စီမံကိန်းနှင့်နီးစပ်သူများက မြေကြိုတင်ဝယ်ယူ ထားမှုများနှင့် ရန်ကုန်အရှေ့မြောက်ပိုင်း မြို့သစ်စီမံကိန်း၏ မြေဈေးကွက်

စီမံကိန်းနှင့်နီးစပ်သူများက မြေကြိုတင်ဝယ်ယူ ထားမှုများနှင့် ရန်ကုန်အရှေ့မြောက်ပိုင်း မြို့သစ်စီမံကိန်း၏ မြေဈေးကွက် - Property News in Myanmar from iMyanmarHouse.com
1 Jul 2015 10:03 am တွင် တင်ခဲ့သည်
1232 ကြိမ် ကြည့်ရှု့ပြီး
ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်အဆုံး မစိုကားလမ်းမကြီး ဘေးတစ်ဖက်တစ်ချက်တွင်ရှိသည့်
လယ်ကွင်းပြင်ကျယ်များသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရက မကြာသေးမီက အတည်ပြုလိုက်
သည့် မြို့သစ်ခုနှစ်ခုအနက် ပထမဦးစားပေး တည်ဆောက်ရန် လျာထားသည့် မြို့သစ်နေရာ
ဖြစ်လာခဲ့သည်။

ဦးစားပေး ခုနစ်ခုဖြင့် တည်ဆောက်မည့် မြို့သစ် ခုနစ်မြို့ စီမံကိန်းသည် တိုင်းဒေသ ကြီးအစိုးရ၏
ရန်ကုန်မြို့ မဟာရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေး မဟာဗျူဟာစီမံကိန်း ၂၀၄၀ ပြည့်နှစ် ပါ စီမံကိန်းများဖြစ်ပြီး
ဦးစားပေး (၁) မှာ ဒဂုံမြို့သစ်အရှေ့ပိုင်းနှင့် လှည်းကူးမြို့နယ် ကြားရှိ မြေဧက တစ်သောင်းကျော်ရှိသည့်
ဧရိယာတွင် အရှေ့မြောက်ပိုင်းအမည်ဖြင့် မြို့သစ်တည်ဖြစ်သည်။

ပထမဦးစားပေး (၁) ဖြစ်ရခြင်းမှာ လန (၃၉) ကျပြီးသော မြေနေရာဖြစ်ပြီး လူဦးရေးသိပ်သည်းမှု
နည်းပါးခြင်း၊ လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်ခြင်း၊ ရန်ကုန်မြို့၏ အရှေ့ပိုင်းတွင် သီလ၀ါ
အထူးစီးပွားရေးဇုန် နှင့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ် အကြား ကုန်စည်ပို့ဆောင်ရေးအရ
အချက်အချာနေရာတွင် ရှိခြင်း၊ လက်ရှိ အကောင်အထည်ဖော်ဆဲ လဂွန်းပြင် ရေသန့်စင် စက်ရုံ
စီမံကိန်းက ရေဖြန့်ဖြူးပေးနိုင်ခြင်း တို့ကြောင့် ဖြစ်သည်ဟု မြို့တော်ဝန်ဦးလှမြင့်က အဆိုပါ
မဟာဗျူဟာ စီမံကိန်းကို လွှတ်တော်၌ တင်သွင်းစဉ် ပြောကြားခဲ့သည်။

ရန်ကုန်အရှေ့မြောက်ပိုင်းမြို့သစ် လျာထားရာ နေရာသည် လက်ရှိတွင် ကျေးရွာ အချို့နှင့်
လယ်မြေများ၊ လုပ်ငန်းလုပ်ကိုင်မှု နည်းပါးသေးသည့် စက်မှုဇုန်လေးခုနှင့် အိမ်ရာတစ်ခု
စသည်တို့သာရှိပြီး ဖွံ့ဖြိုးတိုးတက်မှု မရှိသေးသည့် နေရာသာဖြစ်သည်။ စီမံကိန်းနေရာသို့
စတင်ဝင်ရောက်သည့်နေရာတွင်မူ လွန်ခဲ့သည့်၁၈ နှစ်ခန့်ကပင် အကောင်အထည်ဖော်နေသော
ဒီဇင်ဘာဘောဂသီရိအိမ်ရာ တစ်ခုရှိပြီး လက်ရှိတွင် တန်းဖိုးနည်းတိုက်ခန်းများကို ဆောက်လုပ်
လျက်ရှိကြောင်း အဆိုပါ မြို့သစ်စီမံကိန်းအတွင်းပါရှိသည့်ကျေးရွာဒေသခံများက ပြောသည်။
"ဒီအိမ်ရာကြီးက တော်တော်ကြာပါပြီ။ ၁၉၉၇ ခုနှစ်လောက်ကတည်းက ရှိခဲ့တာ အစိုးရနဲ့
ကုမ္ပဏီနဲ့ ပေါင်းဆောက်တယ်လို့ တော့ ပြောကြတယ်။ ဒါပေမဲ့ ဒီဘက်က ခေါင်တော့
လူသိပ်မနေဘူး။ အခုတော့ အဲဒီ မှာ တိုက်ခန်းတွေ ဆောက်နေတာတွေ့တယ် တန်ဖိုးနည်း
တိုက်ခန်းတွေလို့ ကြားတယ်" ဟု ယင်းမြို့သစ်ဧရိယာအတွင်းတွင် ပါဝင်သည့်ညောင်ပင်သာ
ကျေးရွာနေ ဒေသခံတစ်ဦးက ပြောသည်။

