လက်ရှိမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတို့ရဲ့ အခြေခံဥပဒေစည်းမျဉ်းတွေ ပြောင်းလဲပြင်ဆင်ရေးဆွဲလိုက်တာကြောင့် တစ်နှစ်တာအတွင်းမှာ အပြောင်းအလဲများစွာဖြစ်ပေါ်ခဲ့ပါတယ်။ စီးပွားရေး ကဏ္ဍအပြောင်းအလဲများတွင်လည်း ပြီးခဲ့တဲ့လအနည်းပိုင်းအတွင်းက ချမှတ် လိုက်တဲ့ အိမ်ခြံမြေဆိုင်ရာ ဥပဒေမူကြမ်းအသစ်ကြောင့် အိမ်ခြံမြေဆိုင်ရာ ကျွမ်းကျင်သူများက ရန်ကုန်မြို့တော်ရဲ့ အိမ်ခြံမြေဈေးကွက် မည်သို့ပြောင်း လဲနိုင်သလဲဆိုတာနဲ့မြို့တော်အိမ်ခြံမြေဈေးကွက်အတွင်းမြေနေရာအရောင်းများ၊ အငှားများ တက်သွားမလား၊ ကျသွားမလားဆိုတာကို အိမ်ခြံမြေလော ကကျင်လည် နေသူများကလည်း ကြိုတင်ခန့်မှန်းပြောဆိုနေကြတာမျိုးတွေ ရှိပါတယ်။
ယခု ၂၀၁၅ ခုနှစ်မှာ နိုင်ငံတွင်း နိုင်ငံရေးလောကမတည်ငြိမ်မှု၊ ဆူပူမှုများ ကြောင့် အိမ်ခြံမြေဈေးကွက်များ ကျဆင်းလာနိုင်ဖွယ်ရှိသော်လည်း မြို့ တော်တစ်ဖက်ကမ်းက ကျေးရွာရပ်ကွက်နေရာများကို မြို့သစ်အိမ်ရာစီမံ ကိန်းတွေဖော်ဆောင်သွားမည်ဆိုသော အသံများထွက်ပေါ်လာတာကြောင့် လည်း အိမ်ခြံမြေဈေး နှုန်းတွေတိုးလာဖွယ်ရှိနိုင်ကာ စီးပွားရေးရင်းနှီးမြှုပ်နှံမှု တွေလည်း ပိုမိုဝင်ရောက်လာနိုင်ဖွယ်ရှိတယ်လို့ခန့်မှန်းထားကြပါတယ်။ ထိုသို့ ရန်ကုန်မြို့တော်အိမ်ခြံမြေနေရာဈေးကွက်အရောင်းအတက်အကျ များကိုရှုထောင့်အမျိုးမျိုးမှ ခန့်မှန်းထားကြရာမှာ မြေနေရာအရောင်းနှုန်းနဲ့ ရုံးခန်းအဆောက်အအုံအသစ်များ ဆောက်လုပ်မှု၊ ရောင်းချနိုင်မှု ၊ ငှားရမ်း မှုများကြောင့်လည်း အရောင်းဈေးကွက်ကို ပိုမိုတိုးမြှင့်ထောက်ပံ့ပေးနိုင်ဖွယ် ရာရှိကြောင်း ခန့်မှန်းလိုက်ပါတယ်။
ရန်ကုန်မြို့တော်ရဲ့မြေနေရာအရောင်းဈေးကွက်
မြင့်မားတဲ့ ဝယ်လိုအားပေါ်လိုက်၍ အငှားနှုန်းများတိုးလာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် ရန်ကုန်မြို့တော်ရဲ့ မြေဈေးကွက်ရောင်းအားနှုန်းကစတု ရန်းမိုင် ၁သိန်းခွဲနီးပါးထိကို ထိုးတက်သွားခဲ့တဲ့အတွက် အဲ့ဒီနှုန်းထားက ယခု နှစ် ၂၀၁၅ ခုနှစ်မှာ အပြီးသတ်ဆောက်လုပ်မယ့် HAGL Myanmar Centre Shopping Mall ဈေးဝယ်စင်တာ အရောင်းပြခန်းရောင်းချခြင်းမှာများစွာ အထောက်အကူဖြစ်နိုင်လိမ့်မယ် လို့ မျှော်မှန်းရပါတယ်။ လက်ရှိမှာအရေ အတွက်များပြားလာ တဲ့ စီးပွားရေးလုပ်ငန်းစုတွေ၊ စီးပွားရေးစင်တာတွေ ကြောင့် မြို့တော်စီးပွားရေးဇုန်တွင်း အဓိက အရောင်းနှုန်းကို ပိုမိုတိုးမြှင့် နိုင်မှာဖြစ်ပါ တယ်။ ရန်ကုန်မြို့တော်ရဲ့အပြင်ဘက်မှာတိုးတက်ဖွံ့ဖြိုးနေ တဲ့အိမ် ခြေရာစီမံကိန်းတွေ၊ အရောင်း စင်တာတွေကယနေ့ထိတော့ လူဦး ရေသိပ်သည်းတဲ့ အခြားမြို့တော်တွေမှာထိတွေ့ခွင့်မရှိသေးဘူးလို့သိရပါ တယ်။
၂၀၁၅ ခုနှစ်အတွက် ပိုမိုကျယ်ပြန့်သော အရောင်းအားအတွက်အထောက် အပံ့
၂၀၁၄ ခုနှစ် ဒုတိယနှစ်ဝက်ထိရောင်းအားထဲမှာ မည်သည့်မြေနေရာအသစ် တွေရောင်းအားမပါပဲနဲ့တောင် နှစ်ကုန်ပိုင်းမှာ မြေနေရာတစ်သိန်းခွဲထိ ရောင်းချနိုင်ခဲ့ပါတယ်။ မည်သို့ပဲဖြစ်ဖြစ် တစ်နှစ်ရဲ့ရောင်းအားအပေါ်မူတည် ပြီး ရောင်းအားအထောက်အပံ့က ၂၄ ရာ ခိုင်နှုန်း သို့တည်းမဟုတ် မြေနေရာ နှစ်သောင်းရှစ်ထောင် စတုရန်းမီတာ ထိတိုးမြင့်ထောက်ပံ့ပေးနိုင် ခဲ့တယ်။
ရန်ကုန်မြို့တော်ရဲ့ အချက်ချာအကျဆုံးနေရာတစ်ခုဖြစ်တဲ့ ကမ္ဘာ အေး ဘုရားလမ်းမှာ တည်ဆောက်မယ့် HAGL Myanmar Centre Shopping Mall ဈေးဝယ်စင်တာဖွင့်လှစ်လိုက်ခြင်းကနေ ၂၀၁၅ ခုနှစ် နှစ်လယ်ပိုင်းအ ထိ အိမ်မြေရာအရောင်းကို ထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်။
မြို့တွင်းစီးပွားရေး ဇုန်နေရာတွေ၊ မြေနေရာတွေရဲ့ ရောင်းအားတွေတော့ ယနေ့ထက် ထိ ဈေးကွက်ထဲမျာကြီးစိုးနေစဲပဲဖြစ်ကာယင်းတို့မှာ မြို့တွင်းအ ကြီး ဆုံးရှော့ပင်းမောလ်တွေကို ဦးစီးထားတဲ့ စီးတီး မတ်ဟိုး ဒင်းလ်လုပ်ငန်း စုရဲ့တာမွေမှာဖွင့်လှစ်မယ့် အိုးရှင်းဈေးဝယ်စင်တာဖွင့်လှစ်မယ့် စီမံကိန်းနဲ့ Nature World ကုမ္ပဏီက ဒဂုန်မြို့နယ်မှာ ဖွင့်လှစ်မယ့် မြန်မာ့ယဉ်ကျေးမှု စင်တာ စီမံကိန်းတို့အတွက်ကြောင့်ပဲ မြေဈေးကွက်အရောင်းကို ချုပ်ကိုင် ထားတာပဲဖြစ်ပါတယ်။
