အထပ်မြင့် တည်ဆောက်ရေး လုပ်ငန်းများတွင် မြေကာနရံများကို ခိုင်ခံ့မှု ရှိစွာဖြင့် ထည့်သွင်းတည်ဆောက်ရန် လို

အထပ်မြင့် တည်ဆောက်ရေး လုပ်ငန်းများတွင် မြေကာနရံများကို ခိုင်ခံ့မှု ရှိစွာဖြင့် ထည့်သွင်းတည်ဆောက်ရန် လို - Property News in Myanmar from iMyanmarHouse.com
28 Sep 2015 11:02 am တွင် တင်ခဲ့သည်
1426 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့တော်အတွင်း အထပ်မြင့် အဆောက်အအုံများ ဆောက်လုပ်မှု များပြားလာသည့် အတွက်
ဘေးပတ်ဝန်းကျင်ရှိ နေအိမ်အဆောက်အအုံများ ၏ကြံ့ခိုင်မှု နှင့် မြေသားပြိုကျမှုများ
မဖြစ်ပေါ်စေရန် အတွက် သင့်လျော်သည့်မြေကာနံရံများကို နည်းစနစ်ကျနစွာ ဖြင့်
အသုံးပြုရန် အရေးကြီးလာပြီ ဖြစ်ကြောင်း ဆောက်လုပ်ရေး လုပ်ငန်းလုပ်ကိုင်သည့် ပညာရှင်များမှ သုံးသပ်သည်။

““ မြေကို ထောက်ကန်ထားတဲ့ နည်းလမ်းတွေကတော့ အများကြီးရှိပါတယ်၊ သံချောင်းတွေကို လက်
ချောင်းတွေလို ဆက်စပ်ပြီး ကာထားတာတွေရှိသလို ၊ တစ်ခြားနည်းတွေလည်း အများကြီးရှိပါတယ်၊
တိုက်တွေယိုင်ရင်လည်း ယိုင်တဲ့ တိုက်တွေ ကိုပြန်လည်တည့်မတ်ပေးတဲ့ နည်းပညာတွေလည်းပေါ်
လာနေပေမယ့် ဖြစ်နိုင်ရင်တော့ မြေတူးကတည်းက ဘေးပတ်ဝန်းကျင်က တိုက်တွေ မထိခိုက်အောင်
ပညာရှင်တွေနဲ့ တိုင်ပင်ပြီး စနစ်တကျ လုပ်သင့်တယ် ”” ဟု ၀ါရင့် လိုင်စင်ရဆောက်လုပ်ရေး
အင်ဂျင်နီယာတစ်ဦးဖြစ်သူ ဦးဝေဖြိုးပိုင်က ပြောသည်။

တည်မတ်မှု မရှိသည့် တိုက်များ ကို ပြန်လည်တည့်မတ်နိုင်သည့် နည်းပညာများ ပေါ်ထွတ်လာနေပြီ
ဖြစ်သော်လည်း နှစ်ခန်းတွဲရှစ်ထပ်တိုက် တစ်လုံးကို ပြန်လည်တည်မတ်နိုင်ရန် အတွက် အနည်းဆုံး
ကျပ်သိန်း၁၀၀ အထက် ကုန်ကျမှု ရှိသည့်အပြင် တိုက်၏စောင်းနေသည့် ဒီဂရီအနည်းအများအလိုက်
ထပ်တိုးကုန်ကျမှု များရှိနေသည့် အတွက် ယင်းပြသနာများမဖြစ်ပွားစေရန် အတွက် တိုက်ခန်းတွဲများအကြားတွင် အထပ်မြင့် အဆောက်အအုံ များ ဆောက်လုပ်မည်ဆိုပါက မြေကာနရံ
များကို မဖြစ်မနေ ထည့်သွင်းတည်ဆောက်ရန် လိုအပ်သည်။

““ ကားဂျိုင့်နဲ့ ကားကိုမသလိုပါဘဲ ၊ တော်တော်ခက်ပြီး လက်ဝင်တဲ့ အလုပ်ပါ ၊ နည်းနည်းကြွှလာရင်
အောက်မှာ အမာထည် ပစ္စည်းတွေထည့် ၊ ဂရောက်ဆိးမင့်လို့ ခေါ်တဲ့ အခြောက်မြန် ဘိလပ်မြေ တွေ
သုံးပြီး အမြန်လုပ်ရတယ်၊ ရန်ကုန်မှာ အဲ့ဒီလို ၀န်ဆောင်မှု ပေးတဲ့ အဖွဲ့တွေပေါ်လာပါပြီ ”” ဟု
၎င်းက ဆက်လက်ပြောသည်။

အထူးသဖြင့် Downtown area အတွင်း ဆောက်လုပ်မည့် အဆောက်အအုံ များ တွင်ယင်းစနစ်ကို
ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုရန်လိုသလို ပိုင်ရိုက်သွင်းခြင်း လုပ်ငန်းများ အတွက်လည်း မြေသားအ
ခြေအနေကို လိုက်ကာ စနစ်ကျသည့် ပိုင်စနစ်များ ဖြင့် မှန်မှန်ကန်ကန် အသုံးချတက်ရန်လိုအပ်သည်။
အထပ်မြင့်အဆောက်အအုံ တည်ဆောက်ရေး စီမံကိန်းများ ကြီးကြပ်စစ်ဆေးရေးပညာရှင်အဖွဲ့ ဥက္ကဌ ဦးခင်မောင်တင့်ကလည်း မြန်မာနိုင်ငံတွင် ဆောက်လုပ်မည့် မြေအောက်တည်ဆောက်မှုပါဝင်သော အထပ်မြင့်အဆောက်အအုံ အားလုံးတွင် အဆိုပါနည်းစနစ်ကို ထည့်သွင်းအသုံးပြုနေပြီဖြစ်သော်
လည်းမှန်ကန်သည့် နည်းစနစ်များဖြင့် လိုက်နာကျင့်သုံး မှသာလျင် ဘေးပတ်ဝန်းကျင်များရှိ တိုက်များ
၏တည်ငြိမ်ခိုင်ခံ့မှု နှင့် နှင့် လမ်းမြေသာပြိုကျမှု များကို တားဆီးနိုင်မည်ဖြစ်သည်။

