ရန်ကုန်အရှေ့မြောက် မြို့သစ် စီမံကိန်းနေရာတွင် ကျူးကျော်တဲများ တိုးလာ

ရန်ကုန်အရှေ့မြောက် မြို့သစ် စီမံကိန်းနေရာတွင် ကျူးကျော်တဲများ တိုးလာ - Property News in Myanmar from iMyanmarHouse.com
23 Sep 2015 9:53 am တွင် တင်ခဲ့သည်
1058 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့သစ်စီမံကိန်း ဦးစားပေးအဆင့်
တစ်မြို့ဖြစ်သော လှည်းကူးမြို့နယ်
အတွင်းရှိ ရန်ကုန်အရှေ့မြောက် မြို့သစ်စီမံကိန်းမြေနေရာများတွင်
ဝယ်ယူသူမရှိဘဲဈေးကွက်အေးနေသော်လည်း
ကျူးကျော်ဝင်ရောက်နေထိုင်မှုများပိုမိုများပြားလာကြောင်း
ဒေသခံအိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။

"မြို့သစ်စီမံကိန်း ဦးစားပေးအဆင့်တစ်ဖြစ်ပေမယ့် ရန်ကုန်အရှေ့မြောက်ပိုင်းမြို့ သစ် စီမံကိန်းမြေတွေ အရောင်းအ၀ယ်အေး နေပါတယ်။ ဒီစီမံကိန်းက တကယ်လုပ်ဖြစ်၊ မဖြစ်နဲ့ ဘယ်နေရာမှာ စီမံကိန်းလုပ်မယ်ဆိုပြီး သေချာတဲ့ စီမံကိန်းတွေ မသိရသေးပေမယ့် လမ်းမကြီးတွေပေါ်မှာ ကျူးကျော်တဲတွေ အများကြီးတိုးလာပါတယ်"ဟု လှည်းကူး မြို့နယ်ရှိ လူကြီးမင်း အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းပိုင်ရှင် ဦးမျိုးခင်က ပြောသည်။

"လမ်းမကြီးပေါ်က လယ်မြေတွေကလည်း မူလပိုင်ရှင်လယ်သမားလက်ဝယ်မှာ မရှိသလောက် ရှားသွားပါပြီ။အထင်ကရ လမ်းမကြီးတွေက လယ်မြေတွေအများစုကို ၀ယ်ရောင်းတွေက ၀ယ်ထားကြပြီးပြီ။ သူတို့ က ဈေးအရမ်းခေါ်နေတော့ အရောင်းအ၀ယ် မဖြစ်ပါဘူး" ဟု ၎င်းက ပြောသည်။

လှည်းကူးမြို့မြေနေရာတွင် မြို့သစ်စီမံ ကိန်းအပြင် ရန်ကုန်ဟိုတယ်ဇုန်စီမံကိန်းအဖြစ်အကောင်အထည်ဖော်ရန်ရှိခြင်း ကြောင့် အောင်မင်္ဂလာ အဝေးပြေးယာဉ် ရပ်နားသည့်နေရာကိုထိုနေရာသို့ ရွှေ့ပြောင်းမည်ဟု
လည်းကောင်း စီမံကိန်းသတင်းများ မကြာခဏထွက်ပေါ်နေ သည့်အတွက် ၂၀၁၃ ခုနှစ်ကတည်းကပင် လမ်းမကြီးများပေါ်တွင် ၀ယ်ရောင်းအများစုက ၀ယ်ယူထားပြီးဖြစ်ကြောင်း ဒေသခံများက ပြောသည်။