စီးပွားရေးနှင့် ကျယ်ပြန့်လာတဲ့ စီးပွားရေးလုပ်ငန်းတို့က မြေနေရာအရောင်း နှုန်းများကို ပိုမိုတွန်းတိုက်လာခဲ့
မြို့တော်ရဲ့ မြေနေရာအပြောင်းအလဲများ အလျှင်အမြန်ဖြစ်ပေါ်လာမှုနှင့် ပတ်သက်ပြီး စီးပွားရေးဈေးကွက်များကို ပိုမိုအရှိန်ထိုးတိုး တက်လာခဲ့ကာ မြေဈေးရောင်းချမှုများကိုလည်း တိုက်ရိုက်ထိတွေ့ ပြီး အပြောင်းအလဲများဖြစ် လာနိုင်တယ်လို့ ခန့်မှန်းရတယ်။ ဆောက်လုပ်ရေးရဲ့ မြေတူးခေါင်းဆောင် များကလည်း ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်းကနေ ဆောက်လုပ်ရေး နှင့်ပတ်သက်သည့် ရန်ကုန်မြို့ တော်ရဲ့စီးပွားရေး အခြေအနေအဆင့်အ တန်း၊ ပြောင်းလဲလာမှုများကို တိုင်းတာနေကြသလို စောင့်ကြည့်မှုများကို လည်းပြုလုပ်နေလာကြပါတယ်။ ဒီစောင့်ကြည့်ရလာဒ်တွေကလည်းမြို့ တော်ရဲ့စီးပွားရေးကိုထောက်ပံ့ပေးနိုင်တဲ့ အကျိုးရလာဒ်များရရှိလာမှာဖြစ် ပါတယ်။
ရန်ကုန်မြို့တော် ရုံးခန်းဈေးကွက်
အဆောက်အအုံတည်ဆောက်မှုအတွက် ပိုက်လိုင်းများပိုမိုထောက်ပံ့ပေး ခြင်းက ဆောက်လုပ်မှုပြီးစီးနိုင်ရန်ပိုမိုတွန်းအားပေးရာရောက်
ရုံးခန်းအဆောက်အအုံအသစ်များ တည်ဆောက်မှုအတွက် အထောက်အပံ့ တွေပေးခြင်းက ၂၀၁၄ ခုနှစ်တွင် အပြီးသတ်ဆောက်လုပ်ပေးရမယ့် ရုံးခန်း အဆောက်အအုံသစ်တွေတည်ဆောက်မှုကို တွန်းအားပေးရန်ရည်ရွယ်ထား ခြင်းပဲဖြစ်ပါတယ်။ ရန်ကုန်မြို့တော်ရဲ့ ရုံးခန်းမြေနေရာအရောင်းဈေးကွက် တွေက ဆက်လက်ကျယ်ပြန့်နေမှာဖြစ်ကာ အသုံးပြုနိုင်မယ့် မြေနေရာအ ကျယ် ၁သိန်း၇ ထောင်စတုရန်းပေ ကျန်ရှိနိုင်မှာဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ အပိုထပ်ပေါင်းထည့်ထားတဲ့ မြေနေရာအရောင်းက ပြီးခဲတဲ့၂၀၁၃ ခုနှစ်က ပမာဏ ၃၁၀၀၀ စတုရန်းမီတာ အောက် တဖြည်းဖြည်းလျော့ကျသွားခဲ့တာ လည်းဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်အတွင်း ဆောက်လုပ်မယ့်အဆောက်အအုံ စာရင်းမှာ ရုံးခန်းအဆောက်အအုံသစ် ခြောက်ခု တည်ဆောက်ရန်ထည့် သွင်းထားတာဖြစ်ကာ ယင်းတို့မှ Parkside One အဆောက်အအုံတစ်ခု တည်းသာလျှင်ပြီးစီးတည်ဆောက်နိုင်ခဲ့ပါတယ်။ စမ်းချောင်းမြို့နယ်မှာတည် ရှိတဲ့ အဲ့ဒီရုံးခန်းအဆောက်အအုံကို Green Vision က တာဝန်ယူတည် ဆောက်ခဲ့ပြီး မြေနေရာအကျယ် ၅၅၀၀၀ စတုရန်းမီတာကျယ်ဝန်းပါတယ်။ အဆောက်အအုံခိုင်ခံ့မှုအတွက် ပိုက်လိုင်းများထည့်သွင်းတည်ဆောက်ထား တာကြောင့် ရုံးခန်းဝယ်လိုအားများ မြင့်တက်လာရတာလည်းဖြစ်ပါတယ်။ ဒီလိုမျိုး အဆောက်အအုံတည်ဆောက်မှုအတွက် အထောက်အပံ့များ ပေး တာကြောင့် လာမယ့် ၂၀၁၅ ခုနှစ်အတွင်းမှာ မြေနေရာတွေက ၂၀၁၄ ခုနှစ် ထက် ၂ဆ အကျယ် စတုရန်းမီတာအထိ ရောက်ရှိသွားနိုင်မယ်လို့ ခန့်မှန်း ရပါတယ်။ ၂၀၁၅ ခုနှစ်မှာ ဆောက်လုပ်နိုင်မယ့် ရုံးခန်းအဆောက်အအုံတွေ အတွက် စတုရန်းမီတာ ၁သောင်းအောက်မှာရှိတဲ့ မြေနေရာမှာအဆင့် မြင့် တဲ့အဆောက်အအုံတွေ တည်ဆောက်လာနိုင်လိမ့်မယ်လို့ မျှော်မှန်းလို့ရပါ တယ်။
ရုံးခန်းအဆောက်အအုံများအတွက် အမျိုးအစားအဆင့်ခွဲခြားသတ်မှတ်ခြင်း
ဘယ်လိုပဲအဆောက်အအုံအရည်အသွေးတွေ မြင့်မားကောင်းမွန်နေပါစေ ရန်ကုန်မြို့တော်တွင်းမှာဆောက်လုပ်တဲ့ ရုံးခန်း၊ အဆောက်အအုံတွေမှာ နိုင်ငံတကာမှာ တိုင်းတာတဲ့အဆင့်သတ်မှတ်ချက် အေ အဆင့်မမှီသေးတဲ့ အဆောက်အအုံတွေရှိနေသေးတာကို တွေ့ရပါတယ်။ ဒီ့အတွက်ကြောင့် လာမယ့်အချိန်တွေမှာ ဆောက်လုပ်မယ့်အဆောက်အအုံစီမံကိန်းများကို နိုင် ငံတကာမှာ အသုံးပြုမယ့်စံချိန်စံညွှန်းနဲ့ အညီစစ်ဆေးပြီး ဆောက်လုပ်ခွင့်ပြု ပေးသွားမှာပဲဖြစ်ပါတယ်။ ယင်းစအဆောက်အအုံတွေရဲ့ တည်ဆောက်မှု နည်းပညာ ကဏ္ဍများ၊ အဆောက်အအုံအရွယ်အစား၊ တည်ဆောက်မှုကုန် ကျစရိတ်၊ ကြမ်းခင်းပြင်အခြေအနေ၊ အတွင်းခန်းများဖွဲ့စည်းမှု အနေအထား၊ ပိုင်ဆိုင်သူ၊ အတွင်းပိုင်း အပြင်ပိုင်း အကြမ်းထည်ပြီးစီးမှုအခြေအနေ၊ အငှား ချခြင်း၊ မြို့တော်နှင့်ကိုက်ညီမှုအဆင့်၊ အဆောက်အအုံနှင့်ပတ်သက်ပြီး အ ကျိုးဖြစ်ထွန်းမှု၊ ကြမ်းခင်းမှ အမိုးထပ်ထိ အခြေအနေ၊ အသုံးပြုမည့်ဆောက် လုပ်ရေးသုံး ပစ္စည်းများ၏ အရည်အသွေး၊ ခံနိုင်ရည်စွမ်းအား၊ မီးသတ်အ ရေးပေါ်စနစ်၊ မီးအားသုံးစွဲမှု အနိမ့်အမြင့်စနစ်၊ လေအေးပေးစက်၊ ဓာတ်လှေ ကား၊ ဖုန်းဆက်သွယ်ရေး အစရှိတဲ့ အရာများအားလုံးကို စစ်ဆေးသွားမှာ ဖြစ်ပါတယ်။