“ စင်ကာပူလို နိုင်ငံမျိုး၊ ဘန်ကောက်လို မြို့ကြီးတွေမှာ အထပ်မြင့်ဆောက်ဖို့ အတွက် မြေကရှားတယ့် အပြင် ဘေးပတ်ပတ်လည်မှာလည်း တိုက်တွေ ရှိပြီးသားဖြစ်နေတယ်၊ ဒီတော့ ဘေးက တိုက်တွေပြိုမကျအောင် ၊မယိုင်အောင်လို့ ရန်ကုန်မြို့ထဲမှာ ဆောက်မယ့် အဆောက်အအုံတွေကိုလည်း မြေကာနရံတွေက လိုအပ်တယ် ၊ ရန်ကုန်မှာ တစ်ချို့တိုက်တွေ ဆိုရင် တစ်တိုက်ကို တစ်တိုက်မှီနေတာ မသိမသာလေး စောင်းနေတာတွေ တောင်ရှိတယ် ၊ အဒါ ဘေးမှာ တိုက်ထပ်ဆောက်ဖို့ အတွက်မြေတူးလိုက်လို့ မြေက ပျော့ဝင်သွားတာ ၊ သိသာတဲ့ တိုက်တွေရှိသလို ၊ မသိသာတဲ့ တိုက်တွေလည်းမြင်နေရတယ် ”” စင်ကာပူနိုင်ငံ တွင်ဆောက်လုပ်ရေး လုပ်ငန်းများကို ဆယ်စုနှစ် နှစ်ခုကြာသွားရောက်လုပ်ကိုင်ခဲ့သည့် မြန်မာအင်ဂျင်နီယာ ဦးလှမြင့်ကလည်း သူ့အတွေ့အကြုံကို ပြောသည်။

မြေကာနည်းစနစ်များ၊ မြေထိန်းနံရံတည်ဆောက်သည့် နည်းစနစ်များ ကို မှန်မှန်ကန်ကန် အသုံးမချ
နိုင်သည့် အတွက် တည်ဆောက်ရေး စီမံကိန်းများကို နည်းပညာ မြင့်မြင့်ဖြင့် အသုံးချနိုင်သည့် စင်ကာပူကဲ့သို့သော ဖွံ့ဖြိုးပြီး နိုင်ငံများတွင် ပင် မြေပြိုကျခြင်း၊ ဘေးပတ်ဝန်းကျင်ရှိ
အဆောက်အအုံများယိုင်နဲ့ခြင်း ၊ အက်ကွဲခြင်းများ ဖြစ်ပေါ်လာခဲ့သည့် အပြင် ယမန်နှစ်ကလည်း
ရန်ကုန်မြိုလယ်ရှိဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုအနီးရှိ လမ်းမြေသား ကျွံ့ကျမှုများလည်း ဖြစ်ပေါ်လာခဲ့သည့်နောက်ပိုင်း အထပ်မြင့် အဆောက်အအုံ တည်ဆောက်မှု တွင် မြေကာနရံများ၏
အခန်းကဏ္ဍမှာအများပြည်သူများ အကြားတွင် စိတ်ပါဝင်စားမှု များမြင့်တက်လာခဲ့သည်။

““ အန်တီတို့ တိုက်ဘေးမှာ အထပ်မြင့် လာဆောက်ဖို့ အတွက် မြေကြီးကို အနက်ကြီးလာတူးတယ်၊
ပြီးတော့မှ သူတို့ကနရံတွေလိုက်ထည့်တယ်၊ သူတို့လုပ်ထားတဲ့ နရံတွေက မလုံခြုံတော့ မြေတွေက
အပေါက်ကြားကနေ သူတို့ထဲကို နည်းနည်းနည်းနည်းနဲ့ စိမ့်ပြီးကျွံဆင်းသွားလို့ သူတို့ကိုသွားပြောတော့ပြန်တော့လုပ်ပေးပါတယ်၊ နည်းနည်းတော့ လန့်တာပေါ့၊
အန်တီတို့က နှစ်ထပ်အိမ်ဆိုတော့ နည်းနည်းတော်သေးတယ် ၊ အန်တီတို့ အိမ်သာ အထပ်မြင့်ဆိုရင်တော့ မလွယ်လောက်ဘူး ၊ ပြီးတော့ မြေကာနရံလုပ်ပြီးတာတောင် သူတို့က အထပ်မြင့် အတွက်ပိုင်ရိုက်တော့ ကျွန်မတို့အိမ်ဘက်မှာလည်း အနည်းနဲ့ အများဆိုသလို အပျက်အစီးတွေ ရှိပါတယ်။ သူတို့ဘက်ကပြန်လာလုပ်ပေးတယ်ဆိုပေမယ့် လည်း အဆင်မပြေပါဘူး ၊ သူတို့စပြီးမြေတူးကတည်းက စနစ်မကျလို့ အဒီလိုဖြစ်တာလို့ အင်ဂျင်နီယာတွေက ပြောကြတာပါဘဲ ””ဆိုပြီး မရမ်းကုန်းမြို့နယ်သလ္လာဝတီလမ်းတွေ နေထိုင်သူ ခြံပိုင်ရှင် ဒေါ်ဝါ၀ါအောင်က ပြောသည်။

ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service