"၀ယ်ရောင်းသမားတွေက ၂၀၁၃ လောက် ကတည်းက လယ်သမားတွေဆီက၀ယ်ထား ကြတယ်"ဟု ဒေသခံတစ်ဦးက ပြောသည်။ သစ္စာအိမ်ခြံမြေအကျိုးဆောင်မှ ဒေါ်သူဇာက "ဒီနေရာကမြေကွက်တွေက ၀ယ်လိုက်၊ ရောင်းလိုက်နဲ့ အရောင်းအ၀ယ် ဖြစ်နေတာ မဟုတ်ဘူး။ ၀ယ်ရောင်းသမား တွေက၂၀၁၃ နှစ်ကုန်ပိုင်းလောက်က
တည်းက ၀ယ်ထားပြီး ဈေးနှုန်းကို အရမ်းမြှင့်လိုက် တော့ အဲဒီမြေတွေကဒီလိုဘာစီမံကိန်းမှအကောင်အထည်
မဖော်သေးချိန်မှာ သူတို့ ရောင်းတဲ့ဈေးနှုန်းနဲ့ ဘယ်လိုမှရောင်းလို့ ရမှာ မဟုတ်တော့ဘူး။ အဲဒီမြေနေရာလွတ်တွေမှာ ကျူးကျော်နေတဲ့သူတွေ တစ်နေ့ တခြား များပြားလာပါတယ်။ စက်ရုံရှိတဲ့နေရာ တွေနဲ့ လူနေထူထပ်တဲ့နေရာတွေမှာတော့ကျူးကျော်မရှိပါဘူး"ဟု
ပြောသည်။

"ဒီလိုကျူးကျော်နေတဲ့သူတွေနဲ့ ပတ်သက် ပြီး ဖယ်ပေးမယ်၊ မဖယ်ပေးဘူးဆိုပြီး အရမ်းကို ပြဿနာကြီးကြီးမားမားတော့ မဖြစ်ဖူးသေးပါဘူး။ မြေကွက်လွတ်တွေကိုဝယ်ပြီး လာ မကြည့်တော့တဲ့သူတွေများပါတယ်။

နောက်ပိုင်ရှင်တွေလာကြည့်ပြီး ဖယ်ခိုင်းရင်တော့ ကျုးကျော်နေတဲ့သူတွေကဖယ်ပေးရမှာပေါ့။ဒီကျူးကျော်ပြဿနာကလည်း မြေကွက်လွတ်တွေဝယ်ပြီးပစ်ထားမယ်ဆိုရင်
ဖြစ်နေကျပြဿသာနာတစ်ခုပါပဲ"ဟု ၎င်းက ပြောသည်။

ရန်ကုန်အရှေ့မြောက်မြို့သစ်စီမံကိန်း အနီးတစ်ဝိုက်ရှိ ကျွန်းကလေးကျေးရွာ၊ ဒရယ်ဘိုကျေးရွာနှင့် လှည်းကူးမြို့နယ်ရှိ အထင်ကရလမ်းမကြီးများဖြစ်သည့် ရန်ကုန်မန္တလေးလမ်းနှင့်လှည်းကူး-ဖောင်ကြီးလမ်းမကြီးများပေါ်ရှိ မြေကွက်များကိုဝယ်ယူရန်လာရောက်ကြည့်ရှုသူများ၊ ဈေးစုံစမ်းသူများ နေ့စဉ်ရက်ဆက်နီးပါး ရှိနေသော်လည်း အမှန်တကယ်ဝယ်ယူသူ အလွန်နည်းပြီး ဈေးနှုန်းလာရောက်စုံစမ်းမှုများသာ များပြားကြောင်း ဒေသခံအိမ်ခြံမြေမြေ အကျိုးဆောင် များက ပြောသည်။

"ဒီနေရာမှာ စီမံကိန်းသတင်းတွေ ခဏ ခဏထွက်နေပေမယ့် တကယ်အရောင်းအ၀ယ်ဖြစ်တာ မရှိလို့ ဒေသခံအိမ်ခြံမြေမြေ အကျိုးဆောင်တွေတောင် တခြားလုပ်ငန်းတွေကို ပြောင်းရွှေ့လုပ်ကိုင်နေကြပါပြီ"ဟု
ဒေသခံအိမ်ခြံမြေမြေအကျိုးဆောင်ကိုဝဏ္ဏထွန်းက
ပြောသည်။

