ထိုင်းဆောက်လုပ်ရေး ကုမ္ပဏီ ၂၀၁၆ ခုနှစ်တွင် ရန်ကုန်ရုံးများဖွင့်လှစ်မည်

ထိုင်းဆောက်လုပ်ရေး ကုမ္ပဏီ ၂၀၁၆ ခုနှစ်တွင် ရန်ကုန်ရုံးများဖွင့်လှစ်မည် - Property News in Myanmar from iMyanmarHouse.com
29 Oct 2015 10:33 am တွင် တင်ခဲ့သည်
1467 ကြိမ် ကြည့်ရှု့ပြီး
မြန်မာ့ဆောက်လုပ်ရေးနှင့် အိမ်ခြံမြေ လုပ်ငန်းများ၏ အနာဂတ် အလားအလာကောင်း
များကြောင့် ထိုင်းအခြေစိုက် ဆောက်လုပ်ရေးနှင့် အိမ်တွင်းအလှဆင် လုပ်ငန်းများကို
လုပ်ကိုင်နေသည့် jarken ကုမ္ပဏီက ၂၀၁၆ ခုနှစ်တွင် ရန်ကုန်၌ရုံးခန်းများဖွင့်လှစ်ကာ
လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီ ဒါရိုက်တာ မစ်စရီတုန်က
အောက်တိုဘာ ၂၂ ရက်တွင် မြန်မာတိုင်း(မ်)ကို ပြောသည်။

" ဆောက်လုပ်ရေး စီမံကိန်းကြီးတွေကို ကုမ္ပဏီက ၈၀ ရာခိုင်နှုန်းလုပ်ပြီး ၂၀ ရာခိုင်နှုန်း
ကတော့အိမ်တွင်းအလှဆင် လုပ်ငန်းတွေ၊ အဆောက်အအုံ အလှဆင် တဲ့ လုပ်ငန်းတွေ၊
ဒီဇိုင်းရေးဆွဲတဲ့ လုပ်ငန်း တွေကိုပါ လုပ်ပေးပါတယ်။ ရန်ကုန်ရဲ့အနေအထားက လွန်ခဲ့တဲ့နှစ်
၃၀ က ဘန်ကောက်အနေအထား ဖွံ့ဖြိုးတိုးတက်မှု ပုံစံနဲ့ တူညီနေလို့ ရေရှည်မှာ အလား
အလားကောင်းတဲ့ ဈေးကွက်တစ်ခုလို့ ထင်မြင်တဲ့အတွက် အခုလို မြန်မာပြည်မှာ လုပ်ငန်းတွေ
လုပ်ဖို့ ပြင်ဆင်ရတာပါ"ဟု ၎င်းကပြောသည်။

ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်ဈေးကွက်များသို့ လုပ်ငန်းများ တိုးချဲ့ရန်ပြင်ဆင်နေ
သည့် Jarken ကုမ္ပဏီက ကနဦးခြေလှမ်းအဖြစ် ရန်ကုန် မြို့တွင် ပြသနေသည့်
ဆောက်လုပ်ရေးနှင့် အိမ်တွင်းအလှဆင်ပြပွဲ ၂၀၁၅ တွင် ၀င်ရောက်ပြသနေခြင်းဖြစ်သည်။
ပြည်တွင်းဆောက်လုပ်ရေး ကုမ္ပဏီ များနှင့် လက်တွဲကာ မြန်မာနိုင်ငံတွင် ဆောက်လုပ်ရေး
လုပ်ငန်းများ၊ အိမ်ရာ စီမံကိန်းများနှင့် အဆောက်အအုံ အလှဆင်သည့် လုပ်ငန်းများကို
လုပ်ဆောင်သွားရန် ရည်ရွယ်ထားသော်လည်း မြန်မာနိုင်ငံတွင်း၌ ရင်းနှီး မြုပ်နှံမည့်
ငွေကြေးပမာဏကိုမှု လုပ်ငန်းများ စတင်လုပ်ကိုင်ရန် ပြင်ဆင် ဆဲကာလဖြစ်သည့်အတွက်
အတိအကျပြောဆိုရန် ခက်ခဲနေဆဲဖြစ်သည့်အတွက် ဖြေကြားခြင်းမပြုခဲ့ပေ။ ပြင်သစ် - ထိုင်း
ကုန်သည်ကြီးများ အသင်း၊ စင်ကာပူဒီဇိုင်းစီးပွားရေး ကုန်သည်ကြီးများအသင်းနှင့် စင်ကာပူ
အခြေစိုက်စီးပွားရေးဖွံ့ဖြိုးတိုးတက်မူ အတွက်အကြံပေးအဖွဲ့အစည်းတစ်ခု ဖြစ်သည့် Consulus
နှင့်ပူးပေါင်း လုပ် ဆောင်နေသည့် ကုမ္မဏီတစ်ခုဖြစ်သည်။

ယင်းကုမ္ပဏီသည် မြန်မာနိုင်ငံတွင်းသို့ Jarken ကုမ္ပဏီဝင်ရောက်လုပ်ကိုင်ရာတွင် တွေ့ကြုံရမည့်
ဘာသာစကား အခက်အခဲ၊ ယဉ်ကျေးမှုကွာခြားချက်၊ ဈေးကွက် ယှဉ်ပြိုင်မှုများ အစရှိသည့်
အခက်အခဲများ ကို ကျော်ဖြတ်နိုင်ရန် အတွက်လည်း လွန်ခဲ့သည့် တစ်နှစ်ဝန်းကျင်မှ
စတင်ကာဈေးကွက်လေ့လာစူးစမ်းမှုများကို ပြုလုပ်ခဲ့ပြီးဖြစ်သည်။ "လာမယ့်နှစ်နှစ်အတွင်း
ရန်ကုန်မှာအထပ်မြင့်နဲ့ အထပ်နိမ့် လူနေအိမ်ရာ အဆောက်အအုံတွေကို ဆောက်လုပ်
နိုင်ဖို့အတွက် စီမံကိန်းချပြီးလုပ်သွားမှာပါ" ဟု ၎င်းက ဆက်လက်ပြောသည်။

Credit: mmtimes

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး

ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...

ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...

အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service