၂၀၁၅ အတွင်း ထားဝယ် အထူးစီးပွားရေးဇုန်တွင် ဆောက်လုပ်ရေး လုပ်ငန်းများ စတင်နိုင်ရန် မျှော်မှန်း

၂၀၁၅ အတွင်း ထားဝယ် အထူးစီးပွားရေးဇုန်တွင် ဆောက်လုပ်ရေး လုပ်ငန်းများ စတင်နိုင်ရန် မျှော်မှန်း - Property News in Myanmar from iMyanmarHouse.com
5 Feb 2015 9:47 am တွင် တင်ခဲ့သည်
2670 ကြိမ် ကြည့်ရှု့ပြီး
၂၀၁၅ ခုနှစ်အတွင်း ထားဝယ် အထူးစီးပွားရေးဇုန်တွင် ကနေဦးအဆင့် လုပ်ငန်းများဖြစ်သည့် ဆောက်လုပ်ရေး လုပ်ငန်းများကို စတင် အကောင်အထည်ဖော်သွားနိုင်ရန် မျှော်မှန်းထားသည်ဟု မြန်မာ-ထိုင်း နှစ်နိုင်ငံ ပူးတွဲသတင်းထုတ်ပြန်ခဲ့သည်။
ထားဝယ် အထူးစီးပွားရေးဇုန်ဆိုင်ရာ အဆင့်မြင့် ကော်မတီအစည်းအဝေးကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဇန်န၀ါရီ ၃၀ ရက်၌ ကျင်းပခဲ့ပြီး မြန်မာနိုင်ငံ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်တို့ ဦးဆောင်ကျင်းပခဲ့ခြင်း ဖြစ်သည်။

၂၀၁၅ ခုနှစ်အတွင်း ထားဝယ် အထူးစီးပွားရေးဇုန်တွင် ၂၇ စတုရန်းကီလိုမီတာ အကျယ်အ၀န်းရှိမည့် စက်မှုကုန်ထုတ်လုပ်မှု ရပ်ကွက်၊ ထားဝယ်အထူး စီးပွားရေးဇုန်နှင့် ထိုင်းနိုင်ငံအကြား နှစ်လမ်းသွားကားလမ်း၊ အလုပ်သမားများ နေထိုင်ရန် မြို့နယ်၊ LNG ဓာတ်ငွေ့ တင်ပို့ရေးဆိပ်ကမ်း၊ လျှစ်စစ်ဓာတ်အားပေး စက်ရုံ၊ ဆိပ်ကမ်းငယ်နှင့် ရေလှောင်ဆည် စသည့် တည်ဆောက်ရေးလုပ်ငန်းများကို စတင်အကောင်အထည်ဖော်သွားမည် ဖြစ်သည်။
ထားဝယ် အထူးစီးပွားရေးဇုန်ကို မြန်မာ-ထိုင်းနယ်စပ်နှင့် ဆက်သွယ်ပေးမည့် နှစ်လမ်းသွားကားလမ်း ဖောက်လုပ်ရေးအတွက် ထိုင်းအစိုးရသည် မြန်မာနိုင်ငံသို့ ဘဏ္ဍာငွေ အကူအညီပေးရန် ကမ်းလှမ်းသွားမည် ဖြစ်သည်။

အဆိုပါ အစည်းအဝေး ကာလအတွင်း မြန်မာ-ထိုင်း-ဂျပန် သုံးနိုင်ငံ အစည်းအဝေး တစ်ရပ်ကိုလည်း ကျင်းပခဲ့ပြီး ထားဝယ် အထူးစီးပွားရေးဇုန် ထူထောင်ရေးအတွက် ဘဏ္ဍာရေးနှင့် နည်းပညာဆိုင်ရာ အကူအညီများကို ဂျပန်နိုင်ငံမှ ပေးရန် ကမ်းလှမ်းခဲ့သည်။
ကနေဦးအဆင့် လုပ်ငန်းများဖြစ်သည့် အခြေခံအဆောက်အအုံများ အကောင်အထည်ဖော်ရေးအတွက် သက်သာခွင့်ပေးရေး သဘောတူညီချက်များနှင့် ပက်သက်ပြီး ထိုင်းလုပ်ငန်းစုတစ်ခုနှင့် လောလောဆယ် သီးခြားဆွေးနွေးမှုများ ပြုလုပ်နေသည်။

ထားဝယ် အထူးစီးပွားရေးဇုန်အတွက် ကာလရှည်မဟာ စီမံကိန်းတစ်ရပ်ကို ထိုင်းနိုင်ငံမှ အိမ်နီးချင်း နိုင်ငံများ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်မှု အေဂျင်စီ၏ ပံ့ပိုးမှုဖြင့် ဆောင်ရွက်လျက်ရှိပြီး အခြေခံအဆောက်အအုံ စီမံကိန်းများ အကောင်အထည်ဖော်ခြင်း အပါအဝင် ဆောင်ရွက်ဆဲ စက်မှုဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းကိုလည်း မြှင့်တင်သွားမည်ဖြစ်သည်။

ထားဝယ် အထူးစီးပွားရေးဇုန်သည် အာဆီယံဒေသတစ်ခုလုံး၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုမြင့်တင်နိုင်ရေးအတွက် မဟာဗျုဟာကျသည့် ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းကြီးဖြစ်ပြီး စတုရန်းကီလိုမီတာ ၁၉၆ အကျယ်အဝန်းရှိသည့် စီမံကိန်းဖြစ်သည်။

Credit: mizzimaburmese

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service