မြို့သစ်ဧရိယာအတွင်းမှာအရှေ့နဲ့အနောက်သွားလမ်းမဖြစ်တဲ့ မနော်ဟရီလမ်းဟာဖွံ့ဖြိုးမှုအခြေ
အနေပိုကောင်းလာပြီး၊ ရှေ့အလားအလာအရ ဈေးနှုန်းရော လူကြိုက်များမှုမှာ ပါပိုများလာနိုင်ကြောင်း အိမ်ခြံမြေအကျိုး ဆောင်အများစုက သုံးသပ်နေကြပါတယ်။ မြို့သစ် ဧရိယာအတွင်းကအရှေ့နဲ့ အနောက်သွား လမ်းမတွေထဲမှာ မြို့တွင်း နဲ့ မြို့သစ်ကို ဆက်သွယ်ပေးတဲ့ သိပ္ပံလမ်းက လွဲရင်၊မနော်ဟရီလမ်းဟာ အလားအလာ အကောင်းဆုံးလမ်းဖြစ်နေပါတယ်။
ဒီလမ်း ပေါ်က အိမ်ခြံမြေ အကွက်အကွင်းဟာ
ပြီးခဲ့တဲ့ သုံးနှစ်စာတစ်ဖြတ် ချင်းကြည့်ရင်ပဲ တိုးတက်ပြောင်းလဲမှုကို သိသာစွာ တွေ့မြင် နိုင်ပါတယ်။
မနော်ဟရီလမ်းဟာ ပြီးခဲ့တဲ့ ငါးနှစ်တာ ကာလလောက်က သူ့ရဲ့အရှေ့ဖျားအကျဆုံး အပိုင်းဖြစ်တဲ့
၄၅ လမ်း တစ်ဝိုက်အတွင်း အကွက်အကွင်း သိပ်မလှခဲ့ပေမယ့်၊ အိမ်ခြေ တွေ တစ်စစ သိပ်သည်း
လာပြီဖြစ်တဲ့ အခုလို အချိန်မှာတော့ မနော်ဟရီလမ်း တစ်ဝိုက် အတွင်းပိုင်းကျတဲ့ ကြားကွက်တွေ
ဆိုရင် တောင် လူလတ်တန်းစားတွေ ဈေးနှုန်း လိုက်မီဖို့ ခက်တဲ့ အနေအထားကို ရောက်နေပြီဖြစ်
ပါတယ်။ မနော်ဟရီလမ်းရဲ့ အနောက်ဘက်ဆုံး အပိုင်းဖြစ်တဲ့ ၇၃ လမ်းတစ်ဝိုက်ဟာလည်း
အလားတူပါပဲ။ အနောက်ဘက်ပိုင်းရဲ့ လူနေသိပ်သည်းမှုဟာ အရှေ့ဘက်ပိုင်းထက် သာခဲ့ပေမယ့်
အကွက်အကွင်းက ပြောသလောက် မလှခဲ့ပါဘူး။ အခုတော့ မနော်ဟရီလမ်းရဲ့ မြောက်ဘက်ခြမ်း
မနီးမဝေးမှာ စီမံကိန်း အသီးသီးပေါ်လာတဲ့အပြင် ရုပ်လုံးကလည်း အတော်ပြောင်းလဲလာခဲ့ပါပြီ။
လက်ရှိမှာ အကောင်းဆုံးအပိုင်းကတော့ မနော်ဟရီလမ်းအလယ်ပိုင်း၊ ၆၂ လမ်းနဲ့ ဆုံတဲ့ အိမ်မြေ
အကွက်အကွင်းတစ်ဝိုက်ပဲဖြစ်ပါ တယ်။ ဒီအပိုင်းဟာ အရင်ကတည်းက အကောင်းဆုံးအပိုင်း
ဆိုပေမယ့် အခုအခါမှာ သူ့ရဲ့ရုပ်ပြဟာ ပိုလှလာပြီး စီးပွားရေးလုပ်ငန်း တွေ အပြိုင်အဆိုင် အခြေချလာတဲ့
အကွက်အကွင်းအဖြစ် ပိုပီပြင်လာနေပါတယ်။ လာမယ့် ကာလတွေမှာလည်း မနော်ဟရီလမ်းဟာ
သူ့ရဲ့အလယ်ပိုင်းက ဖွံ့ဖြိုးမှုကို လိုက်ပြီး၊ အရှေ့ပိုင်းရော၊ အနောက်ပိုင်းမှာ ပါ ဖွံ့ဖြိုးမှုအရှိန်ဆက်ကောင်း
လာဦးမှာဖြစ် ပါတယ်။ မနော်ဟရီလမ်းတစ်လျှောက် ထောင့်ဖြတ်ဖြတ်သန်းသွားတဲ့ တောင်နဲ့ မြောက်သွား
လမ်းတွေပေါ်က အိမ်ခြံမြေ အကွက်အကွင်းတွေဟာလည်း ရင်းနှီးမြှုပ်နှံ လိုသူတွေအတွက် အခွင့်အလမ်းပေးမယ့်
အကွက်အကွင်းတွေ ဖြစ်လာနေပါတယ် ။ဈေးနှုန်းပိုင်းမှာလည်း မနော်ဟရီလမ်း တစ်လျှောက်မှာ အလယ်ပိုင်းက
အကောင်းဆုံး ဖြစ်ပြီး အနောက်ပိုင်းနဲ့ အရှေ့ပိုင်းက အစဉ် လိုက် လိုက်နေပါတယ်။ လမ်းအလယ်ပိုင်းဟာ
ပေ ၄၀ xပေ ၆၀ ပုံမှန်မြေကွက်ကို ကျပ်သိန်း ၉,၀၀၀ ပတ်ချာလည် ခေါ်ဈေးရှိနေပြီး အနောက်ဘက်ပိုင်းဟာ
ကျပ်သိန်း ၇,၀၀၀ ပတ်ချာလည်၊ အရှေ့ဖျားမှာ ကျပ်သိန်း ၅,၀၀၀ ပတ်ချာလည် ဈေးရှိနေကြောင်း
ဈေးကွက်သတင်းတွေအရ သိရပါတယ်။ ဒီအနေအထားမှာ လမ်းပေါ်တင်မြေကွက်တွေဟာ ငွေရင်းများသူတွေသာ
တတ်နိုင်မယ့် အနေအထားဖြစ်ပေမယ့် အကျိုးအမြတ်ရှိမယ့် ရင်းနှီးမြှုပ်နှံမှုဖြစ်ပြီး၊ မနော်ဟရီလမ်း ၀ဲယာအတွင်းက
မြေကွက်တွေကတော့ ကျပ်သိန်း ၃,၀၀၀ ပတ်ချာလည် ငွေလိုက်နိုင် သူတွေအတွက် နေထိုင်ဖို့
သာမက အရှုံးမရှိနိုင် တဲ့ ရင်းနှီးမြှုပ်နှံမှုဖြစ်ကြောင်း အကျိုးဆောင်အများစုက သုံးသပ်ကြပါတယ်။
Credit : The Myanmar Times