ရန်ကုန်မြို့သစ်စီမံကိန်းအ ကောင်အထည်ဖော်ဆောင်ရွက်ရန် မှော်ဘီမြို့ရှိ မြေနေရာများပေါ်တွင် အကောင်အထည်ဖော်ရန် စီစဉ်ဆောင် ရွက်လျက် ရှိကြောင်း ရန်ကုန်တိုင်းဒေ သကြီးလွှတ်တော်
အသိုင်းအဝိုင်းမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့အနေနဲ့ကတော့ မြို့သစ်စီမံကိန်း ကို အကောင်အထည်ဖော်ဖို့ မှော်ဘီ မြို့ကို ရွေးချယ်ထားတယ်။
အရင်က လှိုင်သာယာ၊ တွံတေး၊ ဒလ၊ ကြည့် မြင်တိုင်တစ်ဖက်ကမ်း စတဲ့မြို့နယ် တွေကိုရွေးချယ်ခဲ့တယ်။ အဲဒီဘက် မှာအကောင်အထည်ဖော်မယ်ဆိုရင် လယ်ယာမြေများစွာပျက်စီးနိုင်တယ်။
အဲဒါကြောင့် မှော်ဘီဘက်မှာ အကောင် အထည်ဖော်ဆောင်ရွက်မယ်။ လာ မယ့်တိုင်းဒေသကြီးလွှတ်တော်မှာလဲ မြို့သစ်နဲ့ပတ်သက်တဲ့သဘောထား ကို လွှတ်တော်ကိုယ်စားလှယ်ထံက နေ သဘောထားတောင်းခံသွားမှာ ပါ''ဟု လွှတ်တော်အဆင့်မြှင့်အရာရှိ တစ်ဦးက ပြောသည်။
အလားတူ ရန်ကုန်တိုင်းဝန်ကြီး ချုပ်ခွင့်ပြုချက်ဖြင့် ရန်ကုန်မြို့သစ်စီမံ ကိန်းအကောင်အထည်ဖော်ဆောင် ရွက်ရန် ၎င်းနှင့်နီးစပ်သော မြန်မာ စေတနာမြို့သစ်အများပိုင်ကုမ္ပဏီကိုပွင့်လင်းမြင်သာမှုမရှိဘဲ လုပ်ကိုင် ဆောင်ရွက်ခွင့်ပေးခဲ့သော သာဓက များလည်း ဖြစ်ပေါ်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်း က ''ကျွန်မတို့ကတော့ ပြည်သူကို အ ကျိုးပြုမယ့်စီမံကိန်းတွေဆိုရင်တော့ ကန့်ကွက်ဖို့မရှိပါဘူး။ သူတို့တွေက ပြည်သူတွေအကျိုးထက် သူတို့အကျိုး ကို ရှေ့တန်းတင်နေကြတာများတယ်။အစိုးရအဖွဲ့ရဲ့လက်ကျန်သက်တမ်း ကိုးလလောက်မှ စီမံကိန်းထပ်မံဖော် ဆောင်မယ်ဆိုတာ စိတ်ဝင်စားစရာ ပါ''ဟုပြောသည်။
အလားတူ တိုင်းဒေသကြီးအစိုး ရအဖွဲ့နှင့်နီးစပ်သူတစ်ဦးက ''အရင် တစ်ခါစီမံကိန်း အကောင်အထည်ဖော် တာ တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့သ ဘောနဲ့ ဆောင်ရွက်ခဲ့တာ။ အခု အ ကောင်အထည်ဖော်မှာကတော့ တပ် မြေပေါ်မှာလဲဖြစ်နိုင်သလို တောင်သူ ပိုင်မြေပေါ်မှာလဲဖြစ်နိုင်တယ်ဟု''ပြော သည်။
Credit : The Yangon Times