မြန်မာနိုင်ငံတွင်း ပထမဆုံးအကြိမ်ကျင်းပသော အိမ်ခြံမြေလုပ်ငန်း ဆုချီးမြင့်ပွဲ အခမ်းအနား ကျင်းပ

မြန်မာနိုင်ငံတွင်း ပထမဆုံးအကြိမ်ကျင်းပသော အိမ်ခြံမြေလုပ်ငန်း ဆုချီးမြင့်ပွဲ အခမ်းအနား ကျင်းပ - Property News in Myanmar from iMyanmarHouse.com
19 Jun 2015 11:21 am တွင် တင်ခဲ့သည်
1665 ကြိမ် ကြည့်ရှု့ပြီး
မြန်မာနိုင်ငံတွင်းကအကောင်းဆုံးအိမ်ခြံမြေဆောက်လုပ်ရေးလုပ်ငန်းများ၊ ကုမ္ပဏီများ၊ ဒီဇိုင်းရေးဆွဲခြင်းလုပ်ငန်းများကိုရွေးချယ်ပြီးတော့ မြန်မာနိုင်ငံမှာပထမဆုံးအကြိမ်ပေးအပ်ချီးမြင့်တဲ့ ၂၀၁၅ ခုနှစ် အိမ်ခြံမြေဆောက်လုပ် ရေးလုပ်ငန်းဆုပေးပွဲအခမ်းအနားကို ပြည်တွင်းကအကောင်းဆုံးအိမ်ခြံမြေစီမံခန့်ခွဲခြင်းလုပ်ငန်းများမှ တည်ထောင်အုပ်ချုပ်သူများ၊ စက်မှုလုပ်ငန်းများမှခေါင်းဆောင် ၂၅၀ ဦး တို့ပါဝင်ဖွဲ့စည်းထားတဲ့အသင်းအဖွဲ့တို့ကဦးစီးဦးဆောင်ပြီး ပြီးခဲ့တဲ့ဇွန်လ ၁၇ ရက်နေ့ကဆူးလေရှန်ဂရီလာဟိုတယ်မှာကျင်းပပြုလုပ်ခဲ့ကြတယ်လို့သိရပါတယ်။

အဆိုပါပွဲဆုပေးပွဲအခမ်းအနားကဆိုရင် လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော် အချိန်အတွင်းကတည်းက အာရှတွင်းမှာ ပေးအပ်ချီးမြှင့်တဲ့ အိမ်ခြံမြေလုပ်ငန်းဆုနဲ့ ဆုအမျိုးအစားတူဖြစ်ပြီး ပြည်တွင်းမှာအကြီးမားဆုံး၊ လူသိများထောက်ခံမှု၊ အသိမှတ်ပြုခံရမှု အများဆုံးနဲ့ အလေးစားခံရမှု အများဆုံးအိမ်ခြံမြေလုပ်ငန်း ကိုစစ်တမ်းကောက်ယူပြီး ရွေးချယ်ချီးမြှင့်တာပဲဖြစ်ပါတယ်။ ဆုရွေးချယ်ဖို့ အတွက် အကဲဖြတ်ဒိုင်လူကြီးအဖွဲ့ဝင်တွေက လွန်ခဲ့တဲ့ခြောက်လကျော်ကတည်းကနယ်မြေဆင်းလေ့လာစောင့်ကြည့်မှုတွေများစွာပြုလုပ်ပြီးမှ တရားမျှတမှုရှိရှိနဲ့ အကဲဖြတ်အမှတ်ပေးရွေးချယ်ခဲ့တာဖြစ်ပါတယ်။

ပွဲမှာပေးအပ်တဲ့ အမြင့်ဆုံးဆုဖြစ်တဲ့ အကောင်းဆုံး ဆောက်လုပ်ရေးလုပ်ငန်းဆုကို Yoma Strategic HoldingsLtd, ကရရှိခဲ့ပြီး Yoma ဆောက်လုပ်ရေးကရေးဆွဲခဲ့တဲ့ သန်လျင်မြို့နယ်က ကြယ်စင်အိမ်ရာ စီမံကိန်းဒီဇိုင်းနဲ့ ဂလက်ဆီတာဝါ၊ ကြယ်စင်မြို့တော်ဒီဇိုင်းတို့ကိုအကောင်းဆုံးဖြစ် တယ်လို့ ထောက်ခံအားပေးမှုတွေရရှိခဲ့ပါတယ်။ အလားတူပဲ Naing Group Capital Co Ltd and Green Vision Co Ltd တို့ကို အကောင်းဆုံးဆောက်လုပ်ရေးလုပ်ငန်း တွေဖြစ်တယ်လို့ ချီးမွမ်းဂုဏ်ပြုခြင်းခံရပါတယ်။

ယင်းနောက် အခြားဆုတွေဖြစ်ကြတဲ့ အကောင်းဆုံးလူနေထိုင်မှု အတွင်းခန်းဒီဇိုင်းဆုကို Shangri-La Yangon Company Ltd လည်းကောင်း၊ အကောင်းဆုံးရုံးခန်းနဲ့ အကောင်းဆုံးဗိသုကာဒီဇိုင်းဆုကို Myint & Associated ကုမ္ပဏီကလည်းကောင်း အသီးသီးရရှိခဲ့ကြပါတယ်။

