မြန်မာနိုင်ငံ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကဏ္ဍတွင် တရုတ်ကိုကျော်၍ စင်ကာပူ ထိပ်ဆုံးသို့ ရောက်ရှိလာ

မြန်မာနိုင်ငံ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကဏ္ဍတွင် တရုတ်ကိုကျော်၍ စင်ကာပူ ထိပ်ဆုံးသို့ ရောက်ရှိလာ - Property News in Myanmar from iMyanmarHouse.com
8 Sep 2015 10:10 am တွင် တင်ခဲ့သည်
972 ကြိမ် ကြည့်ရှု့ပြီး
မြန်မာနိုင်ငံ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကဏ္ဍတွင် ယခင်က တရုတ်နိုင်ငံသာ ထိပ်ဆုံးမှ ရပ်တည်လျက် ရှိသော်လည်း ယခုနှစ်ပိုင်းအတွင်း အမေရိကန် အပါအ၀င် အနာက်နိုင်ငံ အများစုမှာ စင်ကာပူနိုင်ငံမှ တစ်ဆင့် ၀င်ရောက် နေသဖြင့် ၂၀၁၅-၂၀၁၆ဘဏ္ဍာနှစ်လက်ရှိအချိန်အထိ နိုင်ငံခြားရင်း
နှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၂ ဒသမ ၆၅ ဘီလျံ ရရှိထားရာတွင် ၁ ဒသမ ၆ ဘီလျံဖြင့် စင်ကာပူနိုင်ငံမှာ ထိပ်ဆုံးသို့ ရောက် ရှိလာကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

“၁၉၈၈ ခုနှစ်ကနေ လက်ရှိ အချိန်အထိ top က တရုတ်ပါပဲ။ မြန်မာနိုင်ငံရဲ့ စုစုပေါင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုရဲ့ ၂၇ ရာခိုင်နှုန်း ရှိပါတယ်။ ဒါပေမဲ့ ၂၀၁၄-၂၀၁၅ မှာ ပြန်ကြည့်ရင်တော့ စင်ကာပူက ထိပ်ဆုံးကို ရောက်လာပါတယ်။

မနှစ်ကဆို စုစုပေါင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုရဲ့ ရာခိုင်နှုန်း ၆၀ လောက်ကို စင်ကာပူက ၀င်ပါတယ်။ လက်ရှိလည်း ၀င်နေပါတယ်။ ၂၀၁၅- ၂၀၁၆ မှာလည်း စင်ကာပူက top ပါပဲ။

ယခုနှစ် လက်ရှိ အချိန်အထိ အမေရိကန်ဒေါ်လာ ၂ ဒသမ ၆၅ ဘီလျံ ၀င်ရောက်နေတာမှာ ၁ ဒသမ ၆ ဘီလျံက စင်ကာပူက ၀င်ရောက်နေတာပါ” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားသည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် မြန်မာနိုင်ငံ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကဏ္ဍတွင် အမေရိကန်ဒေါ်လာ ခြောက်ဘီလျံ ရရှိရန် လျာထားကြောင်း၊ ယခုနှစ်အတွင်း ကုန်ထုတ်လုပ်မှု လုပ်ငန်းများ၊ တယ်လီကွန်း ဆက်သွယ်ရေး လုပ်ငန်းများနှင့် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းများ ကဏ္ဍမှ အဓိက ခွင့်ပြု ပေးနေကြောင်း သိရသည်။

“စင်ကာပူဆိုပေမယ့် အားလုံးစင်ကာပူ နိုင်ငံသားတွေချည်းပဲ မဟုတ်ပါဘူး။ ဥပမာ-ကိုကာကိုလာ မြန်မာပြည် ၀င်လာတယ်။ ကိုကာကိုလာဆိုတာ အမေရိကန်ဆိုတာ လူတိုင်းသိတယ်။ သို့သော် မြန်မာနိုင်ငံကို ၀င် လာတော့ သူကစင်ကာပူမှာ မှတ်ပုံတင်ပြီးမှ မြန်မာနိုင်ငံထဲကို ၀င်လာတာ ဖြစ်ပါတယ်။ ဒါကြောင့် သူ့ရဲ့ Original သည် အမေရိကန် ဖြစ်သော်လည်းပဲ ကျွန်တော်တို့ စာရင်းမှာတော့ စင်ကာပူလို့ ပေါ်ပါတယ်။ ကျွန်တော်တို့ဆီကို အနောက်နိုင်ငံ အများစုက လာတဲ့အခါ အများစုက စင်ကာပူမှာ မှတ်ပုံတင်ပြီးတော့ တဖြည်းဖြည်းနဲ့ ၀င်လာလေ့ ရှိပါတယ်။ မနှစ်က ရာခိုင်နှုန်း ၆၀ ၀င်ခဲ့တာလည်း စင်ကာပူတွေချည်း မဟုတ်ပါဘူး။ စင်ကာပူနိုင်ငံ မဟုတ်ဘဲ အခြားနိုင်ငံက ကုမ္ပဏီတွေလည်း ပါပါတယ်” ဟု ဦးအောင်နိုင်ဦးက ဆက်လက် ပြောကြားခဲ့သည်။

၂၀၁၄ခုနှစ် ဧပြီ ၁ ရက်မှ ဇူလိုင်လကုန်အထိ MIC က ခွင့်ပြုပေးလိုက်သည့် လုပ်ငန်းပေါင်း ၃၉ ခုရှိကြောင်း၊ အဆိုပါ ၃၉ ခု၏ တန်ဖိုးပမာဏမှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၈၃၀ ရှိကြောင်း၊ ၂၀၁၅ ခုနှစ် ဧပြီ ၁ ရက်မှ ဇူလိုင် ၃၁ ရက်အထိ လေးလတာ ကာလအတွင်း ခွင့်ပြုပေးလိုက်တဲ့ Project ပေါင်း ၇၁ ခုရှိကာ တန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ ၆၅ ဘီလျံ ရကြောင်း သိရသည်။