မြေဧက ၁၇,၃၇၅ ဧကပေါ်တွင် မြန်မာကျပ်ငွေ ၄၉၁ ဒသမ ၁၃ ဘီလျံ အကုန်ကျခံကာ အကောင်အထည်ဖော်မည့် ရန်ကုန်အရှေ့မြောက်မြို့သစ်စီမံကိန်းမှာမဟာရန်ကုန်မြို့ပြဖွံ့ ဖြိုးရေးစီမံကိန်းတွင်ပထမဦးစားပေးအဆင့်ဖြစ်သော်လည်း ဒုတိယဦးစားပေးမြို့ထက်ပင်စီမံကိန်းအကောင်အထည်ဖော်မှုနည်းကာ ၀ယ်ယူသူများစိတ်ဝင်စားမှုမရှိသော မြို့သစ် တစ်ခုဖြစ်နေကြောင်းအိမ်ခြံမြေအကျိုးဆောင်များက
ပြောသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီနယ်နိမိတ်အဆုံးဖြစ်သည့် ထောက်ကြန့်မြို့နှင့် ခုနစ်မိုင်ကွာဝေးသည့် လှည်းကူးမြို့နယ်၏အားသာချက်မှာသွားလာရေးလွယ်ကူ
သည့်အပြင်အလုပ်သမားများ ပေါများစွာရရှိနိုင်သည့်အတွက် မြေဈေးနှုန်း ကြီးမားသည့် ရန်ကုန်မြို့ရှိ စက်မှုဇုန်များ မှ လုပ်ငန်းရှင်များသည် လုပ်ငန်းခွဲများ တိုးချဲ့ လုပ်ကိုင်ရန် ဈေးနှုန်းချိုသာသည့် လှည်းကူး မြို့နယ်အတွင်းရှိ လှည်းကူးမြို့ ဒရယ်ဘို ကျေးရွာနှင့် ကျွန်းကလေးစံပြကျေးရွာ များသို့ အထည်ချုပ်စက်ရုံခွဲများ၊ ဖိနပ်စက်ရုံများအပြင် စားသောက်ကုန်ထုတ်လုပ် သည့်လုပ်ငန်းများ ၂၀၁၄ ခုနှစ်နောက်ပိုင်း
မှစတင်ရွှေ့ပြောင်းလာကြသည့်အတွက် ဒေသခံများအတွက် အလုပ်အကိုင်အခွင့် အလမ်းများ တိုးတက်လာကာ လယ်ယာမြေလုပ်ကိုင်သော ဒေသခံ များသည် မြေယာ များရောင်းချပြီး ထိုစက်ရုံများတွင် ၀င်ရောက် လုပ်ကိုင်ခဲ့ကြကြောင်း ၎င်းက ပြောသည်။

"ဒီမြို့နယ်မှာ ရွေးချယ်လုပ်ကိုင်စရာ အလုပ်နှစ်ခုပဲ ရှိတယ်။ ဆိုင်ကယ်ကယ်ရီဆွဲ တဲ့အလုပ်နဲ့ စက်ရုံတွေမှာလုပ်တဲ့ အလုပ်တွေ ပေါ့။ လယ်မြေတွေကလည်း တစ်ဧကကို စပါးတင်းငါးဆယ်လောက်ထွက်ဖို့တောင် တော်တော်ဂရုစိုက်ရတဲ့ မြေဖြစ်တာကြောင့် လယ်စိုက်ဖို့ အဆင်မပြေလို့ ဈေးကောင်းတာ နဲ့ ရောင်းပြီး တခြားအလုပ်ပြောင်းလုပ်ကြတာ များတယ်။ ဒီစီမံကိန်းသတင်းကတော့ သတင်းစာမှာ တစ်ခါတွေ့ဖူးပေမယ့် သေချာ မသိပါဘူး။ အများစုကတော့ စီမံကိန်းသတင်း တွေကို မသိကြဘူး" ဟု ဆိုင်ကယ်ကယ်ရီဆွဲသူ ဒေသခံ ကိုအေးမြင့်က ပြောသည်။

Credit: Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service