...
အခေါင်းပေါ်ကို ကြောင်နက်ခုန်ကျော်ရင် သေဆုံးပြီးသူ ငုတ်တုတ်ထထိုင်တယ်ဆိုတာ ကိုယ်တွေ့ကြုံခဲ့သူ ဗီယက်နမ်အမျိုးသမီး...
ခေါင်းပြတ်သွားတာတောင် ၁၈ လ အသက်ဆက်ရှင်နေခဲ့တဲ့ အမေရိကန်က ကြက်ဖ
ခေါင်းပြတ်သွားတာတောင် ၁၈ လ အသက်ဆက်ရှင်နေခဲ့တဲ့ အမေရိကန်က ကြက်ဖ
နှာချေလိုချိန်တွင် မချေဘဲ အောင့်ထားလိုက်ပါက ဦးခေါင်းတွင်းသွေးကြောပေါက်ကာ အသက်သေဆုံးသည်အထိ ဖြစ်နိုင်ကြောင်း သိပ္ပံပညာရှင်များ ပြောကြား...
နှာချေလိုချိန်တွင် မချေဘဲ အောင့်ထားလိုက်ပါက ဦးခေါင်းတွင်းသွေးကြောပေါက်ကာ အသက်သေဆုံးသည်အထိ ဖြစ်နိုင်ကြောင်း သိပ္ပံပညာရှင်များ ပြောကြား...
တိုရှီဘာဝန်ထမ်းများကို ဘောနပ်စ်ပေးရန် ယန်းငွေ သန်း ၃၀၀ တင်ဆောင်လာသည့် ကားကို အကြံပိုင်စွာ လက်လွှဲရယူ လုယက်သွားသော သမိုင်းဝင် အံ့မခန်းဖြစ်ရပ်...
တိုရှီဘာဝန်ထမ်းများကို ဘောနပ်စ်ပေးရန် ယန်းငွေ သန်း ၃၀၀ တင်ဆောင်လာသည့် ကားကို အကြံပိုင်စွာ လက်လွှဲရယူ လုယက်သွားသော သမိုင်းဝင် အံ့မခန်းဖြစ်ရပ်...
အိမ်ခြံမြေအကျိုးဆောင်အမျိုးသမီး ကျကျန်ခဲ့သော ဒေါ်လာ ၁၀၀၀၀ တန် ချက်လက်မှတ်ကို လိုက်ရှာ ပြန်ပေးတဲ့ အိမ်ရာမဲ့ အမျိုးသား ဘဝပြောင်းလဲသွားပုံ...
အိမ်ခြံမြေအကျိုးဆောင်အမျိုးသမီး ကျကျန်ခဲ့သော ဒေါ်လာ ၁၀၀၀၀ တန် ချက်လက်မှတ်ကို လိုက်ရှာ ပြန်ပေးတဲ့ အိမ်ရာမဲ့ အမျိုးသား ဘဝပြောင်းလဲသွားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိ
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိ
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
ဒေါက်ခွပင်၏ အမြစ်မှာ အူမကြီးကင်ဆာဆဲလ်များကို ၄၈ နာရီအတွင်း ၉၅ ရာခိုင်နှုန်း ချေမှုန်းနိုင်ကြောင်း ကနေဒါသိပ္ပံပညာရှင်များ
ဒေါက်ခွပင်၏ အမြစ်မှာ အူမကြီးကင်ဆာဆဲလ်များကို ၄၈ နာရီအတွင်း ၉၅ ရာခိုင်နှုန်း ချေမှုန်းနိုင်ကြောင်း ကနေဒါသိပ္ပံပညာရှင်များ
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service