စရန်ချပြီး ၀ယ်ထားတဲ့အကွက် ပြန်ရောင်းတဲ့အခါ အထင်လွဲခံရ

စရန်ချပြီး ၀ယ်ထားတဲ့အကွက် ပြန်ရောင်းတဲ့အခါ အထင်လွဲခံရ - Property News in Myanmar from iMyanmarHouse.com
10 Aug 2015 11:21 am တွင် တင်ခဲ့သည်
1116 ကြိမ် ကြည့်ရှု့ပြီး
အိမ်ခြံမြေဈေးကွက်မှာ ငွေအကျေမချေသေးပဲ စရန်ငွေချပြီး တစ်ဖက်လူကို ပြန်ရောင်းသူတွေရှိတယ်။

စရန်ငွေပဲ ချထားသေးတာကြောင့် ပါမစ်မူရင်းမဟုတ်ဘဲ မိတ္တူပဲကိုင်ပြီး အရောင်းတင်တဲ့ ဈေးကွက်ပါ။ အခုလိုအရောင်းတင်တဲ့အခါမှာ မိတ္တူပဲဖြစ်နေတာကြောင့် မူရင်းပြပြီးရောင်းတဲ့သူနဲ့ ယှဉ်တဲ့အခါ အတုနဲ့ရောင်းသလို အထင်ခံရပြီး အရောင်းမထွက်တဲ့ အခက်အခဲတွေ ရှိနေတယ်လို့ ပြောပါတယ်။

ဒဂုံသီးသန့်အကျိုးဆောင် မကေသီက "ဒီနောက်ပိုင်း ဈေးကွက်က သိတဲ့အတိုင်းပဲလေ၊ အတုတွေနဲ့ လိမ်လည်ရောင်းတာတွေ ရှိနေတော့ ၀ယ်သူတွေလဲ မ၀ယ်ရဲ၊ ရောင်းတဲ့သူတွေကလည်း ပိုင်ရှင်ဆိုပေမယ့် အပြီးမ၀ယ်သေးပဲ စရန်ငွေချပြီး ပြန်ရောင်းကြတာဆိုတော့ မိတ္တူပဲပြနိုင်နဲ့ ဈေးကွက်ထဲမှာ ကြုံနေရတဲ့ အခက်အခဲတွေပေါ့"လို့ ရှင်းပြပါတယ်။

အပိုင်ဝယ်ပြီးမှ (စာရွက်စာတမ်းအစုံ)နဲ့ ပါမစ်မူရင်းကိုင်ပြီးရောင်းနိုင်တဲ့သူနဲ့ ပါမစ်မိတ္တူနဲ့ရောင်းတဲ့သူတွေ ဈေးကွက်ထဲမှာ ကွာခြားချက်တွေရှိတာကြောင့်လို့ သိရတယ်။

ပါမစ်မိတ္တူနဲ့ အရောင်းတင်တဲ့အခါ ပါမစ်မသေချာဘူးထင်ပြီး မ၀ယ်ရဲကြဘူး။ ပါမစ်မူရင်းရှိတဲ့ နေရာခေါ်ပြတော့လည်း မလိုက်နဲ့ ဈေးကွက်ထဲမှာ ကြုံတွေ့နေရတဲ့ အဖြစ်တွေလို့ အကျိုးဆောင်တချို့က ပြောပါတယ်။

ဝယ်ရောင်းအကျိုးဆောင် ဦးကျော်နိုင်က "စရန်ချထားပြီး ပါမစ်မိတ္တူနဲ့ အရောင်းတင်တာမျိုး ၀ယ်လက်အများစုက သိပ်စိတ်မ၀င်စားဘူး၊ ဈေးခေါ်တာတောင် ဈေးကျနေရင်
အောက်ဈေး၊ ဈေးတက်နေရင် အတက်ဈေး၊ ဈေးတန်းက ငြိမ်နေရင်အငြိမ်ဈေးနဲ့အခြေအနေကြည့်ပြီး ဈေးကိုပြောင်းလဲရတယ်၊ခုအချိန်ကအတက်ဈေးမဟုတ်ဘဲ အောက်ဈေးတန်းနဲ့ဆိုရင်တော့ပွဲချက်ခြင်းဖြစ်တာများတယ်"လို့ ဈေးကွက်အခြေအနေကို ပြောပြပါတယ်။

စရန်ချထားပြီး ဈေးကွက်တင်ရတာကြောင့် ပါမစ်မိတ္တူနဲ့ အရောင်းတင်ရတယ်။ စရန်ချထားရုံနဲ့ မူရင်းကို မပေးတာကြောင့် မူရင်းကို ၀ယ်သူရှိရင် လိုက်ပြပေးတာမျိုး လုပ်ရတယ်လို့ အကျိုးဆောင်တချို့က ပြောပါတယ်။

ဒဂုံသီးသန့်အကျိုးဆောင် မဇင်မာက "ဈေးကွက်မှာ အခက်အခဲဖြစ်ရတာက မိတ္တူပြပြီး ရောင်းရတာဆိုတော့ အတုလို့အထင်ခံရတာများတယ်၊ တချို့တွေကတော့ နားလည်ပါတယ်၊တချို့ဝယ်လက်တွေကျတော့ ပြောရခက်
တယ်"လို့ ပြောပါတယ်။

Credit: The Modern

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ

ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ

ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား

ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...

အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...

ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ

ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service