သို့သော် အရှေ့မြောက်ပိုင်းမြို့သစ်တည် ရန် တိုင်းဒေသကြီးအစိုးရက အတည်ပြုပြီးသည့် ဇွန်
၁၉ ရက် နောက်ပိုင်းတွင် အဆိုပါဒေသများ၏ အိမ်ခြံမြေ ဈေးနှုန်းများမှာ ရုတ်ချည်းလှုပ်ခတ်၍
လာရောက်ဝယ်ယူသူ အများအပြား မရှိခဲ့သော်လည်း လယ်မြေများ နှင့် ကျေးရွာတွင်းရှိ
မြေအများအပြားမှာ ရောင်းပြီးဖြစ်ကြောင်း အဆိုပါမြို့သစ် အဆုံး သတ်နေရာတွင်ရှိသော
သရက်ပင်ချောင်ကျေးရွာက အိမ်ခြံမြေပွဲစား လုပ်ကိုင်သူ ဦးသန်းလွင်က ပြောသည်။ "ဒီရက်ထဲ
အရောင်းအ၀ယ် နည်းနည်း ပါးနေတယ်။ ဒါပေမဲ့ ဒီနေရာတွေက လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်
ကတည်းက လာဝယ်တဲ့သူတွေရှိနေတာ။ ဒီက လယ်ရော ရွာထဲ က မြေတော်တော်များများတောင်
ရောင်းကုန်နေပြီ။ တချို့ဆို လယ်သမားတွေဆီက ၀ယ်ထားတဲ့ပိုင်ရှင်တွေက ဈေးပိုရလို့ တခြား
ဝယ်လက်တွေကို ပြန်ရောင်းတာတောင်ရှိတယ်" ဟု ၎င်းကပြောသည်။ ယင်းကဲ့သို့ မြေများ
လာရောက်ဝယ်ယူသူ အများစုမှာ ရှမ်းတရုတ်လုပ်ငန်းရှင်များ၊ ၀န်ကြီးများ၏ ကိုယ်ရေးအရာရှိများနှင့်
အငြိမ်းစားဗိုလ်ချုပ်ကြီးများ ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းကလည်း အဆိုပါ
စီမံကိန်းနယ်မြေများကို နိုင်ငံခြားသားများ၊ အစိုးရနှင့် နီးစပ်သူများက ကြိုတင် ၀ယ်ယူမှုများရှိနေကြောင်း
ဇွန် ၁၉ ရက်က လွှတ်တော်၌ ဆွေးနွေးစဉ် ပြောကြားသည်။ "ဒီစီမံကိန်း ခုနစ်ခုလုံးမှာ မြို့သစ်
လုပ်မှာကြိုသိထားလို့ ကြိုဝယ်ယူထားမှုတွေ ရှိနေပါတယ်။ သတင်းအချက်ကို ဦးစွာသိရှိသူက
ဒီသတင်းကိုသုံးပြီးကိုယ်တိုင်သို့မဟုတ်သူတစ်ပါးကိုပေးအပ်ပြီးတရားမ၀င်အကျိုး မြတ်ရရှိရေးအတွက်
ဆောင်ရွက်ခြင်းနှင့် ဈေးကွက်ထိန်းချုပ်ရန် ပြုလုပ်ခြင်းသည် ငွေကြေးခ၀ါချမှုတိုက်ဖျက်ရေးပုဒ်မ ၅ နဲ့
ငြိစွန်းတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ် တွေက၊ အစိုးရအဖွဲ့တွေက ဒီစီမံကိန်းမှာ ပါဝင်ပတ်
သက်မှုမရှိဖို့ အလွန်အရေးကြီး ပါတယ်"ဟု ၎င်းကဆိုသည်။ ရန်ကုန်အရှေ့မြောက်ပိုင်းစီမံကိန်း
နယ်မြေရှိ မြေဈေးနှုန်းများမှာလည်း ယင်းဒေသ တွင် ၂၀၁၃ ခုနှစ်မှစတင်ကာ ဈေးကွက်ကောင်းမွန်
လာခဲ့ပြီး လက်ရှိအချိန်တွင် တစ်ဧကလျှင် ကျပ်သိန်း ၅၀ ခန့်ရှိပြီး ကျေးရွာ အတွင်းက မြေများမှာ
ကျပ်သိန်း ၃၀၀ ခန့် ရှိကာ စက်မှုဇုန်မြေများမှာမူ ပေ ၂၀၀ ပတ်လည် တစ်ကွက်လျှင် ကျပ်သိန်း
၁,၅၀၀ ခန့်ရှိကြောင်း ဦးသန်းလွင်က ပြောသည်။

