ဈေးကွက်အပေါ် ဝယ်သူတို့ ယုံကြည်မှုနည်းလာ၍ အိမ်ခြံမြေဝယ်လက်များ ပျောက်ဆုံးရခြင်းဖြစ်

ဈေးကွက်အပေါ် ဝယ်သူတို့ ယုံကြည်မှုနည်းလာ၍ အိမ်ခြံမြေဝယ်လက်များ ပျောက်ဆုံးရခြင်းဖြစ် - Property News in Myanmar from iMyanmarHouse.com
27 Feb 2015 11:50 am တွင် တင်ခဲ့သည်
2514 ကြိမ် ကြည့်ရှု့ပြီး
အိမ်ခြံမြေဈေးကွက်တွင် ရုတ် တရက် ဝယ်လက်များ ပျောက်ဆုံး သွားခြင်း၊ ဈေးကွက်အေးသွားပြီး ဈေးနှုန်းများ လျှော့ချရောင်းချလာ သည်အထိ ဖြစ်ပေါ်လာနေသော် လည်း ဝယ်ယူလိုသူ နည်းပါးနေခြင်း မှာ ဝယ်ယူလိုသူများ၏ ဈေးကွက် အပေါ် ယုံကြည်မှုနည်းပါးလာခြင်း ကြောင့်ဖြစ်သည်ဟု အိမ်ခြံမြေ ဝယ် ရောင်းများနှင့် အကျိုးဆောင်များက ပြောသည်။

”အခွန်တိုးကောက်မယ်ဆိုတဲ့ သတင်းတွေထွက်လာသလို မြို့သစ် စီမံကိန်း ရပ်လိုက်တဲ့ ဂယက်တွေ အပြင် အခုလောလောဆယ်ဖြစ်နေ တဲ့ အိမ်ခြံမြေ ဆောက်လုပ်ရေး ကုမ္ပဏီကြီးတစ်ခုရဲ့ ငွေကြေးအရှုပ် အရှင်း ပြဿနာကလည်း ဈေးကွက် ထဲမှာ သက်ရောက်မှုရှိတယ်။ ရွေး ကောက်ပွဲကလည်း နီးလာတော့ ဈေးကွက်ကို စောင့်တာလည်းပါ တယ်။ ဝယ်တဲ့သူတွေကလည်း အခု နောက်ပိုင်း ဝယ်ဖို့ အရမ်းသုံးသပ် သွားကြပြီ”ဟု အမည်မဖော်လိုသူ ဝယ်ရောင်းကြီးတစ်ဦးက ပြောသည်။
အိမ်ခြံမြေ၊ တိုက်ခန်းကွန်ဒိုများ အရောင်းအဝယ် ပြုလုပ်ရာတွင် အခွန်တိုးမြှင့်ပေးဆောင်ရမည်ဟူ သော ပြင်ပသတင်းများ ထွက်ပေါ် လာနေခြင်း၊ ရန်ကုန်မြို့သစ် စီမံကိန်း ရုတ်တရက် ရပ်ဆိုင်းလိုက်သော သတင်းကြောင့် ဈေးကွက်အတွင်း လည်ပတ်နေသည့် ငွေကြေးများ စီမံကိန်းဧရိယာအတွင်း အတိုင်း အတာ တစ်ရပ်အထိ နစ်မြုပ်နေခြင်း၊ နာမည်ကြီး အိမ်ခြံမြေနှင့် ဆောက် လုပ်ရေးလုပ်ငန်းကြီးတစ်ခု၏ ငွေ ရေးကြေးရေး ပြဿနာများကြောင့် တရားရုံးတွင် အမှုရင်ဆိုင်နေရသည့် ဖြစ်ရပ်များအပြင် ၂ဝ၁၅ ခုနှစ်၊ နိုဝင် ဘာလအတွင်း ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲအပြီး ဖြစ်ပေါ်လာနိုင် သည့် အိမ်ခြံမြေဈေးကွက် အခြေ အနေကြောင့် ဝယ်ရောင်းကြီးများ အရောင်းအဝယ် ရပ်နားထားခြင်း ကြောင့် ဈေးကွက်အတွင်း အိမ်ခြံမြေ အရောင်းအဝယ်ထက် ငှားရမ်းမှုများ သာ ပိုမိုအလုပ်ဖြစ်လျက်ရှိပြီး ဈေး နှိမ်ဝယ်ယူသည့် ဝယ်ရောင်းကြီး အချို့နှင့် အမှန်တကယ် နေထိုင်လို သူများ၏ ဝယ်ယူမှု အချို့သာရှိနေပြီး ဈေးကွက်အပေါ်တွင် အသေအချာ တွက်ချက်ပြီးမှသာ အရောင်းအဝယ် များပြုလုပ်လာခဲ့ကြသည်။