လက်ရှိ ရန်ကုန်မြို့တော်၏ အဆောက်အအုံများမှ စတုရန်းမီတာ ၃ သောင်း ၈ထောင် အကျယ်ရှိသည့် ရုံးခန်းအဆောက်အအုံမရှိသလောက် နည်းပါး နေပါသေးတယ်။ မြို့လယ်ခေါင်မှာ တည်ဆောက်ထားသော အဆောက်အ အုံ တွေဖြစ်ကြသော ဆာကူရာတာဝါရုံးခန်းအဆောက်အအုံ၊ စီးပွားရေးစင် တာ၊ စင်တာပွိုင့်နဲ့ အခြားရုံးခန်းအဆောက်အအုံသစ် ၁၄ လုံးတို့အတွက် မြေနေရာအကျယ် စတုရန်းမီးတာ ၃ သိန်းနဲ့ ပိုက်လိုင်း အထောက်အပံ့များ ထောက်ပံ့ပေးထားတယ်လို့ သိရပါတယ်။ ထိုသို့ အထောက်အပံ့များပေး သော်လည်းပဲ အဆောက်အအုံတွေရဲ့ ၃၀ ရာခိုင်နှုန်း ကသာ ပရီမီယမ်အ ဆင့်ထိကိုရောက်ခဲ့တာဖြစ်တယ်။
ရုံးခန်းအဆောက်အအုံများတည်ဆောက်မှုအတွက် ဆောက်လုပ်ရေးအထောက်အပံ့များပေးခြင်းက ဝင်ရောက်နေထိုင်မည့်သူနှုန်းကို အလားအလာ ကောင်းလာစေနိုင်
ရန်ကုန်မြို့တော်တွင်းသို့ ဝင်ရောက်နေထိုင်သူဦးရေက ၂၀၁၄ ခုနှစ်အတွင်း မှာပင် 88.9 ရာခိုင်နှုန်းထိရှိလာကာ 0.4 ရာခိုင်နှုန်းတိုးလာကာ နေထိုင်လာ ကြတာပဲဖြစ်ပြီး တစ်နှစ်ချင်းစီအလိုက်ပျမ်းမျှနှုန်းနဲ့ဆိုရင် 4.8 ရာခိုင်နှုန်းတိုး လာခဲ့တာပဲဖြစ်ပါတယ်။ မြေနေရာအရောင်းမှာလည်း အကျယ်အဝန်း စတု ရန်းမီတာ ၉သောင်းခွဲအထိ ရှိနေခဲ့တာလည်းဖြစ်ပါတယ်။ မြို့တွင်းမြေနေရာ အရောင်းများ တိုးတက်လာရုံသာမက မြို့ပြင်ဇုန်နေရာတွေကမြေနေရာအ ရောင်းနှုန်းကလည်း ပြီးခဲ့တဲ့နှစ်တွေကထက် ၂၀၁၄ ခုနှစ်အတွင်းပိုမိုတိုးလာ ခဲ့လည်းဖြစ်ပါတယ်။ ယခုနှစ် ၂၀၁၅ ခုနှစ် နှစ်လည်ပိုင်း အထိတော့မြို့တွင်း ဝင်ရောက်နေထိုင်မှုဦးရေက အဆောက်အအုံဆောက်လုပ်မှု အထောက် အပံ့နဲ့ပတ်သက်ပြီးတော့ ယာယီအားဖြင့်ကျဆင်းနေမယ် လို့ခန့်မှန်းထား ရပါတယ်။ သို့သော်လည်းပဲ နိုင်ငံခြားဘဏ်တွေနဲ့ လုံခြုံစိတ်ချရတဲ့ ကုမ္ပဏီ တွေ ဝင်ရောက်လာမှုတို့က နောက် ၁၂ လအတွင်းမှာ မြို့တွင်းဝင်ရောက်နေ ထိုင်မှုနှုန်းကို ၈၉ ရာခိုင်နှုန်းအထိ ထောက်ပံ့ပေးနိုင်မယ်လို့ ခန့်မှန်းရပါ တယ်။ ယင်းကြောင့် မြို့တွင်းစီးပွားရေးလုပ်ငန်းများ ပိုမိုတိုးချဲ့လုပ်ကိုင် လာနိုင်ကြမှာဖြစ်ကာ ဝင်ရောက်နေထိုင်မှုဦးရေကလည်း ၂၀၁၅ ခုနှစ်နှစ် ကုန်ပိုင်းအချိန်လောက်မှာ ၉၀