ဒီအခမ်းအနားပွဲ ဖြစ်မြောက်အောင်မြင်ရေးအတွက် ပြည်တွင်းလုပ်ငန်းတွေဖြစ်ကြတဲ့ Ariston and Mitsubishi Electric ကုမဏီနဲ့ ပြည်တွင်းမီဒီယာလုပ်ငန်းကြီးဖြစ်တဲ့ iMyanmarHouse.com တို့ကအဓိကပါဝင်ကူညီပံ့ပိုးပေးခဲ့ကြပြီး ပြည်တွင်းကုမ္ပဏီတွေအနေနဲ့ MDL ကုမ္ပဏီ၊ ထိပ်တန်းစီးပွားရေးလုပ်ငန်းစုတွေ ဖြစ်ကြတဲ့ Australia-Myanmar Chamber of Commerce နဲ့ British Chamber of Commerce Myanmar တို့ကပါဝင်ကူညီပံ့ပိုးပေးခဲ့ကြတယ်လို့ သိရပါတယ်။

ယခုလို ပြည်တွင်းအိမ်ခြံမြေဆောက်လုပ်ရေးလုပ်ငန်းမှာအကောင်းဆုံးအဖြစ် ရွေးချယ်ခံထားရတဲ့ ကုမ္ပဏီင်္များဟာလာမယ့် အောက်တိုဘာလ စင်ကာပူနိုင်ငံမှာကျင်းပမယ့်အရှေ့တောင်အာရှ အိမ်ခြံမြေဆောက်လုပ်ရေးလုပ်ငန်းထူးချွန်ဆုပြိုင်ပွဲမှာဝင်ရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ပွဲမှာပေးအပ်တဲ့ ဆုတွေရဲ့အသေးစိတ်ဆုတွေအနေနဲ့

အကောင်းဆုံးဆောက်လုပ်ရေးလုပ်ငန်းဆု - Yoma Strategic Holdings Ltd.

အကောင်းဆုံးကွန်ဒိုဆောက်လုပ်ရေးလုပ်ငန်းဆု - Diamond Inya Palace Condominium – Mandalay Golden Wing Construction Ltd.

အကောင်းဆုံးရုံးခန်းဆောက်လုပ်ရေးလုပ်ငန်းဆု - Vantage Tower – Myint& Associate Co. Ltd.

အကောင်းဆုံးဟိုတယ်ဆောက်လုပ်ရေးလုပ်ငန်းဆု - Kempinski Hotel Nay Pyi Taw – Jewel Luck Family Co. Ltd.

အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ဆုံးရုံးခန်းဆောက်လုပ်ရေးလုပ်ငန်းဆု - Hintha Business Centres – Hintha Business Limited

အကောင်းဆုံးအိမ်ခြံမြေ ပြန်လည်မွမ်းမံနိုင်တဲ့ဆု - The Strand Mansion – Synapse Original Company

အကောင်းဆုံးလူနေအဆောက်အအုံဗိသုကာဒီဇိုင်းဆု - The Illustra at Pho Sien – PSWN Development Co. Ltd

အကောင်းဆုံးလူနေအတွင်းခန်းဒီဇိုင်းဆု- Shangri-La Serviced Apartments – Shangri-La Yangon Company Ltd.

အကောင်းဆုံးရုံးခန်းပိုင်းဗိသုကာဒီဇိုင်းဆု - Vantage Tower – Myint& Associate Co. Ltd.

အကောင်းဆုံးဟိုတယ်ဗိသုကာဒီဇိုင်းဆု - Kempinski Hotel Nay Pyi Taw – Jewel Luck Family Co. Ltd.

အကောင်းဆုံးဟိုတယ်အတွင်းပိုင်းဒီဇိုင်းဆု - Kempinski Hotel Nay Pyi Taw – Jewel Luck Family Co. Ltd.

အကောင်းဆုံးရှုခင်းဖော်ပြမှုဗိသုကာဒီဇိုင်းဆု - Star City-Thanlyin – Yoma Strategic Holdings Ltd.

အကောင်းဆုံးစီးပွားရေးလုပ်ငန်းဖွံ့ဖြိုးမှုဆု - Vantage Tower – Myint& Associate Co. Ltd.

အကောင်းဆုံးလူနေထိုင်မှုဖွံ့ဖြိုးမှုဆု - Shangri-La Serviced Apartments – Shangri-La Yangon Company Ltd

တစ်နှစ်တာအိမ်ခြံမြေလုပ်ငန်းအတွက် ဆက်ဆံရေးအကောင်းမွန်ဆုံးဆု - Dr. Stephen Suen, Founding Chairman, Marga Group of Companies

တို့နဲ့ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

MOE WATHAN OO မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
မြန်မာနိုင်ငံတွင်း ပထမဆုံးအကြိမ်ကျင်းပသော အိမ်ခြံမြေလုပ်ငန်း ဆုချီးမြင့်ပွဲ အခမ်းအနား ကျင်းပ - Property News in Myanmar from iMyanmarHouse.com
မြန်မာနိုင်ငံတွင်း ပထမဆုံးအကြိမ်ကျင်းပသော အိမ်ခြံမြေလုပ်ငန်း ဆုချီးမြင့်ပွဲ အခမ်းအနား ကျင်းပ - Property News in Myanmar from iMyanmarHouse.com
မြန်မာနိုင်ငံတွင်း ပထမဆုံးအကြိမ်ကျင်းပသော အိမ်ခြံမြေလုပ်ငန်း ဆုချီးမြင့်ပွဲ အခမ်းအနား ကျင်းပ - Property News in Myanmar from iMyanmarHouse.com
မြန်မာနိုင်ငံတွင်း ပထမဆုံးအကြိမ်ကျင်းပသော အိမ်ခြံမြေလုပ်ငန်း ဆုချီးမြင့်ပွဲ အခမ်းအနား ကျင်းပ - Property News in Myanmar from iMyanmarHouse.com
မြန်မာနိုင်ငံတွင်း ပထမဆုံးအကြိမ်ကျင်းပသော အိမ်ခြံမြေလုပ်ငန်း ဆုချီးမြင့်ပွဲ အခမ်းအနား ကျင်းပ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service