ရွှေတိဂုံစေတီဝန်းကျင်၌ အဆောက်အအုံဆောက်ရန် ပိုင်ရိုက်ခြင်းနှင့်ပတ်သက်၍ ကန့်သတ်ချက်မရှိ

ရွှေတိဂုံစေတီဝန်းကျင်၌ အဆောက်အအုံဆောက်ရန် ပိုင်ရိုက်ခြင်းနှင့်ပတ်သက်၍ ကန့်သတ်ချက်မရှိ - Property News in Myanmar from iMyanmarHouse.com
31 Aug 2015 10:24 am တွင် တင်ခဲ့သည်
1400 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ
ရွှေတိဂုံစေတီ တော် အနီးဝန်းကျင်တွင် အဆောက် အအုံတည်ဆောက်ရန် ပိုင်ရိုက်ခြင်း နှင့် ပတ်သက်၍ ကန့်သတ်ထားခြင်း မရှိကြောင်း သိရသည်။

”ရွှေတိဂုံရဲ့ ဘယ်လောက် အကွာအဝေးမှာ အဆောက်အအုံ မဆောက်ရဘူးဆိုပြီးကန့်သတ်ထား ခြင်းမရှိပါဘူး။
မြေကြောမလွတ် တာ ရွှေတိဂုံအထိ မြေကြောရောက် မရောက် ဆိုတာ မသိနိုင်ဘူး။ တိုင်းတာလို့လည်း ရတာမှ မဟုတ် တာ”ဟု ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ၊ အင်ဂျင်နီယာ (အဆောက်အအုံ) ဌာနမှ ဌာနမှူး ဦးသန်းဌေးက ပြောသည်။

ရွှေတိဂုံစေတီတော်အနီး ဝန်း ကျင်တွင် အထပ်မြင့် အဆောက်အအုံတည်ဆောက်မည်ဆိုပါက
ရွှေတိဂုံစေတီတော်၏ ကြံ့ခိုင်မှုအနေ အထားနှင့် ကုန်းတော်၏ မြေလွှာ ကြောများတည်ငြိမ်မှုအခြေအနေ၊
မြေအောက်ရေထုတ်ယူသုံးစွဲသည့် ပမာဏနှင့် တည်ဆောက်မည့် အဆောက်အအုံ၏ ရေဆိုးစနစ်၊ မိလ္လာ စနစ်စသည့်စနစ်တို့ကိုပါထည့်သွင်းတွက်ချက်ထား
သင့်ကြောင်း မြန်မာနိုင်ငံရှိ ဗိသုကာပညာအသင်း မှ ထုတ်ပြန်ကြေညာထားသည်။

”ကျွန်တော်တို့ ဟိုတယ်က နောက်ထပ် ဟိုတယ်အသစ်တစ်လုံး ဆောက်ဖို့ မြေတူးပိုင်ရိုက်နေတဲ့ အချိန်မှာ ရွှေတိဂုံစေတီက လူကြီးက မလုပ်ဖို့ လာတားမြစ်တယ်။သူတို့ ပြောသွားတာတော့
မြေကြောမလွှတ် လို့ပါလို့ ပြောသွားတယ်”ဟု အလုံ လမ်းပေါ်တွင် တည်ရှိသော ဟိုတယ် တစ်ခုမှ ဝန်ထမ်းက ပြောသည်။

ရွှေတိဂုံစေတီတော် ဝန်းကျင် အနီး ဟိုတယ်တစ်ခုမှ ၎င်းဧရိယာ အတွင်း ဟိုတယ်နောက်တစ်လုံး တည်ဆောက်ရန်ပိုင်ရိုက်ခြင်းကို ရွှေတိဂုံရှိ ဂေါပကလူကြီးများက တားမြစ်သည်ဟု သတင်းများ ထွက် ပေါ်မှုနှင့် ပတ်သက်၍ ရွှေတိဂုံစေတီ တော်ရှိ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောရာတွင် ၄င်းတို့အနေဖြင့် တား မြစ်ထားခြင်း မရှိသလို တားမြစ်ပိုင် ခွင့်လည်း မရှိကြောင်း ပြောသည်။

ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးကော်မတီမှ ရွှေတိဂုံစေတီ တော်အနီးဝန်းကျင်တွင် အဆောက် အအုံတည်ဆောက်မှုနှင့် ပတ်သက် ၍ စေတီတော်၏ မြင်ကွင်းထက် ကျော်လွန် ဆောက်လုပ်မှုကိုသာ တားမြစ်ထားပြီး အဆောက်အအုံ တည်ဆောက်ရာတွင် ပိုင်ရိုက်ခြင်း အား တားမြစ်ထားခြင်း မရှိကြောင်း သိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးကော်မတီ၊ အင်ဂျင်နီယာ (အဆောက်အအုံ)ဌာနမှ ၂ဝ၁၃ ခုနှစ်၊ သြဂုတ်လတွင် ရွှေတိဂုံစေတီတော် ၏ ကန့်သတ်ဧရိယာအဖြစ် သတ် မှတ်ရာ၌ အရှေ့ဘက်တွင် အလံပြ ဘုရားလမ်း၊ ဗိုလ်မင်းခေါင်လမ်း အတွင်းဘက်ပိုင်း၊ အထက်ပန်းဆိုး တန်းလမ်းအတွင်း ဘက်ပိုင်း၊ ကန်ရိပ် သာလမ်း၊ စက်ရုံလမ်း၊ နတ်မောက် လမ်း၊ ကမ္ဘာအေးဘုရားလမ်း၊ အနောက်ဘက်တွင် ဗဟိုလမ်း အတွင်းဘက်ပိုင်း၊ မြောက်ဘက်တွင် ဓမ္မစေတီလမ်း၊ ရှင်စောပုလမ်း၊ တောင် ဘက်တွင် မင်းရဲကျော်စွာလမ်း (အတွင်းဘက်ပိုင်း)၊ မြို့ပတ်ရထား လမ်း၊ ရွှေတိဂုံဘုရားလမ်းဆုံမှ ယော မင်းကြီး ဦးဘိုးလှိုင်လမ်းစသည့် နေရာများအား ကန့်သတ်ထား ကြောင်း သိရသည်။

ရွှေတိဂုံစေတီတော်၏ ကန့် သတ် နယ်နိမိတ်အတွင်း အမြင့်ပေ သတ်မှတ်ချက်များအနေဖြင့် အမြင့် ပေ ၆၂ ပေနှင့် ၇၈ ပေကြား သတ် မှတ်ထားပြီး ရွှေတိဂုံစေတီ၏ မြင် ကွင်းလမ်းကြောင်း ထိန်းသိမ်းသည့် အနေဖြင့် ပြည်လမ်း၊ ရွှေတိဂုံဘုရား လမ်း၊ အရှေ့ကြားတောရလမ်း၊ ရွှေဂုံတိုင်လမ်းဆုံ၊ အင်းလျားလမ်း၊ ဦးဝိစာရလမ်း၊ ကန်တော်မင်္ဂလာ ပန်းခြံ၊ ဦးထောင်ဘိုအဝိုင်းနှင့် ကန် တော်ကြီး ပန်းခြံတို့အား သတ်မှတ် ထားကြောင်း သိရသည်။

နိုင်ငံတော်၏ အထင်ကရအဆောက်အအုံဖြစ်သော ပြည်သူ့ လွှတ်တော်ဝန်းကျင်ဖြစ်သည့် စမ်း ချောင်းမြို့နယ်၊ ရှင်စောပုလမ်းတစ် လျှောက်တွင် အထပ်မြင့်အဆောက် အအုံများ ဆောက်လုပ်မည်ဆိုပါက ငါးထပ်အမြင့်သာ ဆောက်လုပ်ရ မည်ဖြစ်ပြီး မြေညီထပ်ကို အမြင့် ၁၄ ပေ ထားရှိရန်နှင့် ကျန်အထပ် များအား အမြင့် ၁ဝ ပေစီထားကာ ဆောက်လုပ်ရမည်ဟု သတ်မှတ် ထားကြောင်း၊ ရန်ကုန်မြို့နယ်နိမိတ် အတွင်း ကန့်သတ်ထားရှိသည့်အမြင့်ဆုံးတည်ဆောက်ခွင့်ပြုထား
သော အဆောက်အအုံ၏ အမြင့်ပေ မှာ ၄၁၇ ပေအထိသာ သတ်မှတ်ထား ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီမှ သတင်း ထုတ်ပြန်ထားသည်။

Credit; thetradetimes

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service