ရာခိုင်နှုန်းအထိတောင်ဖြစ်လာနိုင်ပါတယ်လို့ ခန့်မှန်းထားပါတယ်။
မြို့တော်ရဲ့ တော်ရုံမြို့နယ်နေရာတွေမှာ ရုံးခန်းအဆောက်အအုံအငှါးနှုန်း များတိုးလာ
ရန်ကုန်မြို့တွင်းမှာရှိတဲ့ ရုံးခန်းအဆောက်အအုံငှါးရမ်းနှုန်းက ၂၀၁၄ ခုနှစ် အတွင်းမှာပင်တစ်လပျမ်းမျှနှုန်း စတုရန်း ၁ မီတာကို အမေရိကန်ဒေါ်လာ 69.17 ထိ ရရှိခဲ့တာဖြစ်ကာ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်က ပမာဏ 68.75 ထက် ပိုတိုးပြီး ရရှိခဲ့တာဖြစ်ပါတယ်။ ဒီလိုမျိုးရုံးခန်းများ ငှားရမ်းနှုန်းတိုးလာခြင်းက အဓိကအနေနဲ့မြို့တွင်းက ဇုန်တွေမှာ ၂ ရာခိုင်နှုန်းတိုးစေခဲ့တာလည်းဖြစ်ပါ တယ်။ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် နှစ်ဝက်လောက်တုန်းကတော့ မြို့တွင်းနဲ့ မြို့ လည်ခေါင် အငှါးနှုန်းတွေက အရောင်းနှုန်းအေးစက်ခဲ့တဲ့အခြေအနေမှ ယင်းသို့ပြောင်းလဲသွားခဲ့ကာ အငှါးနှုန်းတွေ တိုးသွားခဲ့ပါတယ်။ တစ်နှစ် တာအမြင့်ဆုံး နှုန်းထားအနေနဲ့ မြို့တွင်းဇုန်တွေမှာ ၂၃ ရာခိုင်နှုန်းနဲ့ မြို့ပြင် ဇုန်နေရာတွေမှာ ၉ ရာခိုင်နှုန်းတို့ပဲဖြစ်ကြပါတယ်။ ယခုနှစ် ၂၀၁၅ ခုနှစ်အ တွက်မြို့တော်အနှံ့အပြား အငှါးနှုန်းတွေ ခန့်မှန်းရမယ်ဆိုရင် ဆက်လက် တိုးလာဖို့ရှိနေပြီး မြို့တော်က တော်ရုံသာမန်နေရာတွေမှာတောင် ရုံးခန်း အဆောက်အအုံငှါးရမ်းနှုန်းများက ပြီးခဲ့တဲ့ ၂ နှစ် အချိန်နှင့်ယှဉ်ကြည့်ရင် များစွာ ကွာခြားကာတိုးလာနိုင်မယ်လို့ ခန့်မှန်းရပါတယ်။ သို့ပေမယ့်လည်း မြို့တော်တွင်းမှာ ဆောက်လုပ်နေတဲ့ ရုံးခန်းအဆောက်အအုံတွေရဲ့ တည်ဆောက်မှု အဆင့်အတန်းတွေက နိုင်ငံတကာအဆင့်ကို မမီနိုင်ဘူးဆိုရင် တော့ ဆက်ပြီးတော့ အငှါးရပ်တန့်နေမယ်လို့တော့ အခိုင်အမာဆိုလို့ရပါ တယ်။
Ref: Colliers INTERNATIONAL
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသားဖော်ပြသည်။)