ပုသိမ်ကြီးမြို့ရှိ မန်းဧကရာဇ် တန်ဖိုးမျှအိမ်ရာ စီမံကိန်းအတွက် မြေကွက် ပြန်လည်ရောင်းချမည်

ပုသိမ်ကြီးမြို့ရှိ မန်းဧကရာဇ် တန်ဖိုးမျှအိမ်ရာ စီမံကိန်းအတွက် မြေကွက် ပြန်လည်ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
23 Feb 2015 9:14 am တွင် တင်ခဲ့သည်
982 ကြိမ် ကြည့်ရှု့ပြီး
ပုသိမ်ကြီးမြို့နယ်တွင် အကောင်အထည်ဖော် တည်ဆောက်မည့် မန်းဧကရာဇ် တန်ဖိုးမျှအိမ်ရာ စီမံကိန်းအတွက် မြေကွက်ရောင်းချမှုကို သုံးလကြာရပ်နားထားရာမှ ယခုလဆန်းမှ စတင်ကာ ပြန်လည် ရောင်းချ တော့မည်ဖြစ်ကြောင်း သန္တိသစ္စာ ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလမှ စတင်ကာ ယင်းစီမံကိန်းအတွင်း မြေကွက်ဝယ်ယူမှု မြင့်မားလွန်းသည့်အတွက် အရောင်းရပ်နားထားခဲ့ရာ ယခုအခါ ပြန်လည်ရောင်းချတော့မည်ဖြစ်ပြီး ဈေးနှုန်းအပြောင်းအလဲ ရှိလာမည်ဟု ဆိုသည်။

”ထပ်ဖြည့်ပေးမယ့် Facility (အသုံးအဆောင်) တွေများလာလို့ ဈေးနှုန်းတော့ အပြောင်းအလဲဖြစ်သွားမယ်။ ဒါပေမဲ့ ကြီးကြီးမားမား ပမာဏတော့ မဟုတ်ပါဘူး” ဟု ၎င်းက ဆိုသည်။

မူလက ပေ ၄ဝx၆ဝ မြေကွက်တစ်ကွက် လျှင်ငွေကျပ် သိန်း ၃ဝဝ ကျော်သတ်မှတ်ထားကာ အရစ်ကျစနစ်ဖြင့် လည်းကောင်း၊ လက်ငင်းစနစ်ဖြင့် လည်းကောင်း ရောင်းချပေးမည်ဖြစ်ပြီး ၄င်းတို့သတ်မှတ်ထားသည့် ဒီဇိုင်းများထဲမှ ဆောက်လုပ်ရမည်ဟု သတ်မှတ်ထားသော်လည်း ယခုအခါ လိုအပ်ချက်များ ဖြည့်စွက်ပေးရ မည့်အတွက် ဈေးနှုန်းတက်ရခြင်းဖြစ်သည်ဟု ဆိုသည်။

ယင်းအိမ်ရာသည် မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်အတွင်းတွင် တည်ရှိပြီး မန္တလေး-မိုးကုတ်လမ်း အထွက် တွင် ရှိသည်။ မြေ ဧက ၆၅ ဧကပေါ်တွင် အများပြည်သူ အိမ်ရာမြေအလွယ်တကူ ဝယ်ယူနိုင်ရန် ရည်ရွယ်ချက်ဖြင့် အစိုးရအဖွဲ့ထံ တင်ပြချက် တောင်းခံကာ ဆောက်လုပ်ခဲ့ပြီး စီမံကိန်းကာလကို သုံးနှစ်သတ်မှတ် ထားသည်။

ကနဦးအနေဖြင့် မြေကွက် ၁၅ဝ ခန့်သာ ရောင်းချရန် လျာထားခဲ့သော်လည်း စက်တင်ဘာမှ အောက်တိုဘာလအထိ အကွက် ၃၅ဝ နီးပါးရောင်းချပြီးဖြစ်သည်ဟု ၎င်းကုမ္ပဏီမှ သိရသည်။

ယင်းအိမ်ရာအတွင်း မြေကွက်ပေါင်း ၄၅ဝ ကျော် တွင် ပေ ၄ဝx ၆ဝ မြေကွက် တွင် ပေ ၃ဝx၄ဝ RC နှစ်ထပ်တိုက် အဆောက်အအုံများ ဆောက်လုပ်သွားမည်ဖြစ်ပြီး မြေကွက်ဝယ်ယူသူများသည် စီမံကိန်း သုံးနှစ်အတွင်း ကုမ္ပဏီက သတ်မှတ်ပေးထားသည့် အဆောက်အအုံ ဒီဇိုင်းများဖြင့် အပြီးဆောက်လုပ်ရ မည်ဟု ဆိုသည်။

၎င်းအိမ်ရာ ဆောက်လုပ်ရန်အတွက် ဂျပန်နိုင်ငံမှ ဒီဇိုင်းကုမ္ပဏီမှ ဒီဇိုင်းများကို အသုံးပြုသွားမည်ဖြစ်ပြီး ၂၄ နာရီ အသုံးပြုနိုင်မည့် ရေသန့်စနစ်၊ လျှပ်စစ်မီးစနစ်၊ လုံခြုံရေးစနစ်နှင့် သန့်ရှင်းရေးဝန်ဆောင်မှု၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဟိုတယ်၊ စူပါမားကက်စသည့် အခြေခံ အဆောက်အအုံများ ပါဝင်မည်ဟုဆိုသည် ။ အိမ်ရာအကွက်များကို အရစ်ကျစနစ်ဖြင့် ရောင်းချမည်ဖြစ်ပြီး ၃၆ လ အရစ်ကျဖြင့် ပေးချေရမည်ဖြစ်သည်။ ယင်းအိမ်ရာအတွင်း ဆေးရုံ၊ ဟိုတယ်လုပ်ကိုင် လိုသူများအနေဖြင့် လာရောက်ညှိနှိုင်း ဆောင်ရွက်နိုင် သည်ဟု ဆိုသည်။

Credit: Mizzima

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ

ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ

ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား

ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...

အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...

ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား

အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေ

ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service