ဈေးကွက် စတင်ကောင်းမွန်သည့် အချိန် သည် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီနှင့်
ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီတို့ ပူးပေါင်းကာ မဟာရန်ကုန်
မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်းကို စတင်ရေးဆွဲနေသည့် အချိန် ဖြစ်သောကြောင့် ထိုအချိန်က
တည်းက မြေကွက်များ လိုက်လံဝယ်ယူနေမှုများသည် အစိုးရအဖွဲ့နှင့် နီးစပ်သူများသာ ဖြစ်နိုင်သည်
ဟု လွှတ်တော်ကိုယ်စားလှယ် အချို့က သံသယရှိနေကြသည်။

မဟာရန်ကုန်မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်းအရ စီမံကိန်းနယ်မြေအတွင်းပါသည့် လယ်မြေများကို
လျော်ကြေးအဖြစ် တစ်ဧကလျှင် ငွေကျပ် သိန်း ၅၀ နှင့် အခြားမြေများကို တစ်ဧကလျှင်
ငွေကျပ်သိန်း ၁၀၀ နှုန်းဖြင့် ပေးရန်သတ်မှတ်ထားပြီး အဆိုပါ ရန်ကုန်အရှေ့မြောက်ပိုင်းမြို့သစ်
စီမံကိန်းအတွက် စုစုပေါင်းကုန်ကျစရိတ်မှာ ငွေကျပ် ၄၉၁ ဒသမ ၂၃ ဘီလျံဖြစ်သည်။
"လျော်ကြေးကို တစ်ဧက သိန်း ၅၀ သိန်း ၁၀၀ နှုန်းပဲ ပေးမယ်ဆိုရင် ဘယ် လယ်မြေပိုင်ရှင်ကမှ
မြို့မြေဖြစ်တဲ့ကိုယ့်မြေ ကို အသိမ်းခံချင်မှာမဟုတ်ဘူး။ အဲဒီအခါ ကျရင် စီးပွားရေးသမားတွေ
မြေကစားတဲ့ သူတွေသတ်မှတ်တဲ့ဈေးနဲ့ပဲ သူတို့ရဲ့ လယ် မြေယာမြေတွေကို ပေးလိုက်ရမှာဖြစ်ပါ
တယ်။ အကျိုးဆက်အနေနဲ့ ဒေသခံတွေက လယ်မဲ့ယာမဲ့အိမ်မဲ့အခြေအနေကို ရောက်သွား
မှာဖြစ်ပါတယ်"ဟု ဒေါ်ညိုညိုသင်းက လွှတ်တော်တွင်း ကန့်ကွက်ဆွေးနွေးခဲ့သည်။

မဟာဗျူဟာစီမံကိန်း၏ ရင်းနှီးမြုပ်နှံမှု နှင့် ပြန်လည်ရရှိနိုင်မှု ခန့်မှန်းချက်အရ မြေ အတွက်
ပြန်လည်ရရှိနိုင်မှုမှာ စီးပွားရေးအဆောက်အအုံများအတွက်နှင့် အထပ်မြင့် အဆောက်အအုံတို
အတွက်မှာ အိမ်ရာမြေ များထက် အဆပေါင်းများစွာဖြစ်သောကြောင့် တစ်ဧကလျှင် မြေဧကတန်ဖိုး
အနည်းဆုံး ကျပ်သိန်း ၂,၈၀၀ ခန့် ဖြစ်သည်။ ယခုအချိန်တွင် စီမံကိန်းမြေများ ၀ယ်ယူ နိုင်ရန်မှာ
အလွန်ပင်ခက်ခဲနေပြီး ကြိုတင် ၀ယ်ယူမှုများ ရှိခဲ့သောကြောင့် စီမံကိန်း စတင် ဖော်ဆောင်ရန်
အချိန်ရောက်လာသည့်အခါ လျော်ကြေးပေးသည့်ဈေးထက် ပြင်ပပေါက်ဈေး များမှာ မြင့်မားလာနိုင်
သည့်အတွက် အစိုးရ က မြေဈေးများ မြင့်မားလာမှုမရှိစေရန် ထိန်းချုပ်ဖို့ လိုအပ်နေသည်။

Credit: mmtimes

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service