ပြည်တွင်းစုဆောင်းမှုနှုန်းနှင့် ပြည်ပအရင်းအနှီး စီးဝင်မှုနှုန်း

ပြည်တွင်းစုဆောင်းမှုနှုန်းနှင့် ပြည်ပအရင်းအနှီး စီးဝင်မှုနှုန်း - Property News in Myanmar from iMyanmarHouse.com
22 Jun 2015 10:27 am တွင် တင်ခဲ့သည်
1208 ကြိမ် ကြည့်ရှု့ပြီး
(၁)
နိုင်ငံသားတို့၏ စုဆောင်းနိုင်မှုနှုန်းနိမ့်ကျသော နိုင်ငံများ၏ ဘဏ်တိုးနှုန်းသည် မြင့်မားလေ့ရှိပြီး နိုင်ငံသားတို့၏ စုဆောင်းနိုင်မှုနှုန်းမြင့်မားသော နိုင်ငံများ၏ ဘဏ်တိုးနှုန်းသည် နိမ့်လေ့ရှိသည်။ ဆိုလိုသည်မှာ နိုင်ငံသားတို့၏ ၀င်ငွေထဲမှ စားသုံးမှုကုန်ကျစရိတ်၊ အခွန်အခများ၊ အခြားသောစရိတ်စကများ ကို နုတ်၍ ကျန်ရှိသော လက်ကျန်ငွေပမာဏကို စုဆောင်းမှုဟု ခေါ်ဆိုနိုင်သဖြင့် ယင်းစုဆောင်းနိုင်မှုပမာဏ နိမ့်ကျသောနိုင်ငံများတွင် လိုအပ်သော အရင်းအနှီးပမာဏကို ရရှိစေရန် ရည်ရွယ်စေသောဘဏ်တိုးနှုန်းကို မြှင့်ထားလေ့ရှိခြင်းဖြစ်ပြီး စုဆောင်းနိုင်မှုအင်အားကြီးမြင့်သော နိုင်ငံများတွင်မူ ပြည်တွင်းနှင့် ပြည်ပ(နိုင်ငံတကာ)အရင်းအနှီးဈေးကွက်များ ကျယ်ကျယ်ပြန့်ပြန့်ရှိသောကြောင့် ဘဏ်တိုးနှုန်းများသည် နိမ့်လေ့ရှိသည်။

(၂)
သို့သော် ကမ္ဘာ့ငွေကြေးဈေးကွက်တွင်မူ စုဆောင်းမှုမြင့်မားသောနိုင်ငံများမှ အရင်းအနှီးများသည် စုဆောင်းမှုနိမ့်သောနိုင်ငံများ၏ ငွေကြေးဈေးကွက် (Money Market) ၊အရင်းအနှီးဈေးကွက် (Capital Market) အတွင်းသို့ စီးဝင်လာ(စီးဝင်လာ)လေ့ရှိသည်။ ယင်းစုဆောင်းမှုနိမ့်ကာဘဏ်တိုးနှုန်းမြင့်သောနိုင်ငံများ
အတွင်းသို့စီးဝင်လာတတ်ပြီးဘဏ်တိုးနှုန်းကွာဟမှုအပေါ်
တွင် စိတ်ဝင်စားကြခြင်းပင် ဖြစ်သည်။

(၃)
ယနေ့ ကမ္ဘာကြီးတွင် အဓိကလည်ပတ် သုံးစွဲငွေကြေးများအနေဖြင့် အမေရိကန်ဒေါ်လာသည် အများဆုံးဖြစ်ပြီး ကမ္ဘာ့စီးပွားရေးအနေအထားတွင်လည်း အရေးပါဆုံးသော ငွေကြေးတစ်ရပ်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော်အမေရိကန်နိုင်ငံ၏
ခေတ်ရှေ့ပြေးနည်းပညာမျာ(ဥပမာ Google၊ Smart Phone ၊အာကာသနည်းပညာ၊ ဆေးဝါးဖော်စပ်မှုနည်းပညာ အစရှိသည်) နှင့် လွတ်လပ်သော ဈေးကွက်၊ ကမ္ဘာအနှံ့ဖြန့် ကြက်ချထားနိုင်သော စစ်အင်အား၊ ပေါများကြွယ်ဝသော သဘာဝသယံဇာတ (ဥပမာ - ရေနံ)နှင့် ကျွမ်းကျင်လူသားအရင်းအမြစ်၊ ကမ္ဘာ့အများသုံး အင်္ဂလိပ်စကားပြောနိုင်ငံ၊ ဧရိယာကျယ်ဝန်းခြင်း အစရှိသောကမ္ဘာပေါ်တွင်ယင်းအချက်အလက်များ
ပြည့်စုံသော နိုင်ငံ(တစ်နည်းအားဖြင့်ယှဉ်ပြိုင်နိုင်သော နိုင်ငံ) မရှိသေးခြင်းကြောင့်ပင် အမေရိကန်ဒေါ်လာသည် အမေရိကန်စီးပွားရေး၏ တစ်စိတ်တစ်ပိုင်းသာမကဘဲ ကမ္ဘာ့စီးပွားရေး၏ တစ်စိတ်တစ်ပိုင်းဖြစ်နေပေသည်ဟု ယူဆသည်။