”ပေါ်ပင် အိမ်ခြံမြေလုပ်ငန်း တွေတောင် ပြဿနာဖြစ်နေတယ်။ ငွေတွေက မြေကြီးတွေထဲ မြှုပ်နေ သလိုဖြစ်နေတယ်”ဟု ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာ စိုးထွန်းက ပြောသည်။

ရန်ကုန်မြို့တော် အတွင်းရှိ အိမ်ခြံမြေဈေးနှုန်းများ အေးလာနေ သည့်အတွက် အရောင်းအဝယ် သွက်လက်ခဲ့သည့် မြို့သစ်များရှိ ရပ်ကွက်များ၊ လယ်မြေများတွင်ပါ အရောင်းအဝယ်များ လိုက်ပါ အေး စက်လာနေသည်ဟု အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။

”မြို့ထဲမှာ အရောင်းအဝယ် အေးလာတဲ့အတွက် မြို့ထဲကနေ မြို့သစ်ဘက်ကို ပြောင်းလာတဲ့ (ဝိတ် လျှော့တဲ့) သူတွေက မြို့သစ်မှာ ပြောင်းနေဖို့ ဈေးက မြင့်နေတော့ မကိုက်ကြတော့ဘူး။ ဒီဘက်မှာ လည်း ဈေးက ချရောင်းလာကြ ရတယ်။ ဈေးကွက်အတက်အကျ မြန်တာက ဒီကလူတွေက ဈေးတက် ရင် လိုက်ဝယ်တယ်။ ဝယ်ရင် မြတ်မယ်။ ဈေးတက်တဲ့ အချိန်ဆိုရင် ဝယ်လိုက်ပြီး တစ်ပတ်အတွင်းမှာ ၁ဝ သိန်းကနေ သိန်း ၂ဝ လောက် အထိ ခုန်တက်သွားတယ်။ ဈေး လည်း မြောက်လာရော ဒီပြင်လူတွေ ကပါ လိုက်ကစားတယ်။ သိန်း ၁ဝဝ တန်တဲ့ မြေက ကစားရင်းနဲ့ သိန်း ၃ဝဝ အထိ ဖြစ်သွားတယ်။ အခု သိန်း ၃ဝဝ တန်က သိန်း ၁ဝဝ ပြန်ဖြစ် လာတယ်။ အဝယ်သမားတောင် မရှိ ဘူး”ဟု ဒဂုံရွှေပြည် အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ဦးစိုင်းက ပြောသည်။
ရန်ကုန်မြို့တော်အတွင်းရှိ အိမ် ခြံမြေဈေးများ အတက်အကျ မြန် ဆန်ခြင်းမှာ ကောလာဟလ မမှန် သတင်းများနှင့် စီမံကိန်းသတင်းများ ကြောင့်ဖြစ်ပြီး အမှန်တကယ် စီမံ ကိန်းလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ခြင်း မရှိပါက ဈေးနှုန်း များ ပြန်လည်ကျဆင်းသည့် ဖြစ်ရပ် များမှာ ဒဂုံမြို့သစ်မြို့နယ်များတွင် ဖြစ်ပွားလျက်ရှိကြောင်း၊ ဈေးနှုန်း များလျှော့ချရောင်းနေသော်လည်း ဝယ်လက်များ ပျောက်ဆုံးလျက် ရှိနေ ခြင်းမှာ ဝယ်သူများ၏ ယုံကြည်မှုများ ဈေးကွက်အပေါ် လျော့နည်းလာ ခြင်းကြောင့်ဖြစ်ကြောင်း အိမ်ခြံမြေ အကျိုးဆောင်များကသုံးသပ်သည်။ ”ဈေးကွက်တစ်ခုလုံး ဝယ်လက် ပျောက်သွားတာ မဟုတ်ပေမယ့် ဈေးသက်သာရင်တော့ ကောက်တဲ့ လူတွေရှိနေသေးတယ်။ အရင် ချိုချို ချောင်ချောင်နဲ့ ရထားတဲ့ လူတွေက လည်း ငွေပေါ်ပြန်ရောင်းနေတာတွေ ရှိသေးတယ်။ ဝယ်မယ့် သူတွေက လည်း သေသေချာချာစိစစ်ပြီးမှသာ ဝယ်လာကြတယ်”ဟု အေးရိပ်စံ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ဒေါ်နီလာကျော်က ပြောသည်။

Credit: thetradetimes

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာ...
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာ...
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ...
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ...
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service