“အဲဒီ စာရင်းတွေထဲမှာ နောက်ဆုံးခွင့် ပြုလိုက်တဲ့ MIC စာရင်း ထည့်မပေါင်းရသေးဘူး။ ပေါင်းလိုက်မယ်ဆိုရင် ၈၀ ကျော်လောက် ဖြစ်သွားမယ်။ အဲတော့ မနှစ်ကနဲ့ ဒီနှစ် ခွင့်ပြုခဲ့တဲ့ အရေအတွက်ချင်း ယှဉ်ရင် နှစ် ဆလောက် တက်လာတယ်။

တန်ဖိုးနဲ့ ပြန်ကြည့်ရင် သုံးဆလောက် တက်ပါတယ်။ ကျွန်တော်တို့ လက်ထဲမှာ လက်ခံထားတဲ့ MIC ကို မတင်ရသေးတဲ့ စိစစ်ဆဲ Proposal ပေါင်း ၄၀ ကျော်လောက် ရှိပါတယ်” ဟု၎င်းက ဆက်လက် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲကြောင့် ယခုနှစ် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏအပေါ် သက်ရောက်နိုင်ခြေ မရှိဘဲ လျာထားချက်ထက်ပင် ပိုမိုဝင်ရောက်နိုင်ကြောင်း ဦးအောင်နိုင်ဦး က သုံးသပ် ပြောကြားခဲ့သည်။


Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
အသက် ၇၅ နှစ် အဘိုးအိုက ရေသန့်ဘူးကြီး ၁၄ ဘူးနေ့စဉ်မှာနေရာ ရေသန့်သမားက သံသယဖြစ်ကာ ရဲကို တိုင်တန်းကာ ရှာဖွေစစ်ဆေးလိုက်သောအခါ…...
အသက် ၇၅ နှစ် အဘိုးအိုက ရေသန့်ဘူးကြီး ၁၄ ဘူးနေ့စဉ်မှာနေရာ ရေသန့်သမားက သံသယဖြစ်ကာ ရဲကို တိုင်တန်းကာ ရှာဖွေစစ်ဆေးလိုက်သောအခါ…...
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ...
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ...
အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆို...
အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆို...
မွန်ဂို စစ်ဘုရင် တိမူးရဲ့ ကျိန်စာတိုက်ထားတဲ့ အုတ်ဂူကြီးကို သိပ္ပံပညာရှင်တွေ မကြောက်မရွံ့ ဖွင့်လိုက်ပြီးနောက် ကမ္ဘာ့သမိုင်းကို ပြောင်းလဲစေတဲ့ ဖြစ်ရပ်ကြီးပေါ်ပေါက်လာပုံ...
မွန်ဂို စစ်ဘုရင် တိမူးရဲ့ ကျိန်စာတိုက်ထားတဲ့ အုတ်ဂူကြီးကို သိပ္ပံပညာရှင်တွေ မကြောက်မရွံ့ ဖွင့်လိုက်ပြီးနောက် ကမ္ဘာ့သမိုင်းကို ပြောင်းလဲစေတဲ့ ဖြစ်ရပ်ကြီးပေါ်ပေါက်လာပုံ...
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့်ပေးခဲ့သောအဖြစ်...
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့်ပေးခဲ့သောအဖြစ်...
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ...
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ...
ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွမ်းထက်လှကြောင်း တွေ့ရှိ...
ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွမ်းထက်လှကြောင်း တွေ့ရှိ...
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျောက်ဖြစ်နေကြောင်း တွေ့ခဲ့ရသည့် ဆန်းကြယ်သော ဖြစ်ပုံ...
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျောက်ဖြစ်နေကြောင်း တွေ့ခဲ့ရသည့် ဆန်းကြယ်သော ဖြစ်ပုံ...
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင်းကြောင်တောင် ဝင်ရောက်ဓားပြတိုက်...
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင်းကြောင်တောင် ဝင်ရောက်ဓားပြတိုက်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မွန်ဂို စစ်ဘုရင် တိမူးရဲ့ ကျိန်စာတိုက်ထားတဲ့ အုတ်ဂူကြီးကို သိပ္ပံပညာရှင်တွေ မကြောက်မရွံ့ ဖွင့်လိုက်ပြီးနောက် ကမ္ဘာ့သမိုင
မွန်ဂို စစ်ဘုရင် တိမူးရဲ့ ကျိန်စာတိုက်ထားတဲ့ အုတ်ဂူကြီးကို သိပ္ပံပညာရှင်တွေ မကြောက်မရွံ့ ဖွင့်လိုက်ပြီးနောက် ကမ္ဘာ့သမိုင
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
အသက် ၇၅ နှစ် အဘိုးအိုက ရေသန့်ဘူးကြီး ၁၄ ဘူးနေ့စဉ်မှာနေရာ ရေသန့်သမားက သံသယဖြစ်ကာ ရဲကို တိုင်တန်းကာ ရှာဖွေစစ်ဆေးလိုက်သောအခ
အသက် ၇၅ နှစ် အဘိုးအိုက ရေသန့်ဘူးကြီး ၁၄ ဘူးနေ့စဉ်မှာနေရာ ရေသန့်သမားက သံသယဖြစ်ကာ ရဲကို တိုင်တန်းကာ ရှာဖွေစစ်ဆေးလိုက်သောအခ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျေ
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျေ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service