(၄)
အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ခုနစ်ကျပ်ခန့်ဟူသော ငွေလဲနှုန်းစနစ်မှ ယနေ့ထိန်းကျောင်းနှုန်းရှင်စနစ် (Managed Floating System) သို့ ကူးပြောင်းကျင့် သုံးလာနေသော မြန်မာနိုင်ငံအနေဖြင့်လည်း မိမိနိုင်ငံ၏ “ပကတိငွေကြေး ကျပ်ငွေတန်ဖိုး (Red Kyat's Value)သည် မိမိနိုင်ငံ၏ စီးပွားရေးအင်အား (ထုတ်လုပ်နိုင်မှုအင်အား၊ စားသုံးနိုင်မှုအင်အား၊ စုဆောင်းနိုင်မှုအင်အား)တို့နှင့် တိုက်ရိုက်ဆက်စပ်လာနေသည်ဟု ယူဆသည်။

(၅)
အပိုဒ်(၁)တွင် ဆိုခဲ့သကဲ့သို့ စုဆောင်းနိုင်မှု ပမာဏနိမ့်သောနိုင်ငံသို့စုဆောင်းနိုင်မှုမြင့်မားသော နိုင်ငံများ၏ ငွေကြေးအရင်းအမြစ်များ ပုံသဏ္ဌာန်မျိုးစုံဖြင့် စီးဝင်လာမည်ဖြစ်ရာ ယင်းစီးဆင်းမှုများ (စီးဝင်မှုများ၊ စီးထွက်မှုများ) မည်ရွေ့မည်မျှမြန်ဆန်နေသည် (ကာလတိုအတွင်းတွင်) ဆိုသည်ကို မျက်ခြည်မပြတ် လေ့လာနေရန် လိုအပ်နေပေလိမ့်မည်။

(၆)
မည်ကဲ့သို့သော ပုံစံများဖြင့် စီးဝင်မှုများ (Inflows) နှင့် မည်ကဲ့သို့သော ပုံစံများဖြင့် စီးထွက်မှုများ (OutFlows) ရှိနေသည်ဆိုသည်နှင့် ယင်း “စီးဝင်မှုများ” နှင့် “စီးထွက်မှုများ” ကိုပေါင်းစပ်ကာ “စီးဆင်းမှုများ (Flows) ” ကို ဖြစ်တည်စေနိုင်သနည်းဆိုသည်ကိုလည်း မျက်ခြည်မပြတ် လေ့လာနေရန်လိုအပ်ပေလိမ့်မည်။

(၇)
ပုံမှန်မဟုတ်သော စီးဝင်မှုများ (Informal Inflows) ၊ပုံမှန်မဟုတ်သော စီးထွက်မှုများ (Informal Outflow) တို့တွင် အမြဲတစေဘေးထွက်ဆိုးကျိုးများကို ချန်ရစ်ထားလေ့ ရှိသောကြောင့်ပင် ဖြစ်သည်။

(၈)
နိုင်ငံခြားငွေလဲနှုန်းတည်ငြိမ်မှု (Foreign Exchange Rate Stability) နှင့် ကုန်ဈေးနှုန်းတည်ငြိမ်မှု (Price Stability) တို့၏ အပြန်အလှန်ချိတ်ဆက်နေမှု သဘောတရားကို သိရှိထားပြီး ယင်းတည်ငြိမ်မှုနှစ်ရပ်သည် တစ်နည်းအားဖြင့် စီးပွားရေးတည်ငြိမ်မှု (Economic Stability) ၏ အခြေခံ ဖြစ်ပေမည်။

(၉)
တစ်နည်းအားဖြင့် ယင်းတည်ငြိမ်မှုနှစ်ခုကို တစ်ပြေးညီ ထိန်းနိုင်ရန်ဆိုသည်မှာ နက်နဲသကဲ့သို့ ယင်းတည်ငြိမ်မှုနှစ်ခုကို ထိန်းသိမ်းရင်းဖြင့် စီးပွားရေးဖွံ့ဖြိုးမှု (Economic Growth) ကို မြှင့်တင်ရန်သည်လည်း အရေးကြီးပေသည်။ ဤတွင် မည်ကဲ့သို့ ထိန်းကျောင်းမည်နည်းဆိုသည့် မဟာဗျူဟာ (Strategies) ၊နည်းဗျူဟာများ (Tactics) အပေါ်တွင် မူတည်ပေလိမ့်မည်။

(၁၀)
ပြည်တွင်းစုဆောင်းမှုနှုန်းနိမ့်လျှင် ယင်းကို ဆွဲဆောင်ရန်အတွက် ရည်ရွယ်ကာ ဘဏ်တိုးနှုန်းများကို မြှင့်ထားလေ့ရှိသော်လည်း ယင်းသည် ပြည်တွင်းမှ ငွေကြေးအရင်းအနှီးများထက် ပြည်ပမှ(စုဆောင်းမှုနှုန်းမြင့်မားသည့် နိုင်ငံများမှ) ငွေကြေးအရင်းအနှီးများစီးဝင်လာစေခြင်းကိုလည်း ဖြစ်ပေါ်စေနိုင်ပြီး နောက်ဆုံးတွင် ဘဏ်တိုးနှုန်းကိုလည်း မလျှော့ချနိုင်ခြင်းနှင့်အတူ ယင်းပြည်တွင်းစီးပွားရေးလုပ်ငန်းများအနေဖြင့် မြင့်မားသော ဘဏ်တိုးနှုန်းဖြင့်စီးပွားရေးလုပ်ကိုင်ရခြင်းအစရှိသော
နောက်ဆက်တွဲများစွာကို ရင်ဆိုင်ရလေ့ရှိသည်။

Credit: Eleven

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာ...
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာ...
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ...
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ...
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်
YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service