အထပ်မြင့် အဆောက်အအုံများ၊ ကွန်ဒိုများ၌ ပြည်ပရင်းနှီးမြှုပ်နှံသူများ ၇ဝ ရာခိုင်နှုန်း ပါဝင်

အထပ်မြင့် အဆောက်အအုံများ၊ ကွန်ဒိုများ၌ ပြည်ပရင်းနှီးမြှုပ်နှံသူများ ၇ဝ ရာခိုင်နှုန်း ပါဝင် - Property News in Myanmar from iMyanmarHouse.com
11 Jun 2015 10:10 am တွင် တင်ခဲ့သည်
1103 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့တော်အတွင်း တည် ဆောက်ပြီး၊ တည်ဆောက်လျက်ရှိ သည့် အထပ်မြင့် အဆောက်အအုံ များ၊ ကွန်ဒိုများ၏ ၇ဝ ရာခိုင်နှုန်းနီးပါး အထိ ပြည်ပရင်းနှီးမြှုပ်နှံသူတို့ ပါဝင် ပတ်သက်မှုရှိကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင် များအသင်း သတင်းရရှိသည်။

”Residence တွေ၊ အထပ်မြင့် ကွန်ဒိုတွေဆို ပြည်ပရင်းနှီးမြှုပ်နှံမှု က အနည်းဆုံး တစ်ဝက်ပါနေတယ်။ မြန်မာပြည်မှာ ကွန်ဒိုအလုံး ၁ဝဝ ရှိမယ်ဆိုရင် အလုံး ၇ဝ၊ ၈ဝ လောက် အထိက ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ပါဝင်မှု ရှိနေပါတယ်”ဟု မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင် များအသင်းမှ တွဲဖက်အတွင်းရေးမှူး ဦးအေးလင်းက ပြောသည်။

ပြည်ပမှ လာရောက်၍ ရင်းနှီး မြှုပ်နှံသူများအပေါ် မြေပိုင်ဆိုင်ခွင့် ကို ဥပဒေအရ ပြဋ္ဌာန်းထားခြင်း မရှိသဖြင့် ပြည်ပဆောက်လုပ်ရေး ကုမ္မဏီများအနေဖြင့် ပြည်တွင်း လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ အထပ် မြင့် အဆောက်အအုံများ၊ ကွန်ဒိုမီနီ ယမ်များကို အကျိုးတူ ဆောက်လုပ် လာသည်။

ပြည်တွင်း ဆောက်လုပ်ရေး လုပ်ငန်းများ လုပ်ကိုင်သည့် ကုမ္မဏီ ကြီးများ အနေဖြင့် ရှစ်ထပ်အမြင့် အထိ အဆင်ပြေပြေ ဆောက်လုပ် နိုင်သည့် နည်းပညာများ ရှိနေကာ ရှစ်ထပ်အထပ် အဆောက်အအုံများ တည်ဆောက်ရန်အတွက်မှာမူ နည်း ပညာဆိုင်ရာ လိုအပ်ချက်များ ရှိနေ သဖြင့် အထပ်မြင့် အဆောက်အအုံ များ၊ အထပ်မြင့် ကွန်ဒိုများ ဆောက် လုပ်နိုင်ရန် ပြည်ပဆောက်လုပ်ရေး ကုမ္မဏီများနှင့် ပူးပေါင်းလျက် နည်း ပညာများနှင့် ငွေကြေးအရင်းအနှီး များ ရယူဆောက်လုပ်နေကြသည်။ ”ကျွန်တော်တို့က နိုင်ငံခြား ကုမ္ပဏီဖြစ်တဲ့အတွက် မြေပိုင်ဆိုင် လို့ မရပါဘူး။ ဒါကြောင့် မြန်မာ လုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းပြီး ကွန်ဒို တွေ၊ အထပ်မြင့်တွေ ဆောက်သွား မှာပါ”ဟု စင်ကာပူနိုင်ငံရှိ နာမည် ကျော် ဆောက်လုပ်ရေး ကုမ္မဏီ တစ်ခုဖြစ်သည့ှ်Soilbuild Construction အထွေထွေမန်နေဂျာ ဦးငွေဇော်က ပြောသည်။

ပြည်တွင်း ဆောက်လုပ်ရေး လုပ်ငန်းကြီးများ အနေနှင့် နိုင်ငံတကာ အဆင့်မီ အထပ်မြင့် အဆောက် အအုံများ ဆောက်လုပ်နိုင်ရန်မှာ နည်းပညာ လိုအပ်ချက်များ ရှိနေဆဲ ဖြစ်သည့်အပြင် ကျွမ်းကျင်လုပ်သား ရှားပါးမှု ပြဿနာများ၊ ငွေကြေး အရင်းအနှီးလိုအပ်ချက်များ ရှိနေဆဲ ဖြစ်သည့်အတွက် ယင်းပြဿနာများ ဖြေရှင်းရေးအတွက် ပြည်ပ ဆောက် လုပ်ရေးကုမ္မဏီများ ပြည်တွင်းသို့ အမြောက်အမြား ဝင်ရောက်လုပ် ဆောင်ရန် လိုအပ်လျက် ရှိသည်။

”ကွန်ဒိုတွေမှာ လူနေအိမ်တွေ၊ ရုံးခန်းတွေဖွင့်လာတာရယ်၊ မိသားစု တွေ လာလည်ရင်လည်း အဆင်ပြေ တာရယ်ကြောင့် ပြည်ပကလုပ်ငန်း ရှင်တွေက ကွန်ဒိုတွေဆောက်ဖို့ကို အားသန်လာတာပါ”ဟု ရွှေကမ္ဘာ မောင်မောင် ဆောက်လုပ်ရေး ကုမ္ပဏီမှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးမောင်မောင်က ပြောသည်။

Credit: thetradetimes

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး

ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...

ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...

အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service