ရန်ကုန်မြို့သစ် စီမံကိန်း မြန်မြန်ဆန်ဆန် အကောင်အထည် ပေါ်လာတော့မလား

ရန်ကုန်မြို့သစ် စီမံကိန်း မြန်မြန်ဆန်ဆန် အကောင်အထည် ပေါ်လာတော့မလား - Property News in Myanmar from iMyanmarHouse.com
15 Jun 2015 10:42 am တွင် တင်ခဲ့သည်
1257 ကြိမ် ကြည့်ရှု့ပြီး
မြေဧက သုံးသောင်းကျော်ပေါ်တွင် ဒေါ်လာ ၁၅ ဘီလီယံကျော် ကုန်ကျမည့် စီမံကိန်းကို ရန်ကုန်တိုင်း အစိုးရက “ရန်ကုန်မြို့သစ် စီမံကိန်း” အဖြစ်
အကောင်အထည်ဖော်ရန် စီစဉ်ခဲ့ရာ ပွင့်လင်းမြင်သာမှု မရှိဟု ဝေဖန်မှုများ ထွက်ပေါ်ပြီးနောက် အဆိုပါ စီမံကိန်းကို အချိန်ကာလ အကန့်အသတ်မရှိဘဲရွှေ့ဆိုင်းခဲ့ရာမှ ထပ်မံဆွေးနွေးရန် သဘောတူလိုက်ခြင်း ဖြစ်သည်။

မြို့သစ် စီမံကိန်း ၇ ခုကို ဦးစားပေးအလိုက် အကောင်အထည်ဖော်ရန် ရန်ကုန်မြို့တော်ဝန်က အစီရင်ခံစာဖြင့် လွှတ်တော်၏ ခွင့်ပြုချက်ကို တောင်းခံပြီး
နောက်တစ်ရက်အကြာတွင် ရန်ကုန်မြို့သစ် စီမံကိန်းကို အမြန်ဆုံး အကောင်အထည်ဖော်ရန် ကြည့်မြင်တိုင် အမတ် ဦးမြင့်လွင်က တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

ထူးခြားချက်အဖြစ် ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်တင်ပြသည့် မြို့သစ်စီမံကိန်း ၇ ခုအနက် ဦးစားပေး အမှတ်စဉ်(၂)သည် ရန်ကုန်မြို့သစ် စီမံကိန်း
နယ်နိမိတ်နှင့်အတူတူပင် ဖြစ်နေကြောင်း တွေ့ရခြင်းဖြစ်
သည်။

“မနေ့က မြို့တော်ဝန်ကြီးတင်ပြတဲ့ အစီရင်ခံစာထဲက မြို့သစ်နဲ့ ဒီရန်ကုန်မြို့သစ် စီမံကိန်း နေရာနဲ့က ဆက်စပ်နေတာ သွားတွေ့ရပါတယ်။
အစိုးရအဖွဲ့ကတင်တဲ့ကိစ္စကိုအကောင်အထည်ဖော်မယ်ဆို
ရင် ဒီကိစ္စကို ပါသွားမယ့် အနေအထား ဖြစ်ပါတယ်။

ဒါကြောင့် ဒီအစီရင်ခံစာအပေါ်မှာဆွေးနွေးပြီးတော့မှ ဒီဟာကို စဉ်းစား ရင် ပိုမိုသင့်မြတ်ပါတယ်” ဟု တိုင်းအမတ် တစ်ဦးဖြစ်သည့် တ.စ.ည ပါတီမှ ဦးဝင်းထိန်က လွှတ်တော်သို့တင်ပြခဲ့သေးသည်။

သို့သော် ရွှေပြည်သာမြို့နယ်မှ အာဏာရ ပြည်ခိုင်ဖြိုးပါတီ အမတ်ဖြစ်သည့် ဦးမောင်မောင်ဝင်းကမူ “လူထုရဲ့ဆန္ဒအရ တင်ပြလာတာဆိုတော့ဦးစားပေးကိစ္စလေးတွေနဲ့ ပတ်သက်ပြီးတော့ အရွှေ့အပြောင်း ဘာညာဖြစ်တဲ့အတွက် ဒါကို လွှတ်တော်မှာ ဆွေးနွေးသင့်တယ်” ဟု ဆိုသည်။

ထို့ကြောင့် ဦးမြင့်လွင်၏ ရန်ကုန်မြို့သစ် စီမံကိန်း အမြန်ဆုံး အကောင်အထည်ဖော်ရေး အဆိုကို လွှတ်တော်တွင် လက်ခံဆွေးနွေးရန် သင့်၊ မသင့်မဲခွဲဆုံးဖြတ်ခဲ့ရာ အစိုးရအဖွဲ့ အပါအဝင် အမတ်အများစုက လက်ခံဆွေးနွေးရန် သဘောတူသည့်အတွက် ဇွန်လ ၁၅ ရက်တွင် ဆွေးနွေးဆုံးဖြတ်ကြရန်တိုင်းလွှတ်တော် ဥက္ကဋ္ဌ ဦးစိန်တင်ဝင်းက ကြေညာထားသည်။

အတိုက်အခံတစ်သီးပုဂ္ဂလအမတ်တစ်ဦးဖြစ်သည့် ဒေါက်တာ ညိုညိုသင်းကမူ အစိုးရက ရန်ကုန် မြို့သစ် စီမံကိန်းကိုပထမဦးစားပေးအဖြစ်အကောင်အထည်ဖော်လိုသည့် ဆန္ဒရှိနေသည်ဟု ဝေဖန် ပြောဆိုသည်။

စီမံကိန်း နယ်နိမိတ်မှာ အရှေ့ဘက်တွင် ရန်ကုန်မြို့၏ အနောက်ဘက်ကမ်း၊ ပန်းလှိုင်မြစ် ဆုံရာမှ ရန်ကုန်မြစ်အတွင်း တွံတေးတူးမြောင်း ဆုံရာအထိ၊
တောင်ဘက်တွင် ခနောင်တိုချောင်းနှင့် တွံတေးတူးမြောင်းအတိုင်း တူးမြောင်းကူး တံတားအထိ၊ အနောက်ဘက်တွင် လှိုင်သာယာ တွံတေး တူးမြောင်း
အတိုင်း ပန်းလှိုင်မြစ်ကူး တံတားအထိ၊ မြောက်ဘက်တွင် ပန်းလှိုင်မြစ် တောင်ဘက်ခြမ်း အတိုင်း ရန်ကုန်မြစ်ဆုံရာအထိ ဖြစ်သည်။

Credit: mizzimaburmese

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...

အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...

ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာ...

အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ...

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ

YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service