အခြေခံလူတန်းစားနှင့် လူလတ်တန်းစားများ အတွက် အစိုးရပိုင်မြေနေရာများ ဖော်ထုတ်ပြီး မြို့ကွက်သစ်များ တိုးချဲ့ဆောင်ရွက်လျက်ရှိဟုဆို

အခြေခံလူတန်းစားနှင့် လူလတ်တန်းစားများ အတွက် အစိုးရပိုင်မြေနေရာများ ဖော်ထုတ်ပြီး မြို့ကွက်သစ်များ တိုးချဲ့ဆောင်ရွက်လျက်ရှိဟုဆို - Property News in Myanmar from iMyanmarHouse.com
5 Feb 2015 9:33 am တွင် တင်ခဲ့သည်
1203 ကြိမ် ကြည့်ရှု့ပြီး
အခြေခံလူတန်းစားနှင့် လူလတ်တန်းစား ဝင်ငွေအသင့်အတင့် ရှိသူများအတွက် ရည်ရွယ်ပြီး အစိုးရပိုင်မြေနေရာများဖော် ထုတ်ပြီး မြို့ကွက်သစ်များတိုးချဲ့ဖော် ထုတ်ခြင်း စီမံကိန်းကို ရေးဆွဲ ဆောင်ရွက်လျက်ရှိပါကြောင်း
ဆောက်လုပ်ရေး ဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစိုးတင့် မှ ပြောကြားခဲ့သည်။

ယနေ့ပြုလုပ်သောပြည်သူ့လွှတ် တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်း အဝေးဒသမနေ့တွင် ရွှေပြည်သာ မဲဆန္ဒနယ် ကိုယ်စားလှယ် ဦးတင် မောင်ဦးက နှစ်ပေါင်း(၂၅)နှစ်ကျော် ကြာမြင့်ခဲ့သည့် မြို့သစ်များတွင် ကွန်ကရစ်လမ်းခင်းပေးရန်နှင့် အခြေ ခံလူတန်းစားနှင့် အလတ်တန်းစားများ အတွက် မြို့သစ်များဖော်ပေးရန် အစီအစဉ်ရှိ၊ မရှိနှင့်စပ်လျဉ်းသည့်မေးမြန်း မှုအပေါ် ယင်းသို့ဖြေကြားခြင်း ဖြစ်သည်။

အိမ်ငှားရမ်းနေထိုင်ရသော ပြည်သူများ၊ ကျူးကျော်တဲအိမ်ဖြင့်နေထိုင် ရသောအခြေခံလူတန်းစားနှင့် လူလတ်တန်းစား ဝင်ငွေအသင့်အတင့်ရှိသူ များ နေထိုင်မှုအဆင်ပြေစေရန်ရည်ရွယ် ၍ အစိုးရပိုင်မြေနေရာများရှာဖွေပြီး မြို့ကွက်သစ်များတိုးချဲ့ဖော်ထုတ်ခြင်း စီမံကိန်းကို National Housing Policy နှင့် Urban Development Policy ရေးဆွဲဆောင်ရွက်လျက်ရှိပြီး သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည် နယ်အစိုးရများနှင့် ညှိနှိုင်းပြီး ပြည်ထာင် စုအစိုးရအနေနှင့် အိမ်ခန်းများ ဖော်ထုတ်လျက်ရှိရာဖော်ထုတ်ခဲ့ပြီးသော အိမ်ခန်းအရေအတွက်၂၀၆၄၂ ခန်းနှင့် ဆက်လက်ဖော်ထုတ်မည့် အိမ်ခန်းအရေအတွက် ၃၈၀၄၁ ခန်း၊ စုစုပေါင်း ၅၈၆၈၃ ခန်းဆောင် ရွက်ထားရှိကြောင်း ဒုတိယဝန်ကြီးမှ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီးဒုတိယဝန်ကြီးက မြို့သစ်စီမံကိန်းများနှင့်ပတ်သက်ပြီး မြို့သစ်စီမံကိန်းများ ဆောင်ရွက်နိုင် ရန် ပြည်သူကိုဗဟိုပြုသောနည်းစနစ် အရ ပြည်သူကိုယ်စားပြုသောရပ်ကွက်၊ မြို့နယ်အဆင့်ဖွံ့ဖြိုးရေးအထောက် အကူပြုကော်မတီများနှင့် စတင်ညှိနှိုင်းဆွေးနွေးသဘောတူညီ ချက်ရယူပြီး လွှတ်တော်ကိုယ်စားလှယ်၊ မြေယာကော်မတီများနှင့် ညှိနှိုင်း ဆောင်ရွက်ရန် မူဝါဒများချမှတ်ထား ပြီးဖြစ်ပါတယ်ဟု ပြောကြားခဲ့သည်။

ယင်းအပြင် ၂၅ နှစ်ကျော်ကြာ မြင့်ခဲ့သည့် ရွှေပြည်သာမြို့သစ်ကဲ့သို့ မြို့သစ်များတွင် မြို့တွင်းလူသွားလမ်း များ ကွန်ကရစ်မခင်းနိုင်ခြင်းနှင့်ပတ် သက်ပြီး ဒုတိယဝန်ကြီးမှ ရန်ကုန် တိုင်းဒေသကြီးတွင် ရွှေပြည်သာမြို့ သစ်အပါအဝင် နှစ်ပေါင်းကြာမြင့် လာပြီဖြစ်သော မြို့သစ်များတွင် မြို့တွင်းလူသွားလမ်းများကို မူလဂဝံ လမ်းအဆင့်မှ ကွန်ကရစ်ခင်းလမ်းအ ဆင့်သို့ တိုးမြှင့်ဆောင်ရွက်ပေးရန် ပြည်ထောင်စုအစိုးရ၏ခွင့်ပြုငွေဖြင့် လည်းကောင်း၊ တိုင်းဒေသကြီးအစိုးရ ၏ ခွင့်ပြုငွေဖြင့်လည်းကောင်း၊ မြို့ ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန၏ အိမ်ရာစီမံကိန်းများနှင့်ဆက်စပ်၍လည်းကောင်း၊ ရပ်ကွက်နေပြည်သူ များထည့်ဝင်ငွေဖြင့်လည်းကောင်း၊ ဆောင်ရွက်လျက် ရှိပြီး ရွှေပြည်သာမြို့ နယ်အတွင်း ၂၀၁၁-၂၀၁၂ဘဏ္ဍာ နှစ်မှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အထိ စုစုပေါင်းရပ်ကွက်အတွင်း လမ်းပေါင်း ၁၅၀ အား ဆောင် ရွက်ပေးခဲ့ပြီး ဖြစ် ပါကြောင်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာ နှစ်တွင်လည်း ရပ်ကွက်အတွင်းလမ်း ၈၂ လမ်းအား ကွန်ကရစ်လမ်းဆောင်ရွက်ပေးရန် လျာထားပြီးဖြစ်ပါကြောင်း ထည့်သွင်းဖြေကြားခဲ့သည်။

Credit: democracytoday

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service